ဆူးငှက် စင်တင်များနှင့် မန္တလေး ————————– ၁၉၉၀လွန်ကာလ အနောက်တောင် ကျုံးထောင့် ရေပေါ်ဥယျာဉ် စင်တင်မှ စလိုက်သည်မှာ ထိုစဉ်က လူသူ အသွားအလာ နည်းပါးသည့် သိပ္ပံလမ်းပေါ်မှာလည်း စင်တင်တေးဂီတနှင့် ဘီယာဆိုင်တွေ အပြိုင်းအရိုင်း ပေါ်လာသည်။ မြောက်ပြင် မြင်းပြိုင်ကွင်းအနီးက စင်တင်ကလည်း နာမည်ကြီးလာသည်။ ထို့အတူ မျက်ပါးရပ်စစ်တပ်ဝင်း အနောက်ပေါက်က စင်တင်၊ အရှေ့ကျုံးထောင့် ၂၄လမ်းက စင်တင်၊ ဘူတာကြီးအနောက်ဘက် ၇၉လမ်းပေါ်က စင်တင်သာမက မြို့လယ်ခေါင် ဈေးချိုအပေါ်ထပ် တိုက်တန်းကြီး အပေါ်ထပ်စင်တင်၊ ကျောက်သွေးတန်းက စင်တင်တွေလည်း ထင်ရှားသည်။ ထိုစင်တင်များတွင် လူငယ်ကြိုက် ဆိုသော်ငြား ထိုစဉ်ကာလ ဝင်ငွေကောင်းသော အရောင်းအဝယ်သမား၊ ကျောက်သမား၊ ကိုယ်ပိုင်ကျောင်းပိုင်ရှင် ကိုယ်ပိုင်ကျောင်းဆရာများက အများဆုံးဓာတ်ကျသည်။ သူတို့က ခေတ်ပေါ်လည်း ရသည်။ မြန်မာသံလည်းရသည်။…
Read MoreDay: August 16, 2026
ကျန်းမာရေးကောင်းစွာ နေထိုင်နိုင်ရန် အခြေခံသော့ချက်များ
မန္တလာ ဆရာမျိုး ယနေ့ခေတ်တွင် ဆေးပညာ (Medicine) သည် အလွန်တိုးတက်လာပြီး ယခင်က ကုသရန်ခက်ခဲခဲ့သော ရောဂါများစွာကိုပင် ထိရောက်စွာ ကုသနိုင်လာပြီဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်တွင် သွေးတိုးရောဂါ (Hypertension)၊ ဆီးချိုရောဂါ (Diabetes Mellitus)၊ နှလုံးသွေးကြောရောဂါ (Cardiovascular Disease – နှလုံးနှင့် သွေးကြောရောဂါ)၊ အဝလွန်ခြင်း (Obesity)၊ အသည်းအဆီဖုံးခြင်း (Fatty Liver Disease – အသည်းအဆီဖုံးရောဂါ) နှင့် စိတ်ဖိစီးမှု (Stress) ကဲ့သို့သော နာတာရှည်ရောဂါများမှာ ပိုမိုများပြားလာနေသည်။ ဤရောဂါများ၏ အဓိက အကြောင်းရင်းများကို လေ့လာကြည့်လျှင် မျိုးရိုးဗီဇ (Genetics) တစ်ခုတည်းကြောင့် မဟုတ်ဘဲ နေ့စဉ်လူနေမှုပုံစံ (Lifestyle) နှင့် အလွန်ဆက်စပ်နေကြောင်း တွေ့ရသည်။ လူအများစုက ကျန်းမာရေးကောင်းစေရန် အထူးဆေးဝါးများ၊…
Read More“ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသ ခရစ်ယာန်ဘုရားကျောင်းအားလုံး ယာယီပိတ်
ဩဂုတ်၁၅၊ ၂၀၂၆။ NN(VOM) UWSA “ဝ” တပ်ဖွဲ့က သူတို့ထိန်းချုပ်နယ်မြေအတွင်းက ခရစ်ယာန် ဘုရားကျောင်းတွေအားလုံးကို ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အစွန်းရောက်တဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့အချို့ ဝင်ရောက်လာလို့ ပိတ်တာလို့ ကနဦးသိရတယ်လို့ ပန်ဆန်းမြို့ခံ တချို့ဆီကနေ သိရပါတယ်။ “ယေရှုတရုတ်မ ဂိုဏ်းအဖွဲ့ ရောက်နေလို့ဆိုပြီး ပိတ်ထားမယ်လို့ သိရတာ ” လို့ ပန်ဆန်းမြို့ခံတယောက်က ပြောပါတယ်။ အစွန်းရောက်တဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့တွေ ရောက်နေတာကြောင့် တရုတ်အစိုးရဘက်က သတိပေးလို့ ပိတ်ထားရတာလို့ “ဝ” တပ်ဖွဲ့ တာဝန်ရှိ သူ တွေဘက်က ပြောပါတယ်။ “ဝ” ဒေသမှာ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ပေးထားပြီး အစွန်းရောက် တဲ့ ဘာသာရေးယုံကြည်မှုကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ခရစ်ယာန် ဘုရားကျောင်းတွေကို ရက်ပေါင်း ဘယ်လောက်အထိ ပိတ်ထား မယ်ဆိုတာကိုတော့ “ဝ” တပ်ဖွဲ့…
Read Moreရက် ၁၀၀ အလွန်မှာ ပြည်သူတွေဘဝ ဘာထူးသွားလဲ
ဩဂုတ် ၁၅ – ၂၀၂၆ SS (VOM) အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းကာလ (၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ) အလွန်မှာ ပြည်သူတွေရဲ့ဘဝ သိသာထင်ရှားတဲ့ တိုးတက် ကောင်းမွန်လာခြင်း မရှိဘဲ အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေးကျပ်တည်းခြင်းနဲ့ လူမှုရေးအခက်အခဲတွေသာ ပိုမိုဆိုးရွားလာတာကို တွေ့ရှိရတယ်လို့ နိုင်ငံရေး၊ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ လက်ရှိမှာ ဆန်၊ စားသုံးဆီနဲ့ အခြေခံ စားသောက်ကုန်တွေ ဈေးနှုန်းဆက်လက် ကြီးမြင့်နေပြီး ကျပ်တည်းမှုဒဏ်ကို ပြည်သူလူထုက တိုက်ရိုက်ခံစားနေရသလို ငွေကြေးဖောင်းပွမှု၊ ပြည်ပကုန်စည် တင်သွင်းမှု အခက်အခဲနဲ့ စီးပွားရေး မရေရာမှုတွေကြောင့် လက်လုပ်လက်စားနဲ့ အလယ်အလတ်တန်းစားတွေ ပိုမို ကျပ်တည်းလာတယ်လို့ သိရပါတယ်။ “ရက် ၁၀၀ စီမံချက်မှာပါတဲ့ မူဝါဒတွေက ယေဘုယျဆန်တယ်။…
Read More