တရားလွှတ်တော်ရှေ့နေကိုယ်တိုင် တရားရုံးရှေ့မှာ ဆန္ဒပြ

ရန်ကုန် ၊ဇန်နဝါရီ ၂၈-၂၀၂၀ သိင်္ဂီ(VOM)

တရားလွှတ်တော်ရှေ့နေဒေါ်စန်းစန်းမြင့်ဆိုသူဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်နိုဝင်ဘာလ ၂၉ ရက်နေ့ညနေပိုင်းက လှိုင်မြို့နယ်တရားရုံးရဲ့ပုရဝုဏ်အတွင်းမှာ အမျိုးသမီးအတချို့ရဲ့ ရိုက်နှက်မှုကိုခံခဲ့ရတဲ့အပြင် တရားစွဲဆိုမှုခံထားရတဲ့အတွက် လှိုင်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး တရားလွှတ်တော်ရှေ့နေ့ ဒေါ်စန်းစန်းမြင့်နဲ့အတူ အမှုရင်ဆိုင်နေတဲ့ အမှုသည်တွေက ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက လှိုင်မြို့နယ်တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

တရားရုံးအသီးသီးမှာ မတရားအမှုရင်ဆိုင်နေရတဲ့ အမှုသည်တွေအတွက် အမှန်တရားပေါ်ပေါက်အောင် အဓိကတာဝန်ရှိတဲ့ ရဲစခန်း ၊ ဥပဒေရုံး ၊တရားရုံးနဲ့ ဥပဒေပညာရှင်တွေကမှ လုပ်ဆောင်မပေးဘူး ၊ အဂတိလိုက်စားပြီး ငွေနောက်လိုက်နေမယ်ဆိုရင် ပြည်သူတွေ နစ်နာသထက် ပိုနစ်နာရမှာဖြစ်တဲ့အတွက် ခုလိုဆန္ဒပြရတာဖြစ်တယ်လို့ သိရပါတယ်။

ရှေ့နေတွေအနေနဲ့လည်း အမှုလိုက်တဲ့အခါ အမှန်တရားကိုပဲလိုက်ကြဖို့ ၊ပိုက်ဆံရရင်ပြီးရော ငွေရေးကြေးရေးကိုဦးစားပေးပြီး မှားမှန်းသိရဲ့သားနဲ့ လိုက်တာတွေ ၊ မဟုတ်မှန်းသိရက်နဲ့ လည်းလိုက်နေမယ်ဆိုရင်တော့ ပြည်သူတွေနစ်သထက်နစ်ဖို့သာရှိကြောင်း၊ ဥပဒေကိုနားလည်တဲ့ လေးဦးလေးဖလှယ် ရဲစခန်း ၊ ဥပဒေရုံး ၊တရားရုံးနဲ့ ဥပဒေပညာရှင်တွေ မှာတာဝန်ရှိတယ်လို့ ဆန္ဒပြရာမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကလည်း အမှုပြန်လည်ဖွင့်လှစ်ထားတယ်လို့ သိရပြီး လတ်တလောမှာ အပြန်အလှန် တရားစွဲဆိုထားတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #တရားလွှတ်တော်ရှေ့နေ #ဆန္ဒပြ

Zawgyi

တရားလႊတ္ေတာ္ေရွ႕ေနကိုယ္တိုင္ တရားရံုးေရွ႕မွာ ဆႏၵျပ

ရန္ကုန္ ၊ဇန္နဝါရီ ၂၈-၂၀၂၀ သိဂႌ(VOM)

တရားလႊတ္ေတာ္ေရွ႕ေနေဒၚစန္းစန္းျမင့္ဆိုသူဟာ လြန္ခဲ့တဲ့ ၂၀၁၉ ခုႏွစ္ႏို၀င္ဘာလ ၂၉ ရက္ေန႔ညေနပိုင္းက လိႈင္ၿမိဳ႕နယ္တရားရုံးရဲ႕ပုရ၀ုဏ္အတြင္းမွာ အမ်ိဳးသမီးအတခ်ိဳ႕ရဲ့ ရုိက္ႏွက္မႈကိုခံခဲ့ရတဲ့အျပင္ တရားစြဲဆိုမႈခံထားရတဲ့အတြက္ လိႈင္ၿမိဳ႕နယ္တရားရုံးမွာ အမႈရင္ဆုိင္ေနရတယ္လုိ႔ သိရပါတယ္။

အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး တရားလႊတ္ေတာ္ေရွ႕ေန႔ ေဒၚစန္းစန္းျမင့္နဲ႔အတူ အမႈရင္ဆုိင္ေနတဲ့ အမႈသည္ေတြက ဒီကေန႔ ဇန္န၀ါရီလ ၂၈ ရက္ေန႔ ေန႔လည္ပုိင္းက လိႈင္ၿမိဳ႕နယ္တရားရုံးေရွ႕မွာ ဆႏၵျပေတာင္းဆိုမႈတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။

တရားရုံးအသီးသီးမွာ မတရားအမႈရင္ဆုိင္ေနရတဲ့ အမႈသည္ေတြအတြက္ အမွန္တရားေပၚေပါက္ေအာင္ အဓိကတာ၀န္ရွိတဲ့ ရဲစခန္း ၊ ဥပေဒရုံး ၊တရားရုံးနဲ႔ ဥပေဒပညာရွင္ေတြကမွ လုပ္ေဆာင္မေပးဘူး ၊ အဂတိလုိက္စားၿပီး ေငြေနာက္လုိက္ေနမယ္ဆုိရင္ ျပည္သူေတြ နစ္နာသထက္ ပုိနစ္နာရမွာျဖစ္တဲ့အတြက္ ခုလိုဆႏၵျပရတာျဖစ္တယ္လို႔ သိရပါတယ္။

ေရွ႕ေနေတြအေနနဲ႔လည္း အမႈလုိက္တဲ့အခါ အမွန္တရားကိုပဲလုိက္ၾကဖုိ႔ ၊ပုိက္ဆံရရင္ၿပီးေရာ ေငြေရးေႀကးေရးကိုဦးစားေပးၿပီး မွားမွန္းသိရဲ႕သားနဲ႔ လိုက္တာေတြ ၊ မဟုတ္မွန္းသိရက္နဲ႔ လည္းလုိက္ေနမယ္ဆိုရင္ေတာ့ ျပည္သူေတြနစ္သထက္နစ္ဖုိ႔သာရွိေၾကာင္း၊ ဥပေဒကိုနားလည္တဲ့ ေလးဦးေလးဖလွယ္ ရဲစခန္း ၊ ဥပေဒရုံး ၊တရားရုံးနဲ႔ ဥပေဒပညာရွင္ေတြ မွာတာ၀န္ရွိတယ္လုိ႔ ဆႏၵျပရာမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

တရားလႊတ္ေတာ္ေ႐ွ႕ေန ေဒၚစန္းစန္းျမင့္ကလည္း အမႈျပန္လည္ဖြင့္လွစ္ထားတယ္လို႔ သိရၿပီး လတ္တေလာမွာ အျပန္အလွန္ တရားစြဲဆိုထားတဲ့ အေျခအေနျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #တရားလႊတ္ေတာ္ေရွ႕ေန #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW