တရုတ်ခရီးသွား ၇၀၀၀ ကျော်အနက် တစ်ဦးကို ကျပ်ငွေ သုံးသိန်းခွဲကျော်သုံးစွဲတယ်လို့ ရန်ကုန်တိုင်းအစိုးရထုတ်ဖော်ပြောဆို ရန်ကုန်၊ ဇန်နဝါရီ ၂၈-၂၀၂၀ အောင်ထူးနိုင်(VOM) တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွားတွေအနက် ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်ကို ဝင်ရောက်ခဲ့တဲ့ ခရီးသွားဦးရေ ၃၄၄၂၆၈ ဦးအနက် ၇၃၈၅ ဦးကို စိစစ်ကြည့်ရာ တစ်ဦးကို ကျပ်ငွေ ၃၅၆၀၀၀ နှုန်း သုံးစွဲခဲ့တာ တွေ့ရတယ်လို့ ရန်ကုန်တိုင်းအစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ဒဂုံမဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစပြီး ဇီးရိုးဘတ်ဂျက် ဒေါ်လာခရီးသွား လုပ်ငန်းအစီအစဉ်နဲ့ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားသား ခရီးသွားဦးရေ မည်မျှရှိကြောင်းနဲ့ တိုင်းဒေသကြီးအတွက် အဲဒီခရီးသွားလုပ်ငန်းမှ ၂၀၁၉ ခုနှစ်အတွင်းမှ ဒီနေ့အထိ စုစုပေါင်းအခွန်အခဝင်ငွေ မည်မျှရရှိသည်ကို သိရှိလိုပါကြောင်း၊…
Read More
တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ တက္ကစီယာဉ်မောင်းဦးနေဝင်းကျဆုံးခြင်း သုံးနှစ်ပြည့်အခမ်းအနား ပြုလုပ်မယ်
ရန်ကုန်၊ ဇန်နဝါရီ ၂၈-၂၀၂၀ အောင်ထူးနိုင်(VOM) တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ တက္ကစီယာဉ်မောင်းဦးနေဝင်း ကျဆုံးခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်(မနက်ဖြန်)မှာ ပြုလုပ်သွားမယ်လို့ ကျင်းပရေးကော်မတီကနေ သိရပါတယ်။ “တရားမျှတမှုအတွက် အမှန်တရားကို ဖော်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပသွားမှာ ဖြစ်တယ်”လို့ ကျင်းပရေးကော်မတီမှ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကပြောပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့မှာဖြစ်ပြီး အစိုးရအဖွဲ့ဝန်ကြီးတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ဖိတ်ကြားထားတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။ တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ တက္ကစီယာဉ်မောင်းဦးနေဝင်းတို့ဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့က သေနတ်သမား(ဦး)ကြည်လင်းရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #ဦးကိုနီ #ဦးနေဝင်း #အောက်မေ့ဖွယ်အခမ်းအနား Zawgyi တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ တက္ကစီယာဉ်မောင်းဦးနေဝင်းကျဆုံးခြင်း သုံးနှစ်ပြည့်အခမ်းအနား ပြုလုပ်မယ် ရန်ကုန်၊…
Read More
တာလီဘန်ထိန်းချုပ်ရာဒေသမှာ အမေရိကန်စစ်လေယာဉ်တစ်စင်း ပျက်ကျ
ဘဂ္ဂဒက်၊ ဇန်နဝါရီ -၂၈-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်စစ်ဘက်လေယာဉ်တစ်စင်းဟာ အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ဇန်နဝါရီ ၂၇ ရက်နေ့က ပျက်ကျသွားခဲ့တယ်လို့ အမေရိကန်စစ်တပ်က အတည်ပြုလိုက်ပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပြီး ရန်သူရဲ့ ပစ်ခတ်မှုကြောင့် လေယာဉ်ပျက်ကျရတယ်ဆိုတဲ့ လက္ခဏာမျိုးမရှိဘူးလို့ အမေရိကန်စစ်ဘက်က ဗိုလ်မှူးကြီးဆန်နီလက်ဂတ်က ပြောပါတယ်။ အဲဒီလေယာဉ်ဟာ ဂါဇိုင်ပြည်နယ်၊ ဒေယာ့ခ်ခရိုင်အတွင်း တာလီဘန်တို့ကြီးစိုးရာဒေသမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူဘယ်နှစ်ယောက် လိုက်ပါသွားတယ်ဆိုတာ မသိရသေးပါဘူး။ နောက်ထပ်လေယာဉ်ပျက်ကျသွားတယ်လို့ တာလီဘန်တို့ဖက်က အခိုင်အမာပြောဆိုမှုကို ဗိုလ်မှူးကြီး လက်ဂတ်က ငြင်းဆိုထားပါတယ်။ သူတို့ရဲ့ လူမှုကွန်ရက်မှာတော့ အမေရိကန်လေတပ်အမှတ်အသားပါဝင်တဲ့ မီးလောင်နေတဲ့ လေယာဉ်ကိုဖော်ပြထားပါတယ်။ ရုပ်သံမှတ်တမ်းမှာ အာဖဂန်နစ္စတန်မှာ အီလက်ထရောနစ် ထောက်လှမ်းရေးအတွက် အမေရိကန်လေတပ်က အသုံးပြုတဲ့ Bombardier E-11A အမျိုးအစားလေယာဉ်တစ်စင်းကို တာလီဘန်တို့က ပြသထားတာဖြစ်ပါတယ်။ Ref : BBC Photo: AP #VOM…
Read More
တရားလွှတ်တော်ရှေ့နေကိုယ်တိုင် တရားရုံးရှေ့မှာ ဆန္ဒပြ
ရန်ကုန် ၊ဇန်နဝါရီ ၂၈-၂၀၂၀ သိင်္ဂီ(VOM) တရားလွှတ်တော်ရှေ့နေဒေါ်စန်းစန်းမြင့်ဆိုသူဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်နိုဝင်ဘာလ ၂၉ ရက်နေ့ညနေပိုင်းက လှိုင်မြို့နယ်တရားရုံးရဲ့ပုရဝုဏ်အတွင်းမှာ အမျိုးသမီးအတချို့ရဲ့ ရိုက်နှက်မှုကိုခံခဲ့ရတဲ့အပြင် တရားစွဲဆိုမှုခံထားရတဲ့အတွက် လှိုင်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး တရားလွှတ်တော်ရှေ့နေ့ ဒေါ်စန်းစန်းမြင့်နဲ့အတူ အမှုရင်ဆိုင်နေတဲ့ အမှုသည်တွေက ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက လှိုင်မြို့နယ်တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ တရားရုံးအသီးသီးမှာ မတရားအမှုရင်ဆိုင်နေရတဲ့ အမှုသည်တွေအတွက် အမှန်တရားပေါ်ပေါက်အောင် အဓိကတာဝန်ရှိတဲ့ ရဲစခန်း ၊ ဥပဒေရုံး ၊တရားရုံးနဲ့ ဥပဒေပညာရှင်တွေကမှ လုပ်ဆောင်မပေးဘူး ၊ အဂတိလိုက်စားပြီး ငွေနောက်လိုက်နေမယ်ဆိုရင် ပြည်သူတွေ နစ်နာသထက် ပိုနစ်နာရမှာဖြစ်တဲ့အတွက် ခုလိုဆန္ဒပြရတာဖြစ်တယ်လို့ သိရပါတယ်။ ရှေ့နေတွေအနေနဲ့လည်း အမှုလိုက်တဲ့အခါ အမှန်တရားကိုပဲလိုက်ကြဖို့ ၊ပိုက်ဆံရရင်ပြီးရော ငွေရေးကြေးရေးကိုဦးစားပေးပြီး မှားမှန်းသိရဲ့သားနဲ့ လိုက်တာတွေ ၊ မဟုတ်မှန်းသိရက်နဲ့ လည်းလိုက်နေမယ်ဆိုရင်တော့ ပြည်သူတွေနစ်သထက်နစ်ဖို့သာရှိကြောင်း၊ ဥပဒေကိုနားလည်တဲ့…
Read More
ရွှေစက်တော်ဘုရားပွဲလာမယ့် ဘုရားဖူးလာသူတွေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားတယ်လို့သိရ
မင်းဘူး၊ ဇန်နဝါရီ ၂၈-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ မင်းဘူးမြို့မှာ (၃)လနီးပါး ကျင်းပပြုလုပ်မယ့် ယခုနှစ်မန်းရွှေစက်တော်ဘုရားပွဲတော်ကို အရင်နှစ်တွေနဲ့မတူအောင် အကြီးစားပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ ရွှေစက်တော်ဂေါပကအဖွဲ့ကနေ သိရပါတယ်။ အထက်စက်တော်ရာနားက ကိုးခန်းကြီးဓမ္မာရုံကို ခေတ် ၃ ခေတ်က မြန်မာမှုလက်ရာတွေနဲ့ သိန်းပေါင်း ၅၆၀၀ အကုန်ကျခံကာ တမ္မဝတီအဖွဲ့နဲ့ အကြီးစားပြင်ဆင်မှုတွေပြုလုပ်နေပြီး ဖွင့်ပွဲနေ့မှာ ရေစက်ချလှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။ မန်းရွှေစက်တော်ဘုရားကို ၁၂ လရာသီ လာရောက်ဖူးမျှော်နိုင်အောင် မိုးခိုအဆောင်တွေနဲ့ ဓမ္မာရုံတွေကိုလည်း အကြီးစားပြင်ဆင်နေပြီး ဓာတ်လှေကားကတော့ ပညာရှင်တွေရဲ့ မြေတိုင်းတာမှုမပြီးသေးတဲ့အတွက် အခုနှစ်မှာတော့ မတည်ဆောက်နိုင်သေးဘူးလို့ သိရပါတယ်။ ပွဲတော်လုံခြုံရေးကို ၃၆၀ ဒီဂရီလှည့်လို့ရတဲ့ CCTV အလုံး ၅၀ ကျော်ကို ဟွာဝေးနည်းပညာနဲ့ MPT ဖုန်းဖြင့်ချိတ်ဆက်ပြီး မကွေးမြို့ရှိ တိုင်းမှုခင်းကနေ ထပ်ဆင့်ထိန်းချုပ်ကိုင်တွယ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဘုရားပွဲ လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်း လူ ၃၀ ကိုလည်း…
Read More
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝန်ထမ်းတွေရုံးမလာဘဲ နေအိမ်မှာသာအလုပ်လုပ်ကြဖို့ တရုတ်ကုမ္ပဏီတွေညွှန်ကြား
ပေကျင်း၊ ဇန်နဝါရီ-၂၈-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံက ကုမ္ပဏီတွေဟာ သူတို့ရဲ့ဝန်ထမ်းတွေကို အလုပ်ကိုမလာပဲ နေအိမ်မှာသာအလုပ်လုပ်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ဖြစ်ပွားရာဒေသကလာတဲ့ ဝန်ထမ်းတွေကို အလုပ်လာမဆင်းဖို့အပါအဝင် ဝန်ထမ်းတွေကို အားလပ်ရက်ရှည်တွေလည်း ပေးနေကြပါတယ်။ TikTok ကိုပိုင်ဆိုင်တဲ့ Bytedance နဲ့ ဂိမ်းကုမ္ပဏီ Tencent တို့ကလည်း သူတို့ရဲ့ဝန်ထမ်းတွေကို နေအိမ်ကပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားပါတယ်။ တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ၁၀၆ ဦးထိရှိလာနေပြီး ရောဂါကူးစက်ခံရသူတွေဟာလည်း တစ်ရက်အတွင်း နှစ်ဆထိမြင့်တက်လာနေတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ရောဂါကူးစက်ခံရသူတွေဟာ ဇန်နဝါရီ ၂၆ ရက်က ၂၈၃၅ ဦးရှိရာကနေ ဇန်နဝါရီ ၂၇ ရက်မှာ ၄၅၁၅ ဦးအထိမြင့်တက်လာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့နဲ့ ဟူဘေးပြည်နယ်ထဲက မြို့ကြီးတွေကို…
Read More
ဝူဟန်မြို့က မြန်မာကျောင်းသားတွေ နှစ်ရက်အတွင်း မန္တလေးကိုရောက်မယ်
မန္တလေး ဇန်နဝါရီ ၂၈-၂၀၂၀ ဖြူဖြူ(VOM) တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပညာတော်သင်ရောက်ရှိနေတဲ့ မြန်မာကျောင်းသားတွေ နှစ်ရက်အတွင်း ပြန်ရောက်မယ်လို့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ သိရပါတယ်။ “ဟုတ်တယ်ဗျ အခု နှစ်ရက်အတွင်း (ဇန်နဝါရီ ၂၈၊ ၂၉) ရောက်မယ်လို့ သိရတယ်။ ဒီနေ့ အစိုးရအဖွဲ့ဝင်တွေနဲ့လည်း အစည်းအဝေးလုပ်ခဲ့တယ်လေ။ ဘယ်အချိန်၊ ဘယ် flight နဲ့ဆိုတာတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး။ ရောက်မယ်ဆိုတာတော့ သိရတယ်။”လို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အရာရှိ ဦးတင်မောင်ကျော်က ဇန်နဝါရီ ၂၇ ရက်ကပြောပါတယ်။ အဲဒီ ကျောင်းသားတွေရောက်ရှိလာပါက သူတို့နဲ့အတူ သွားရောက်ကြိုဆိုတဲ့ ကားသမားနဲ့ ဝန်ထမ်းတွေကို မန္တလေးမြို့ ၆၂ လမ်း မှာရှိတဲ့ ကန်တော်နဒီဆေးရုံမှာ နှစ်ပတ်အကြာ သီးခြားခွဲထားပြီး စောင့်ကြည့်ကြပ်မတ်ဖို့ အသင့်ပြင်ထားပြီးဖြစ်တယ်လို့ မန္တလေးတိုင်း ကုသရေးနဲ့ ပြည်သူကျန်းမာရေးဦးစီးဌာနက သိရပါတယ် ဝူဟန်မြို့ကစတင်ဖြစ်ပေါ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ…
Read More
ရွှေလီမြို့ကမြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကိုပြန်လာမှုများ
Read More
ပညာရေးကောလိပ်ကျောင်းသားများ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေချိန် ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ ၂၈-၂၀၂၀ ကိုထွန်း(VOM) ဒီကနေ့မနက်ပိုင်းက နေပြည်တော် MICC-2ခန်းမမှာ ပညာရေးဝန်ကြီးဌာန၊ ပညာရေးဖွံဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကျင်းပချိန် ဒေါ်အောင်ဆန်စုကြည်က အမှစကားပြောကြားနေစဉ် ပညာရေးကောလိပ်ကျောင်းသားတွေက ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ခန်းမအတွင်းမှာပြုလုပ်ခဲ့ကြပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ကျောင်းသားတွေကို ခေါ်ယူတွေ့ဆုံပြီး ညှိနိုင်းမှုပြုလုပ်ခဲ့ပေမယ့်လည်း ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်(၁၀)မိနစ်ခန့် တွေ့ဆုံဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ မတ်လအကုန်ထိ စာသင်ကာလတိုးမြငှင့်တာနဲ့ပက်သက်ပြီး ယခုလို ခန်းမအတွင်းကန့်ကွက်မှုပြုလုပ်ရခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည့်နဲ့ တွေ့ဆုံလိုတာဟာလည်း အဲ့ဒီအကြောင်းအရာကို ဆွေးနွေးလိုတာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့တောင်းဆိုတဲ့ကျောင်းသားတွေဟာ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နဲ့ မုံရွာပညာရေးကောလိပ်က ကျောင်းသားတွေလို့ သိရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ #VOM #voiceofmyanmar #နေပြည်တော် #ပညာရေး #ဒေါ်အောင်ဆန်းစုကြည် #ကန့်ကွက်မှုပြုလုပ် Zawgyi ပညာရေးကောလိပ်ကျောင်းသားများ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေချိန် ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ် နေပြည်တော်၊ ဇန်နဝါရီ ၂၈-၂၀၂၀ ကိုထွန်း(VOM) ဒီကနေ့မနက်ပိုင်းက နေပြည်တော်…
Read More
VOM News
FREE
VIEW