ရွှေစက်တော်ဘုရားပွဲလာမယ့် ဘုရားဖူးလာသူတွေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားတယ်လို့သိရ

မင်းဘူး၊ ဇန်နဝါရီ ၂၈-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ မင်းဘူးမြို့မှာ (၃)လနီးပါး ကျင်းပပြုလုပ်မယ့် ယခုနှစ်မန်းရွှေစက်တော်ဘုရားပွဲတော်ကို အရင်နှစ်တွေနဲ့မတူအောင် အကြီးစားပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ ရွှေစက်တော်ဂေါပကအဖွဲ့ကနေ သိရပါတယ်။

အထက်စက်တော်ရာနားက ကိုးခန်းကြီးဓမ္မာရုံကို ခေတ် ၃ ခေတ်က မြန်မာမှုလက်ရာတွေနဲ့ သိန်းပေါင်း ၅၆၀၀ အကုန်ကျခံကာ တမ္မဝတီအဖွဲ့နဲ့ အကြီးစားပြင်ဆင်မှုတွေပြုလုပ်နေပြီး ဖွင့်ပွဲနေ့မှာ ရေစက်ချလှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

မန်းရွှေစက်တော်ဘုရားကို ၁၂ လရာသီ လာရောက်ဖူးမျှော်နိုင်အောင် မိုးခိုအဆောင်တွေနဲ့ ဓမ္မာရုံတွေကိုလည်း အကြီးစားပြင်ဆင်နေပြီး ဓာတ်လှေကားကတော့ ပညာရှင်တွေရဲ့ မြေတိုင်းတာမှုမပြီးသေးတဲ့အတွက် အခုနှစ်မှာတော့ မတည်ဆောက်နိုင်သေးဘူးလို့ သိရပါတယ်။

ပွဲတော်လုံခြုံရေးကို ၃၆၀ ဒီဂရီလှည့်လို့ရတဲ့ CCTV အလုံး ၅၀ ကျော်ကို ဟွာဝေးနည်းပညာနဲ့ MPT ဖုန်းဖြင့်ချိတ်ဆက်ပြီး မကွေးမြို့ရှိ တိုင်းမှုခင်းကနေ ထပ်ဆင့်ထိန်းချုပ်ကိုင်တွယ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဘုရားပွဲ လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်း လူ ၃၀ ကိုလည်း ခန့်အပ်ထားပြီး အစိုးရပိုင်းက ရဲတပ်ဖွဲ့အင်အား ၁၂၀၊ မီးသတ်တပ်ဖွဲ့ အင်အား ၆၀နဲ့ ကြက်ခြေနီ ၁၅ ဦးတို့ကို ဘုရာကြီးနဲ့ ပွဲတော်လုံခြုံရေးအတွက် ချပေးထားတာဖြစ်ပါတယ်။

“CCTV ကွန်ထရိုးခန်းဆို လက်ဗွေဆင်ဆာစနစ်နဲ့ တာဝန်ရှိသူဘဲဝင်လို့ရအောင် လုပ်တယ်လို့ ပြောတယ်။ အဲဒီအစီအစဉ်ကို E Government အကြံပေးပညာရှင် ဦးမြင့်ဆွေရဲ့ စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တာ ” လို့ ရွှေစက်တော်ဂေါပက အတွင်းရေးမှူး ဦးခင်မောင်စိုးကဆက်ကပြောပါတယ်။

အဲဒီအပြင် ကျန်းမာရေးအတွက် အခမဲ့ဆေးခန်းဖွင့်လှစ်ထားပြီး ဆေးခန်းမှာ ခရိုင်ဆေးရုံက ဆရာဝန်တဦးနဲ့ သူနာပြုတဦးတို့က အလှည့်ကျ လာရောက်ဆေးကုသပေးမှာဖြစ်သလို အဲဒီဆေးခန်းမှာသုံးမယ့် ဆေးတွေကိုလည်း ဘုရားရံပုံငွေထဲက အသုံးပြုသွားမှာဖြစ်ပါတယ်။

အရင်နှစ်တွေကလို ဘုရားဖူးတွေ စိတ်အေးချမ်းသာစွာဖူးမျှော်နိုင်ဖို့ လော်စပီကာအသုံးပြုခွင့်ကိုလည်း ဂေါပကအဖွဲ့အနေနဲ့ပိတ်ပင်ထားပြီး ဘယ်အလှူခံမှ လော်စပီကာမသုံးရဘူးလို့ ညွန်ကြားထားပါတယ်။

“လူပျောက်၊ လူကွဲရှာဖွေမှုနဲ့ ပြန်ကြားရေးကဏ္ဍကလွဲရင် အလှူခံတွေ အသံချဲ့စက်မသုံးဖို့ စည်းကမ်းသတ်မှတ်ထားသလို အရင်နှစ်တွေနဲ့မတူအောင် အများကြီးပြင်ဆင်ထားတယ်။ ဘုရားဖူးတည်းခိုဆောင်တွေကို လေလံမပစ်တော့ဘဲ ကြမ်းခင်းဈေးအတိုင်းပေးပြီး ရေစပ်ကျောခိုင်း ၂ သောင်း၊ ရေစပ်မျက်နှာပြု ၃ သောင်း၊လူ ၅ ယောက် ၆ ယောက်အိပ်လို့ရတဲ့ အခန်းနော်၊ နောက် သီးသန့်လုံးခြင်း vip ဆိုတာတွေလည်း အရင်နှစ် က ၁ သိန်း အခုနှစ် ၇ သောင်း လျော့ချထားတယ်။ တင်းကျပ်တဲ့စနစ်နဲ့ ကာကွယ်ထားတယ်။ အချိန်မရွေးတိုင်ကြားနိုင်တဲ့ ကျွန်တော့်ဖုန်း၊ ရုံးအဖွဲ့မှူးဖုန်းတွေကပ်ထားတယ်” လို့ ဂေါပကအတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။

အသင်းအဖွဲ့တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အဆင်မပြေတဲ့ဘုရားဖူး ပြည်သူတွေအတွက်လည်း အခမဲ့တည်းခိုနိုင်တဲ့ ဓမ္မာရုံတွေ၊ သန့်စင်ခန်းတွေကိုလည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

” မနှစ်က တည်းခိုဆောင်အရှင်တွေက ဘုရားဝင်တဲ့လမ်းမှာကတည်းက ရွှေကြိုတွေတားပြီး အခန်းမရှိဘူး။ ဘယ်ဈေးနဲ့မှ ဒီမှာယူမှရမှာ၊ အဲလိုတွေလုပ်ကြတယ်။ ဘုရားဖူးတွေကလည်း အခန်းမရမှာစိုးရိမ်ပြီး ဈေးကြီးပေးလိုက်ရတယ်”လို့ ရွှေစက်တော်ကို ဆိုင်ကယ်နဲ့ အသီးအနှံလာရောင်းတဲ့ဈေးသည်ကပြောပါတယ်။

ဘုရားဖူးလာသူတွေ ရေချိုးတဲ့ မန့်းချောင်းအတွင်းမှာ အမှိုက်မပစ်အောင်၊ အိုးခွက်ပန်းကန်မဆေးအောင်လည်း အထူးကြပ်မတ်ထားကာ ရေညစ်ညမ်းမှုမရှိအောင် နေ့စဉ်အမှိုက်သိန်းကား ၂ စီး၊ ရေဆိုးနဲ့ မိလ္လာသယ်ယာဉ် ၁ စီးနဲ့ အလုပ်သမားတွေ လုံလုံလောက်လောက်ခန့်ထားပြီး လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲကို ခရစ်နှစ်နဲ့ မသတ်မှတ်ဘဲ နှစ်စဉ် မြန်မာတပို့တွဲလဆန်း ၅ ရက်ကနေ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေရဲ့ အလှူငွေဟာ တနေ့ကို ပျမ်းမျှအားဖြင့် သိန်းတစ္ရာဝန်းကျင်ရှိပြီး လူသိန်းဂဏန်းလာတဲ့နေ့တွေမှာ အလှူငွေပိုရတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မင်းဘူး #ရွှေစက်တော်ဘုရားပွဲ

Zawgyi

ေရႊစက္ေတာ္ဘုရားပြဲလာမယ့္ ဘုရားဖူးလာသူေတြကို အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ထားတယ္လုိ႔သိရ

မင္းဘူး၊ ဇန္နဝါရီ ၂၈-၂၀၂၀
ဂ်န္ကိုးလ္(VOM)

မေကြးတုိင္း၊ မင္းဘူးၿမိဳ႕မွာ (၃)လနီးပါး က်င္းပျပဳလုပ္မယ့္ ယခုႏွစ္မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကုိ အရင္ႏွစ္ေတြနဲ႔မတူေအာင္ အႀကီးစားျပင္ဆင္မႈေတြျပဳလုပ္ထားတယ္လို႔ ေ႐ႊစက္ေတာ္ေဂါပကအဖြဲ႔ကေန သိရပါတယ္။

အထက္စက္ေတာ္ရာနားက ကိုးခန္းႀကီးဓမၼာ႐ုံကို ေခတ္ ၃ ေခတ္က ျမန္မာမႈလက္ရာေတြနဲ႔ သိန္းေပါင္း ၅၆၀၀ အကုန္က်ခံကာ တမၼဝတီအဖြဲ႕နဲ႔ အႀကီးစားျပင္ဆင္မႈေတြျပဳလုပ္ေနၿပီး ဖြင့္ပြဲေန႔မွာ ေရစက္ခ်လႉဒါန္းသြားမယ္လို႔လည္း သိရပါတယ္။

မန္းေ႐ႊစက္ေတာ္ဘုရားကို ၁၂ လရာသီ လာေရာက္ဖူးေမွ်ာ္ႏိုင္ေအာင္ မိုးခိုအေဆာင္ေတြနဲ႔ ဓမၼာ႐ုံေတြကိုလည္း အႀကီးစားျပင္ဆင္ေနၿပီး ဓာတ္ေလွကားကေတာ့ ပညာရွင္ေတြရဲ႕ ေျမတိုင္းတာမႈမၿပီးေသးတဲ့အတြက္ အခုႏွစ္မွာေတာ့ မတည္ေဆာက္ႏိုင္ေသးဘူးလို႔ သိရပါတယ္။

ပြဲေတာ္လုံၿခဳံေရးကို ၃၆၀ ဒီဂရီလွည့္လို႔ရတဲ့ CCTV အလုံး ၅၀ ေက်ာ္ကို ဟြာေဝးနည္းပညာနဲ႔ MPT ဖုန္းျဖင့္ခ်ိတ္ဆက္ၿပီး မေကြးၿမိဳ႕ရွိ တိုင္းမႈခင္းကေန ထပ္ဆင့္ထိန္းခ်ဳပ္ကိုင္တြယ္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဘုရားပြဲ လုံၿခဳံေရးအတြက္ လုံၿခဳံေရးဝန္ထမ္း လူ ၃၀ ကိုလည္း ခန႔္အပ္ထားၿပီး အစိုးရပိုင္းက ရဲတပ္ဖြဲ႕အင္အား ၁၂၀၊ မီးသတ္တပ္ဖြဲ႕ အင္အား ၆၀နဲ႔ ၾကက္ေျခနီ ၁၅ ဦးတို႔ကို ဘုရာႀကီးနဲ႔ ပြဲေတာ္လုံၿခဳံေရးအတြက္ ခ်ေပးထားတာျဖစ္ပါတယ္။

“CCTV ကြန္ထ႐ိုးခန္းဆို လက္ေဗြဆင္ဆာစနစ္နဲ႔ တာဝန္ရွိသူဘဲဝင္လို႔ရေအာင္ လုပ္တယ္လို႔ ေျပာတယ္။ အဲဒီအစီအစဥ္ကို E Government အႀကံေပးပညာရွင္ ဦးျမင့္ေဆြရဲ႕ စီစဥ္မႈနဲ႔ ျပဳလုပ္ခဲ့တာ ” လို႔ ေရႊစက္ေတာ္ေဂါပက အတြင္းေရးမွဴး ဦးခင္ေမာင္စိုးကဆက္ကေျပာပါတယ္။

အဲဒီအျပင္ က်န္းမာေရးအတြက္ အခမဲ့ေဆးခန္းဖြင့္လွစ္ထားၿပီး ေဆးခန္းမွာ ခ႐ိုင္ေဆး႐ုံက ဆရာဝန္တဦးနဲ႔ သူနာျပဳတဦးတို႔က အလွည့္က် လာေရာက္ေဆးကုသေပးမွာျဖစ္သလို အဲဒီေဆးခန္းမွာသုံးမယ့္ ေဆးေတြကိုလည္း ဘုရားရံပုံေငြထဲက အသုံးျပဳသြားမွာျဖစ္ပါတယ္။

အရင္ႏွစ္ေတြကလို ဘုရားဖူးေတြ စိတ္ေအးခ်မ္းသာစြာဖူးေမွ်ာ္ႏိုင္ဖို႔ ေလာ္စပီကာအသုံးျပဳခြင့္ကိုလည္း ေဂါပကအဖြဲ႔အေနနဲ႔ပိတ္ပင္ထားၿပီး ဘယ္အလႉခံမွ ေလာ္စပီကာမသုံးရဘူးလို႔ ၫြန္ၾကားထားပါတယ္။

“လူေပ်ာက္၊ လူကြဲရွာေဖြမႈနဲ႔ ျပန္ၾကားေရးက႑ကလြဲရင္ အလႉခံေတြ အသံခ်ဲ႕စက္မသုံးဖို႔ စည္းကမ္းသတ္မွတ္ထားသလို အရင္ႏွစ္ေတြနဲ႔မတူေအာင္ အမ်ားႀကီးျပင္ဆင္ထားတယ္။ ဘုရားဖူးတည္းခိုေဆာင္ေတြကို ေလလံမပစ္ေတာ့ဘဲ ၾကမ္းခင္းေဈးအတိုင္းေပးၿပီး ေရစပ္ေက်ာခိုင္း ၂ ေသာင္း၊ ေရစပ္မ်က္ႏွာျပဳ ၃ ေသာင္း၊လူ ၅ ေယာက္ ၆ ေယာက္အိပ္လို႔ရတဲ့ အခန္းေနာ္၊ ေနာက္ သီးသန႔္လုံးျခင္း vip ဆိုတာေတြလည္း အရင္ႏွစ္ က ၁ သိန္း အခုႏွစ္ ၇ ေသာင္း ေလ်ာ့ခ်ထားတယ္။ တင္းက်ပ္တဲ့စနစ္နဲ႔ ကာကြယ္ထားတယ္။ အခ်ိန္မေ႐ြးတိုင္ၾကားႏိုင္တဲ့ ကၽြန္ေတာ့္ဖုန္း၊ ႐ုံးအဖြဲ႕မႉးဖုန္းေတြကပ္ထားတယ္” လို႔ ေဂါပကအတြင္းေရးမႉး ဦးခင္ေမာင္စိုးက ေျပာပါတယ္။

အသင္းအဖြဲ႕ေတြ၊ အစိုးရဝန္ထမ္းေတြနဲ႔ အဆင္မေျပတဲ့ဘုရားဖူး ျပည္သူေတြအတြက္လည္း အခမဲ့တည္းခိုႏိုင္တဲ့ ဓမၼာ႐ုံေတြ၊ သန႔္စင္ခန္းေတြကိုလည္း စီစဥ္ေပးထားတယ္လုိ႔ သိရပါတယ္။

” မႏွစ္က တည္းခိုေဆာင္အရွင္ေတြက ဘုရားဝင္တဲ့လမ္းမွာကတည္းက ေ႐ႊႀကိဳေတြတားၿပီး အခန္းမရွိဘူး။ ဘယ္ေဈးနဲ႔မွ ဒီမွာယူမွရမွာ၊ အဲလိုေတြလုပ္ၾကတယ္။ ဘုရားဖူးေတြကလည္း အခန္းမရမွာစိုးရိမ္ၿပီး ေဈးႀကီးေပးလိုက္ရတယ္”လို႔ ေ႐ႊစက္ေတာ္ကို ဆိုင္ကယ္နဲ႔ အသီးအႏွံလာေရာင္းတဲ့ေဈးသည္ကေျပာပါတယ္။

ဘုရားဖူးလာသူေတြ ေရခ်ိဳးတဲ့ မန႔္းေခ်ာင္းအတြင္းမွာ အမႈိက္မပစ္ေအာင္၊ အိုးခြက္ပန္းကန္မေဆးေအာင္လည္း အထူးၾကပ္မတ္ထားကာ ေရညစ္ညမ္းမႈမရွိေအာင္ ေန႔စဥ္အမႈိက္သိန္းကား ၂ စီး၊ ေရဆိုးနဲ႔ မိလႅာသယ္ယာဥ္ ၁ စီးနဲ႔ အလုပ္သမားေတြ လုံလုံေလာက္ေလာက္ခန႔္ထားၿပီး လုပ္ေဆာင္ေနၾကတယ္လို႔ သိရပါတယ္။

မန္းေ႐ႊစက္ေတာ္ဘုရားပြဲကို ခရစ္ႏွစ္နဲ႔ မသတ္မွတ္ဘဲ ႏွစ္စဥ္ ျမန္မာတပို႔တြဲလဆန္း ၅ ရက္ကေန ျမန္မာ ႏွစ္ဆန္း ၁ ရက္ေန႔အထိ က်င္းပၿပီး အနယ္နယ္အရပ္ရပ္က ဘုရားဖူးျပည္သူေတြရဲ႕ အလႉေငြဟာ တေန႔ကို ပ်မ္းမွ်အားျဖင့္ သိန္းတစ္ရာဝန္းက်င္ရွိၿပီး လူသိန္းဂဏန္းလာတဲ့ေန႔ေတြမွာ အလွဴေငြပိုရတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မင္းဘူး #ေရႊစက္ေတာ္ဘုရားပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW