အငြိမ်းစား၀န်ထမ်းတွေ နေထိုင်တဲ့ စံနန်းတော်တိုက်ခန်းတွေကို အပြီးဖယ်ရှားမယ့်အတွက် တိုက်ခန်းနေသူတွေက ရှင်းလင်းပွဲပြုလုပ်

မန္တလေး၊ ဇန်နဝါရီ ၂၄-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄လမ်း ၆၄လမ်းနဲ့ ၆၆လမ်းကြားက ဌာနဆိုင်ရာအငြိမ်းစားတွေနေထိုင်နေတဲ့ စံနန်းတော်တိုက်ခန်းကို လူမူဖူလုံရေးဦးစီးဌာနက ခွင့်မပြုဘဲနေထိုင်တယ်လို့ဆိုကာ ဇန်နဝါရီ(၂၅)ရက်နေ့မှာ အပြီးဖယ်ရှားခိုင်းနေတဲ့အတွက် ဒီကနေနေ့လည်ပိုင်းက အဲ့ဒီတိုက်ခန်းမှာနေထိုင်သူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

၁၉၉၉ခုနှစ်ကတည်းက တရား၀င်စာချုပ်စာတမ်းနဲ့ နေထိုင်လာခဲ့ပြီး အဲ့ဒီတိုက်ခန်းမှာ လက်ရှိနေထိုင်သူတွေကလည်း တပ်မတော်အရာရှိအငြိမ်းစားများ၊ ကျန်းမာရေး၀န်ထမ်းအငြိမ်းစားများ၊ ရဲတပ်ဖွဲ့၀င်အငြိမ်းစားများ၊ ညွန်ကြားရေးမှူးအငြိမ်းစားတွေ နေထိုင်နေတာဖြစ်ပါတယ်။

လက်ရှိ အိမ်ထောင်စု (၃၀)ကျော် ၊ တိုက်ခန်း(၄၅)ခန်း ၊ လူဦးရေး (၁၀၀)ကျော်နေထိုင်နေတာလည်း ဖြစ်ပါတယ်။

၂၀၁၉ခုနှစ် နို၀င်ဘာလကလည်း သူတို့နေထိုင်တာကို ဖယ်ရှားပေးဖို့ အကြောင်းကြားစာပို့လာပို့တယ်လို့ သိရပြီး ဒီကနေမနက်ပိုင်းကလည်း ညနေ(၆)နာရီ အပြီးဖယ်ရှားကာ ဇန်နဝါရီ(၂၅)ရက်နေ့မှာ ဖယ်ရှားရှင်းလင်းမယ်လို့ သက်ဆိုင်ရာက အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိနေထိုင်သူတွေကို ဖယ်ရှားရင်လည်း အင်အားသုံးဖယ်ရှားခြင်း မပြုလုပ်ဖို့ မန္တလေးတိုင်း၀န်ကြီးချုပ်က တရား၀င်ညွန်ကြားထားတယ်လို့ တိုက်ခန်းနေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာတော့ တိုက်ခန်းနေသူအချို့ဟာ ‌နေအိမ်အတွင်းက ပစ္စည်းတွေကို ပြောင်းရွှေ့နေကြပြီး တချို့ကတော့ ပိုက်ဆံနဲ့ပေး၀ယ်ထားရတဲ့အတွက် ဖယ်မပေးနိုင်ဘူးလို့ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။

#VOM #voiceofmyanmar #မန္တလေး #စံနန်းတော်တိုက်ခန်း #ဖယ်ရှားမယ်

Zawgyi

အၿငိမ္းစား၀န္ထမ္းေတြ ေနထိုင္တဲ့ စံနန္းေတာ္တိုက္ခန္းေတြကို အၿပီးဖယ္ရွားမယ့္အတြက္ တိုက္ခန္းေနသူေတြက ရွင္းလင္းပြဲျပဳလုပ္

မႏၲေလး၊ ဇန္နဝါရီ ၂၄-၂၀၂၀
လင္းခိုင္(VOM)

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေဒါနဘြားရပ္ကြက္၊ ၁၄လမ္း ၆၄လမ္းနဲ႔ ၆၆လမ္းၾကားက ဌာနဆိုင္ရာအၿငိမ္းစားေတြေနထိုင္ေနတဲ့ စံနန္းေတာ္တိုက္ခန္းကို လူမူဖူလုံေရးဦးစီးဌာနက ခြင့္မျပဳဘဲေနထိုင္တယ္လို႔ဆိုကာ ဇန္နဝါရီ(၂၅)ရက္ေန႔မွာ အၿပီးဖယ္ရွားခိုင္းေနတဲ့အတြက္ ဒီကေနေန႔လည္ပိုင္းက အဲ့ဒီတိုက္ခန္းမွာေနထိုင္သူေတြက သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ပါတယ္။

၁၉၉၉ခုႏွစ္ကတည္းက တရား၀င္စာခ်ဳပ္စာတမ္းနဲ႔ ေနထိုင္လာခဲ့ၿပီး အဲ့ဒီတိုက္ခန္းမွာ လက္ရွိေနထိုင္သူေတြကလည္း တပ္မေတာ္အရာရွိအၿငိမ္းစားမ်ား၊ က်န္းမာေရး၀န္ထမ္းအၿငိမ္းစားမ်ား၊ ရဲတပ္ဖြဲ႕၀င္အၿငိမ္းစားမ်ား၊ ၫြန္ၾကားေရးမႉးအၿငိမ္းစားေတြ ေနထိုင္ေနတာျဖစ္ပါတယ္။

လက္ရွိ အိမ္ေထာင္စု (၃၀)ေက်ာ္ ၊ တိုက္ခန္း(၄၅)ခန္း ၊ လူဦးေရး (၁၀၀)ေက်ာ္ေနထိုင္ေနတာလည္း ျဖစ္ပါတယ္။

၂၀၁၉ခုႏွစ္ ႏို၀င္ဘာလကလည္း သူတို႔ေနထိုင္တာကို ဖယ္ရွားေပးဖို႔ အေၾကာင္းၾကားစာပို႔လာပို႔တယ္လို႔ သိရၿပီး ဒီကေနမနက္ပိုင္းကလည္း ညေန(၆)နာရီ အၿပီးဖယ္ရွားကာ ဇန္နဝါရီ(၂၅)ရက္ေန႔မွာ ဖယ္ရွားရွင္းလင္းမယ္လို႔ သက္ဆိုင္ရာက အေၾကာင္းၾကားစာေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိေနထိုင္သူေတြကို ဖယ္ရွားရင္လည္း အင္အားသုံးဖယ္ရွားျခင္း မျပဳလုပ္ဖို႔ မႏၲေလးတိုင္း၀န္ႀကီးခ်ဳပ္က တရား၀င္ၫြန္ၾကားထားတယ္လို႔ တိုက္ခန္းေနထိုင္သူေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

လက္ရွိမွာေတာ့ တိုက္ခန္းေနသူအခ်ိဳ႕ဟာ ‌ေနအိမ္အတြင္းက ပစၥည္းေတြကို ေျပာင္းေ႐ႊ႕ေနၾကၿပီး တခ်ိဳ႕ကေတာ့ ပိုက္ဆံနဲ႔ေပး၀ယ္ထားရတဲ့အတြက္ ဖယ္မေပးႏိုင္ဘူးလို႔ေျပာဆိုေနတာေတြလည္း ရွိေနပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #စံနန္းေတာ္တိုက္ခန္း #ဖယ္ရွားမယ္

Related posts

Leave a Comment

VOM News

FREE
VIEW