ဝူဟန်မြို့က မြန်မာကျောင်းသားတွေ နှစ်ရက်အတွင်း မန္တလေးကိုရောက်မယ်

မန္တလေး ဇန်နဝါရီ ၂၈-၂၀၂၀
ဖြူဖြူ(VOM)

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပညာတော်သင်ရောက်ရှိနေတဲ့ မြန်မာကျောင်းသားတွေ နှစ်ရက်အတွင်း ပြန်ရောက်မယ်လို့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ သိရပါတယ်။

“ဟုတ်တယ်ဗျ အခု နှစ်ရက်အတွင်း (ဇန်နဝါရီ ၂၈၊ ၂၉) ရောက်မယ်လို့ သိရတယ်။ ဒီနေ့ အစိုးရအဖွဲ့ဝင်တွေနဲ့လည်း အစည်းအဝေးလုပ်ခဲ့တယ်လေ။ ဘယ်အချိန်၊ ဘယ် flight နဲ့ဆိုတာတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး။ ရောက်မယ်ဆိုတာတော့ သိရတယ်။”လို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အရာရှိ ဦးတင်မောင်ကျော်က ဇန်နဝါရီ ၂၇ ရက်ကပြောပါတယ်။

အဲဒီ ကျောင်းသားတွေရောက်ရှိလာပါက သူတို့နဲ့အတူ သွားရောက်ကြိုဆိုတဲ့ ကားသမားနဲ့ ဝန်ထမ်းတွေကို မန္တလေးမြို့ ၆၂ လမ်း မှာရှိတဲ့ ကန်တော်နဒီဆေးရုံမှာ နှစ်ပတ်အကြာ သီးခြားခွဲထားပြီး စောင့်ကြည့်ကြပ်မတ်ဖို့ အသင့်ပြင်ထားပြီးဖြစ်တယ်လို့ မန္တလေးတိုင်း ကုသရေးနဲ့ ပြည်သူကျန်းမာရေးဦးစီးဌာနက သိရပါတယ်

ဝူဟန်မြို့ကစတင်ဖြစ်ပေါ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကူးစက်ပြန့်နှံ့မှု မြန်ဆန်ပြီး အန္တရာယ်ရှိ အနေအထား ဖြစ်တဲ့အတွက် အခုဆို ဝူဟန်- မန္တလေး တိုက်ရိုက်လေကြောင်းလိုင်း အပါအဝင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်နေတဲ့ တရုတ်လေကြောင်းလိုင်းတွေကို တဖြည်းဖြည်းနဲ့ ပိတ်နေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်ခံထားရသူ သုံးထောင်ကျော်အထိရှိလာနေပြီး သေဆုံးသူ ၈၁ ဦးအထိ ရှိလာပြီလို့ နိုင်ငံတကာသတင်းတွေရဲ့‌ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စသ် ကူးစက်ခံရသူ၊ သံသယလူနာ ရှိနေပြီဆိုတဲ့ သတင်းတွေကိုတော့ သက်ဆိုင်ရာကနေ တရားဝင်ထုတ်ပြန်တာတွေ မရှိသေးတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ဝူဟန် #မြန်မာကျောင်းသား #နှစ်ရက်အတွင်းရောက်မယ်

Zawgyi

ဝူဟန္ၿမိဳ႕က ျမန္မာေက်ာင္းသားေတြ ႏွစ္ရက္အတြင္း မႏၲေလးကိုေရာက္မယ္

မႏၲေလး ဇန္နဝါရီ ၂၈-၂၀၂၀
ျဖဴျဖဴ(VOM)

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွာ ပညာေတာ္သင္ေရာက္ရွိေနတဲ့ ျမန္မာေက်ာင္းသားေတြ ႏွစ္ရက္အတြင္း ျပန္ေရာက္မယ္လို႔ မႏၲေလး အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကေန သိရပါတယ္။

“ဟုတ္တယ္ဗ် အခု ႏွစ္ရက္အတြင္း (ဇန္နဝါရီ ၂၈၊ ၂၉) ေရာက္မယ္လို႔ သိရတယ္။ ဒီေန႔ အစိုးရအဖြဲ႕ဝင္ေတြနဲ႔လည္း အစည္းအေဝးလုပ္ခဲ့တယ္ေလ။ ဘယ္အခ်ိန္၊ ဘယ္ flight နဲ႔ဆိုတာေတာ့ က်ေနာ္တို႔လည္း ေသခ်ာမသိရေသးဘူး။ ေရာက္မယ္ဆိုတာေတာ့ သိရတယ္။”လို႔ မႏၲေလး အျပည္ျပည္ဆိုင္ရာ ေလဆိပ္အရာရွိ ဦးတင္ေမာင္ေက်ာ္က ဇန္နဝါရီ ၂၇ ရက္ကေျပာပါတယ္။

အဲဒီ ေက်ာင္းသားေတြေရာက္ရွိလာပါက သူတို႔နဲ႔အတူ သြားေရာက္ႀကိဳဆိုတဲ့ ကားသမားနဲ႔ ဝန္ထမ္းေတြကို မႏၲေလးၿမိဳ႕ ၆၂ လမ္း မွာရွိတဲ့ ကန္ေတာ္နဒီေဆး႐ုံမွာ ႏွစ္ပတ္အၾကာ သီးျခားခြဲထားၿပီး ေစာင့္ၾကည့္ၾကပ္မတ္ဖို႔ အသင့္ျပင္ထားၿပီးျဖစ္တယ္လို႔ မႏၲေလးတိုင္း ကုသေရးနဲ႔ ျပည္သူက်န္းမာေရးဦးစီးဌာနက သိရပါတယ္

ဝူဟန္ၿမိဳ႕ကစတင္ျဖစ္ေပၚခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ ကူးစက္ျပန႔္ႏွံ႔မႈ ျမန္ဆန္ၿပီး အႏၲရာယ္ရွိ အေနအထား ျဖစ္တဲ့အတြက္ အခုဆို ဝူဟန္- မႏၲေလး တိုက္႐ိုက္ေလေၾကာင္းလိုင္း အပါအဝင္ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္ကို ဆင္းသက္ေနတဲ့ တ႐ုတ္ေလေၾကာင္းလိုင္းေတြကို တျဖည္းျဖည္းနဲ႔ ပိတ္ေနၿပီ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကူးစက္ခံထားရသူ သုံးေထာင္ေက်ာ္အထိရွိလာေနၿပီး ေသဆုံးသူ ၈၁ ဦးအထိ ရွိလာၿပီလို႔ ႏိုင္ငံတကာသတင္းေတြရဲ႕‌ေဖာ္ျပခ်က္အရ သိရပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ကို႐ိုနာဗိုင္းရပ္စသ္ ကူးစက္ခံရသူ၊ သံသယလူနာ ရွိေနၿပီဆိုတဲ့ သတင္းေတြကိုေတာ့ သက္ဆိုင္ရာကေန တရားဝင္ထုတ္ျပန္တာေတြ မရွိေသးတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #ဝူဟန္ #ျမန္မာေက်ာင္းသား #ႏွစ္ရက္အတြင္းေရာက္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW