တိုင်းပြည်တည်ဆောက်ခြင်း အနုပညာ
ခင်မမမျိုး
ဖေဖေါ်ဝါရီ ၇ ရက် ၂၀၂၀
တိုင်းပြည်တည်ဆောက်ခြင်း (nation state building) မှာ နိုင်ငံရေးသမား၊ နည်းပညာရှင်၊ ဗျူရိုကရက်၊ မီဒီယာ၊ private sector ၊ အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးပေါင်းစပ်မှ အောင်မြင်ပါတယ်။
နိုင်ငံရေးသမားက တောအုပ်တခုလုံးကိုကြည့်တဲ့အမြင် ရှိရပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးရာအားလုံးကို ခြုံငုံသုံးသပ်ရပါတယ်။
နည်းပညာရှင်တွေက သက်ဆိုင်ရာအလိုက် ကျွမ်းကျင်ရပါတယ်။ သစ်တပင်အမြင်ကို တောအုပ်အမြင်အတွက် ထောက်ကူပြု ပေါင်းစပ်ပေးရပါတယ်။
ဗျူရိုကရက်က သစ်ကွက်အလိုက် စိုက်ပျိုး၊ ထိန်းသိမ်း၊ ထုတ်လုပ်စတဲ့ စီမံခန့်ခွဲမှုအမြင်ရှိရပါတယ်။
မီဒီယာက သစ်တော၊ သစ်ပင်၊ သစ်ရွက်တွေအကြောင်း နားလည်ရပါတယ်။ သုံးသပ်ခြင်း၊ check and balance လုပ်ခြင်းတွေရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက မြေပြင်ကျွမ်းကျင်ရပါတယ်။ တောအုပ်ဖြစ်တည်မှု၊ သစ်ပင်တပင်အရေးသာမက သစ်တော၊ သစ်ပင်၊ သစ်ရွက်အားလုံးကို ဝေဖန်ပိုင်းခြား လေ့လာသုံးသပ်နိုင်သော စွမ်းရည်တွေရှိရပါမယ်။
ဒါတွေဟန်ချက်ညီရင်၊ လူမှန်နေရာမှန်ရင် တိုးတက်မှုအရှိန်မြန်ပါတယ်။ ဒါတွေမမှန်ရင် ပွတ်တိုက်မှုများပြီး ပြဿနာများနဲ့ လုံးချာလည်နေတတ်ပါတယ်။
မူဝါဒရေးရာအပြောင်းအလဲတွေ၊ မူဝါဒသစ်ပြဌာန်းမှုတွေကိုနိုင်ငံရေးသမား (politicians)တွေ ကိုင်တွယ်ရပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးထဲသွားမယ်ဆိုရင် နိုင်ငံရေးပညာ၊ နိုင်ငံတကာရေးရာ၊ ဥပဒေ၊ ပြည်သူ့ရေးရာမူဝါဒ စတာတွေသင်ယူကြတာပါ။ ပညာရှင်ဖြစ်ဖို့ထက် ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားလုပ်ဖို့ ရည်ရွယ်ကြတာပါ။
နည်းပညာရှင်တွေက သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်အောင်လုပ်ကြပါတယ်။ ဗျူရိုကရက်တွေက စီမံအုပ်ချုပ်ရေးပညာတွေလေ့လာကြပါတယ်။
ဗျူရိုကရက်နဲ့နည်းပညာရှင်က နိုင်ငံရေးသမား မဖြစ်နိုင်ဘူးလားလို့မေးကြပါတယ်။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တာဝန်ယူပြီးရင်တော့ ဗျူရို ကရက် ဉာဉ်နဲ့ ပညာတတ်ဉာဉ်လေးတွေကို ဖျောက်ရပါလိမ့်မယ်။ နိုင်ငံရေးသမားကလဲ ဗျူရိုကရက်တာဝန်ယူရင် နိုင်ငံရေးဉာဉ်လေးကို ဖျောက်ရပါလိမ့်မယ်။ ဆရာဝန်ကနိုင်ငံရေးသမားလုပ်ရင် ကျန်းမာရေး၊ လူမှုရေးလောက်ပဲ စိတ်ဝင်စားလို့မရပါ။ စစ်ဗိုလ်ကနိုင်ငံရေးသမားလုပ်ရင် စစ်ရေး၊ နိုင်ငံရေးလောက်ပဲ ပြောနေလို့မရပါ။ ပရော်ဖက်ဆာက နိုင်ငံရေးလုပ်ပြီး လူထုကို ဆရာလိုက်လုပ်နေလို့မရပါ။ နိုင်ငံရေးသမားလို ကျင့်ကြံရပါမယ်။
ဘယ်လိုခွဲမလဲဆိုကြပါတယ်။
ဥပမာ- ရွာတရွာရောက်ရင် နိုင်ငံရေးသမားက ရွာကိုလှည့်ကြည့်ပါတယ်။ လူတွေနဲ့ နွေးနွေးထွေးထွေး လက်ရေတပြင်တည်းရှိပါတယ်။ လူထုဆက်ဆံရေး၊ လူထုနဲ့ တသားတည်းဖြစ်ရေးက သူ့အလုပ်ပါ။ လူထုရဲ့ လူနေမှုဘဝစုံကို သူသိမှ ဒီရွာတိုးတက်ရေးကို policy holder အဖြစ်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ဖြစ်စေ၊ ပါတီတွေအနေနဲ့ဖြစ်စေ သူလုပ်နိုင်မှာပါ။
ဗျူရိုကရက်က ရွာအုပ်ချုပ်ရေးနဲ့တွေ့ပါတယ်။ အခြေအနေမေးပြီးရင် ညွှန်ကြားချက်ထုတ်ပါတယ်။ နည်းပညာရှင်ဆရာဝန်ကဆေးကုပါလိမ့်မယ်။ ကျန်းမာရေးဟောပါလိမ့်မယ်။ နည်းပညာရှင် အင်ဂျင်နီယာက ရွာလမ်းမဖောက်ဖို့ မြေပြင်ကြည့်ပါလိမ့်မယ်။
လူမှန်နေရာမှန်ဖြစ်ခြင်း၊ မဖြစ်ပါကလဲ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲယူကြခြင်းဖြင့် တိုင်းပြည်တည်ဆောက်ခြင်း ပိုမိုအားကောင်းလာပါစေ။
ဆောင်းပါးပါအကြောင်းအရာများဟာ ဆောင်းပါးရှင်ရဲ့အာဘော်ဖြစ်ပြီး Voice Of Myanmar ရဲ့ အာဘော်မဟုတ်ကြောင်း အသိပေးပါတယ်။
Zawgyi
တိုင္းျပည္တည္ေဆာက္ျခင္း အနုုပညာ
ခင္မမမ်ိဳး
ေဖေဖၚဝါရီ ၇ ရက္ ၂၀၂၀
တိုင္းျပည္တည္ေဆာက္ျခင္း (nation state building) မွာ ႏိုင္ငံေရးသမား၊ နည္းပညာရွင္၊ ဗ်ဴ႐ိုကရက္၊ မီဒီယာ၊ private sector ၊ အရပ္ဘက္အဖြဲ႕အစည္းေတြအားလုံးေပါင္းစပ္မွ ေအာင္ျမင္ပါတယ္။
ႏိုင္ငံေရးသမားက ေတာအုပ္တခုလုံးကိုၾကည့္တဲ့အျမင္ ရွိရပါတယ္။ စစ္ေရး၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ လုံၿခဳံေရးရာအားလုံးကို ၿခဳံငုံသုံးသပ္ရပါတယ္။
နည္းပညာရွင္ေတြက သက္ဆိုင္ရာအလိုက္ ကြၽမ္းက်င္ရပါတယ္။ သစ္တပင္အျမင္ကို ေတာအုပ္အျမင္အတြက္ ေထာက္ကူျပဳ ေပါင္းစပ္ေပးရပါတယ္။
ဗ်ဴ႐ိုကရက္က သစ္ကြက္အလိုက္ စိုက္ပ်ိဳး၊ ထိန္းသိမ္း၊ ထုတ္လုပ္စတဲ့ စီမံခန႔္ခြဲမႈအျမင္ရွိရပါတယ္။
မီဒီယာက သစ္ေတာ၊ သစ္ပင္၊ သစ္႐ြက္ေတြအေၾကာင္း နားလည္ရပါတယ္။ သုံးသပ္ျခင္း၊ check and balance လုပ္ျခင္းေတြရွိရပါတယ္။
အရပ္ဘက္အဖြဲ႕အစည္းေတြက ေျမျပင္ကြၽမ္းက်င္ရပါတယ္။ ေတာအုပ္ျဖစ္တည္မႈ၊ သစ္ပင္တပင္အေရးသာမက သစ္ေတာ၊ သစ္ပင္၊ သစ္႐ြက္အားလုံးကို ေဝဖန္ပိုင္းျခား ေလ့လာသုံးသပ္ႏိုင္ေသာ စြမ္းရည္ေတြရွိရပါမယ္။
ဒါေတြဟန္ခ်က္ညီရင္၊ လူမွန္ေနရာမွန္ရင္ တိုးတက္မႈအရွိန္ျမန္ပါတယ္။ ဒါေတြမမွန္ရင္ ပြတ္တိုက္မႈမ်ားၿပီး ျပႆနာမ်ားနဲ႔ လုံးခ်ာလည္ေနတတ္ပါတယ္။
မူဝါဒေရးရာအေျပာင္းအလဲေတြ၊ မူဝါဒသစ္ျပဌာန္းမႈေတြကိုႏိုင္ငံေရးသမား (politicians)ေတြ ကိုင္တြယ္ရပါတယ္။ ဒါေၾကာင့္လဲ ႏိုင္ငံေရးထဲသြားမယ္ဆိုရင္ ႏိုင္ငံေရးပညာ၊ ႏိုင္ငံတကာေရးရာ၊ ဥပေဒ၊ ျပည္သူ႔ေရးရာမူဝါဒ စတာေတြသင္ယူၾကတာပါ။ ပညာရွင္ျဖစ္ဖို႔ထက္ ပေရာ္ဖက္ရွင္နယ္ ႏိုင္ငံေရးသမားလုပ္ဖို႔ ရည္႐ြယ္ၾကတာပါ။
နည္းပညာရွင္ေတြက သက္ဆိုင္ရာဘာသာရပ္ကြၽမ္းက်င္ေအာင္လုပ္ၾကပါတယ္။ ဗ်ဴ႐ိုကရက္ေတြက စီမံအုပ္ခ်ဳပ္ေရးပညာေတြေလ့လာၾကပါတယ္။
ဗ်ဴ႐ိုကရက္နဲ႔နည္းပညာရွင္က ႏိုင္ငံေရးသမား မျဖစ္ႏိုင္ဘူးလားလို႔ေမးၾကပါတယ္။ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ တာ၀န္ယူၿပီးရင္ေတာ့ ဗ်ဴ႐ို ကရက္ ဉာဥ္နဲ႔ ပညာတတ္ဉာဥ္ေလးေတြကို ေဖ်ာက္ရပါလိမ့္မယ္။ ႏိုင္ငံေရးသမားကလဲ ဗ်ဴ႐ိုကရက္တာ၀န္ယူရင္ ႏိုင္ငံေရးဉာဥ္ေလးကို ေဖ်ာက္ရပါလိမ့္မယ္။ ဆရာ၀န္ကႏိုင္ငံေရးသမားလုပ္ရင္ က်န္းမာေရး၊ လူမႈေရးေလာက္ပဲ စိတ္၀င္စားလို႔မရပါ။ စစ္ဗိုလ္ကႏိုင္ငံေရးသမားလုပ္ရင္ စစ္ေရး၊ ႏိုင္ငံေရးေလာက္ပဲ ေျပာေနလို႔မရပါ။ ပေရာ္ဖက္ဆာက ႏိုင္ငံေရးလုပ္ၿပီး လူထုကို ဆရာလိုက္လုပ္ေနလို႔မရပါ။ ႏိုင္ငံေရးသမားလို က်င့္ႀကံရပါမယ္။
ဘယ္လိုခြဲမလဲဆိုၾကပါတယ္။
ဥပမာ- ႐ြာတ႐ြာေရာက္ရင္ ႏိုင္ငံေရးသမားက ႐ြာကိုလွည့္ၾကည့္ပါတယ္။ လူေတြနဲ႔ ေႏြးေႏြးေထြးေထြး လက္ေရတျပင္တည္းရွိပါတယ္။ လူထုဆက္ဆံေရး၊ လူထုနဲ႔ တသားတည္းျဖစ္ေရးက သူ႔အလုပ္ပါ။ လူထုရဲ႕ လူေနမႈဘ၀စုံကို သူသိမွ ဒီ႐ြာတိုးတက္ေရးကို policy holder အျဖစ္ျဖစ္ေစ၊ လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ျဖစ္ေစ၊ ပါတီေတြအေနနဲ႔ျဖစ္ေစ သူလုပ္ႏိုင္မွာပါ။
ဗ်ဴ႐ိုကရက္က ႐ြာအုပ္ခ်ဳပ္ေရးနဲ႔ေတြ႕ပါတယ္။ အေျခအေနေမးၿပီးရင္ ၫႊန္ၾကားခ်က္ထုတ္ပါတယ္။ နည္းပညာရွင္ဆရာ၀န္ကေဆးကုပါလိမ့္မယ္။ က်န္းမာေရးေဟာပါလိမ့္မယ္။ နည္းပညာရွင္ အင္ဂ်င္နီယာက ႐ြာလမ္းမေဖာက္ဖို႔ ေျမျပင္ၾကည့္ပါလိမ့္မယ္။
လူမွန္ေနရာမွန္ျဖစ္ျခင္း၊ မျဖစ္ပါကလဲ မိမိကိုယ္ကို ျပဳျပင္ေျပာင္းလဲယူၾကျခင္းျဖင့္ တိုင္းျပည္တည္ေဆာက္ျခင္း ပိုမိုအားေကာင္းလာပါေစ။
ေဆာင္းပါးပါအေၾကာင္းအရာမ်ားဟာ ေဆာင္းပါးရွင္ရဲ႕အာေဘာ္ျဖစ္ျပီး Voice Of Myanmar ရဲ႕ အာေဘာ္မဟုတ္ေၾကာင္း အသိေပးပါတယ္။