အလုပ်သမားတွေ မတရားအလုပ်ထုတ်ခံနေရတာကို ဖြေရှင်းပေးဖို့ စက်ရုံလေးခုက အလုပ်သမားတွေဆန္ဒပြ

ရန်ကုန်၊ဇန်နဝါရီ ၂၇ – ၂၀၂၀
သိင်္ဂီ (VOM)

လုပ်ငန်းခွင်မှာဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ မတရားအလုပ်ထုတ်ခံနေရမှုတွေကို အစိုးရအနေနဲ့ဖြေရှင်းပေးဖို့ စက်ရုံလေးခုက အလုပ်သမားတွေဟာ ဒီကနေ့ုမနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားဥပဒေချိုးဖောက်တဲ့အလုပ်ရှင်ကို ဆန္ဒပြတောင်းဆိုတဲ့အတွက် အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ အလုပ်ထုတ်ခံရခြင်း၊ အလုပ်သမားနစ်နာမှုတွေကို တင်ပြခြင်းမပြုလုပ်ရဲအောင် တရားစွဲဆိုခြင်းအပါအဝင် အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အခက်အခဲတွေကို အစိုးရကသိရှိဖို့ လာရောက်ဆန္ဒပြတာဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲကို Hunter Myanmarကုမ္ပဏီက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကနေ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး Hunter Myanmar ၊Gust Myanmar ၊ Thong Thai Textile နဲ့ Myanmar Nissenken စက်ရုံလေးခုက အလုပ်သမားတစ်ရာကျော်ကနေ တောင်းဆိုချက်(၁၀)ချက်နဲ့ တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #စက်ရုံလေးခု #အလုပ်သမားဆန္ဒပြ

Zawgyi

အလုပ္သမားေတြ မတရားအလုပ္ထုတ္ခံေနရတာကို ေျဖ႐ွင္းေပးဖို႔ စက္႐ုံေလးခုက အလုပ္သမားေတြဆႏၵျပ

ရန္ကုန္၊ဇန္နဝါရီ ၂၇ – ၂၀၂၀
သိဂႌ (VOM)

လုပ္ငန္းခြင္မွာျဖစ္ေပၚေနတဲ့ အခက္အခဲေတြ၊ မတရားအလုပ္ထုတ္ခံေနရမွုေတြကို အစိုးရအေနနဲ႔ေျဖ႐ွင္းေပးဖို႔ စက္႐ုံေလးခုက အလုပ္သမားေတြဟာ ဒီကေန႔ုမနက္ပိုင္းက ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေ႐ွ႕မွာ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

အလုပ္သမားဥပေဒခ်ိဳးေဖာက္တဲ့အလုပ္႐ွင္ကို ဆႏၵျပေတာင္းဆိုတဲ့အတြက္ အလုပ္သမားသမဂၢေခါင္းေဆာင္ေတြ အလုပ္ထုတ္ခံရျခင္း၊ အလုပ္သမားနစ္နာမွုေတြကို တင္ျပျခင္းမျပဳလုပ္ရဲေအာင္ တရားစြဲဆိုျခင္းအပါအဝင္ အလုပ္သမားေတြရဲ့ လုပ္ငန္းခြင္အခက္အခဲေတြကို အစိုးရကသိရွိဖို႔ လာေရာက္ဆႏၵျပတာျဖစ္တယ္လုိ႔ သိရပါတယ္။

ဆႏၵျပပြဲကို Hunter Myanmarကုမၸဏီက အလုပ္ထုတ္ခံရတဲ့ အလုပ္သမားေခါင္းေဆာင္ေတြကေန ဦးေဆာင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး Hunter Myanmar ၊Gust Myanmar ၊ Thong Thai Textile နဲ႔ Myanmar Nissenken စက္႐ုံေလးခုက အလုပ္သမားတစ္ရာေက်ာ္ကေန ေတာင္းဆိုခ်က္(၁၀)ခ်က္နဲ႔ ေတာင္းဆိုဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #စက္ရံုေလးခု #အလုပ္သမားဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW