ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားခရီးသွားတွေကို အမှီပြုနေရသူတွေ အခက်တွေ့

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားခရီးသွားတွေကို အမှီပြုနေရသူတွေ အခက်တွေ့ ဖေဖော်ဝါရီ ၇-၂၀၂၀ ရှိုင်းအောင် (VOM ) မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ အလာကျဲနေတဲ့အချိန် မြန်မာ့အိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံက ခရီးသွားတွေကို အားပြုလို့ အဆင်ပြေခဲ့ပေမယ့် ခုတော့ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားဦးရေ တဝက်လောက်လျော့သွားပါတယ်။ ဒါကြောင့် ပြည်ပခရီးသွားလုပ်ငန်းတွေကို အမှီပြုပြီးလုပ်ကိုင်စားသောက်နေရတဲ့သူတွေဟာ စားဝတ်နေရေး အခက်ခဲတွေရှိလာပါတယ်။ မန္တလေးနဲ့ အလှမ်းမဝေးတဲ့ အင်းဝမြို့ဟောင်းမှာ ခရီးသွားတွေနဲ့ အမှီသဟဲပြုနေရသူတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတာ VOM သတင်းထောက် ကိုရှိုင်းအောင် က ရိုက်ကူး တင်ဆက်ပေးထားပါတယ်။ ရိုက်ကူး ရှိုင်းအောင် တည်းဖြတ် လင်းခိုင် #voiceofmyanmar #VOM #အင်းဝ #ခရီးသွားလုပ်ငန်းကျဆင်း Zawgyi ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားခရီးသွားတွေကို အမှီပြုနေရသူတွေ အခက်တွေ့ ဖေဖော်ဝါရီ ၇-၂၀၂၀ ရှိုင်းအောင် (VOM ) မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ…

Read More

ရသေ့တောင်မှာ ပစ်ခတ်မှုတွေဖြစ်ပြီး ရေဘုတ် နဲ့ ဆောက်ခတ်ရွာတွေက အမျိုးသမီး ၄ ဦးဒဏ်ရာရ

ရသေ့တောင်မှာ ပစ်ခတ်မှုတွေဖြစ်ပြီး ရေဘုတ် နဲ့ ဆောက်ခတ်ရွာတွေက အမျိုးသမီး ၄ ဦးဒဏ်ရာရ ရသေ့တောင်၊ ဖေဖော်ဝါရီ ၇- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနေ့က ၆ နာရီခန့်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ရေယာဉ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျဉ်ကြောင့် ရေဘုတ် နဲ့ ဆောက်ခတ်ရွာတွေက အမျိုးသမီး ၄ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒဏ်ရာရရှိသူတွေမှာ ရေဘုတ်ကျေးရွာက ဒေါ်ယဉ်ကျော့နု အသက်(၄၈) နှစ်မှာ ခြေသလုံးပွတ်ဒဏ်ရာနဲ့ တူမလေးဖြစ်သူ မပိုးဖြူသိန်း အသက်(၁၈) နှစ်မှာ ဘယ်ဖက်ပေါင် ကျဉ်ဖောက်ဒဏ်ရာ၊ ဆောက်ခတ်ကျေးရွာက ဒေါ်မဘုံကြီး (၇၀) နှစ်မှာ ပခုံးဒဏ်ရာနဲ့ ဒေါ်ဆန်းခင်ချေ (၂၈) နှစ်မှာ မျက်နှာ ယမ်းအပူဟပ်ဒဏ်ရာ စသည်အားဖြင့် ဒဏ်ရာအသီးသီးရရှိသွားကြောင်း သတင်းရရှိပါတယ်။ အဲ့ဒီဒဏ်ရာရရှိသူတွေကို…

Read More

စက်မှုဝန်ကြီးဌာနက သိမ်းခဲ့တဲ့ မြေတွေကို မူလတောင်သူတွေကို ပြန်ပေးပေမယ့် မရသေးတဲ့ တောင်သူတွေကျန်

စက်မှုဝန်ကြီးဌာနက သိမ်းခဲ့တဲ့ မြေတွေကို မူလတောင်သူတွေကို ပြန်ပေးပေမယ့် မရသေးတဲ့ တောင်သူတွေကျန် စစ်ကိုင်း ဖေဖော်ဝါရီ ၇-၂၀၂၀ မောင်တာရာ( VOM) စစ်ကိုင်းမြို့နယ်၊ရွာသစ်ကြီးစံပြရွာမှာ စက်မှုဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ မြေတွေထဲကနေ မြေဧက ၁၃၃ဒသမ ၁၂ ဧကကို မူလတောင်သူတွေဆီ ပြန်လည်ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၆ ရက်နေ့၊နံနက်ပိုင်း ကျင်းပခဲ့ပေမယ့် မရတဲ့တောင်သူတချို့ကတော့ ကျေနပ်မှု မရှိဘူးလိ့ု ဆိုပါတယ်။ ရွာသစ်ကြီး စံပြရွာအုပ်စုအတွင်းမှာ အမှတ်(၁)စက်မှုဝန်ကြီးဋ္ဌာနက နေချည်မျှင်နှင့်အထည်စက်ရုံဆောက်ရန်အတွက် ၁၉၆၉ ခုနှစ်ကမြေဧကပေါင်း ၅၀၀ ခန့်သိမ်းယူခဲ့ပါတယ်။ အဲဒီ သိမ်းယူခံခဲ့ရတဲ့ မြေဧကတွေထဲကမှ မြေဧက ၁၃၃ဒသမ ၁၂ဧကကို ယာယီလုပ်ပိုင်ခွင့်ပုံစံ ( ၃)နဲ့ တကွ မူလပိုင်ရှင်တစ်ဦးချင်းစီကို စစ်ကိုင်းမြို့နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စီစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနဲ့ အဖွဲ့ကပြန်လည်ပေးအပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #စစ်ကိုင်း #ရွာသစ်ကြီး #စက်မှုဝန်ကြီးဌာန…

Read More

ဂျပန်ကမ်းလွန် အပျော်စီးသဘောၤပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦးထိရှိလာ

ဂျပန်ကမ်းလွန် အပျော်စီးသဘောၤပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦးထိရှိလာ တိုကျို၊ ဖေဖော်ဝါရီ-၇-၂၀၂၀ မျိုးဆက် (VOM) ဂျပန်ကမ်းလွန်ရှိ အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ဦးကို ကူးစက်ခံထားရကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ သင်္ဘောနှင့်လိုက်ပါလာသူတွေထဲမှာ ရောဂါကူးစက်ခံထားသူဦးရေ ၆၁ဦးထိရှိသွားပြီဖြစ်ပါတယ်။ လူပေါင်း၃၇၀၀လိုက်ပါလာတဲ့ ဒိုင်းမွန်းပရင့်စ်သင်္ဘောကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကြောင့် ယိုကိုဟားမားမှာ သီတင်းနှစ်ပတ်ထက်မနည်း သီးခြားထားပြီး စောင့်ကြည့်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အဲဒီသင်္ဘောပေါ်မှာ လိုက်ပါစီးနှင်းခဲ့ဖူးသူ အသက်၈၀အရွယ် ဟောင်ကောင် အမျိုးသားတစ်ဦးဟာ ကိုရိုနာရောဂါကူးစက်ခံထားရကြောင်း သိရှိရပြီးနောက် သင်္ဘောပေါ်ကလူတွေကို စစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီ၂၀နေ့က ယိုကိုဟားမားရှိ အပျော်စီးသဘောၤကို လိုက်ပါစီးနင်းခဲ့ပြီး ဇန်နဝါရီ၂၅ရက်မှာ ဟောင်ကောင်ကို ရောက်ရှိချိန်မှာတော့ သင်္ဘောပေါ်ကနေ ဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒိုင်းမွန်းပရင့်စ်သင်္ဘောအပြင် အခြားသီးခြားခွဲထားတဲ့ အပျော်စီးသင်္ဘောကတော့ ဟောင်ကောင်မှာဖြစ်ပြီး World Dreamအမည်ရှိ သင်္ဘောပေါ်မှာ စီးနှင်းဖူးတဲ့ ခရီးသည်ရှစ်ဦး ရောဂါကူးစက်ခံထားရတာကြောင့် သီးခြားခွဲထားပြီး…

Read More

တရုတ်ခရီးသွားကျဆင်းလို့ ဥရောပခရီးသွားနဲ့ ပြန်ဖြည့်မယ်

တရုတ်ခရီးသွားကျဆင်းလို့ ဥရောပခရီးသွားနဲ့ ပြန်ဖြည့်မယ် မန္တလေး ဖေဖော်ဝါရီ ၆ -၂၀၂၀ ဖြူဖြူ(VOM) တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပေါ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုတွေကြောင့် တရုတ်ခရီးသွားကျဆင်းသွားတဲ့အတွက် ဥရောပခရီးသွားနဲ့ ပြန်ဖြည့်နိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကသိရပါတယ်။ ” ဥရောပ မားကတ်ကို တက်လှမ်းနိုင်အောင် ပရိုမိုးရှင်း တွေ လုပ်နေတယ်။ ကျနော်တို့ ခရီးစဉ်ဒေသတွေကို documentary (မှတ်တမ်းရုပ်ရှင်)တွေ ရိုက်ပြီး ကမ္ဘာ့ ခရီးသွား ဈေးကွက်ကို ချပြဖို့တွေ လုပ်နေပါတယ်။ “လို့ မန္တလေးတိုင်း ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောပါတယ်။ အရင်က နေ့စဉ် တရုတ်ခရီးသွား ၁၂၀၀ နဲ့ ၂၀၀၀ ကြားဝင်ရောက်နေရာက အခုဆို ၆၀ နဲ့ ၂၀၀ ဝန်းကျင်သာ ဝင်ရောက်တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားကျဆင်းသွားပေမယ့် အနောက်တိုင်းခရီးသွားကတော့ သိသိသာသာ…

Read More

ဘူးသီးတောင် ကင်းတောင်ရွာမှာ ဈေးဆိုင်ခန်းတွေ မီးလောင်

ဘူးသီးတောင် ကင်းတောင်ရွာမှာ ဈေးဆိုင်ခန်းတွေ မီးလောင် ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၇- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီကနေ့မနက်အစောပိုင်း ၂ နာရီခန့်က ဈေးဆိုင်ခန်းတွေနဲ့ လူနေအိမ် တချို့မီးလောင်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ အဲ့ဒီ ကင်းတောင်ကျေးရွာ မီးလာင်မှုဟာ အနီးအနားက လက်ဖက်ရည်ဆိုင်က စတင်ဖြစ်ပွားခဲ့ပြီးတော့ ဆိုင်ခန်းပေါင်း ၄၄ ခန်းရှိရာမှာ အခန်းပေါင်း ၂၀ မီးလောင်မှုဖြစ်ပွားကာ၊ လူနေအိမ် ၂ လုံးလည်း ပါဝင်ကြောင်း သိရပါတယ်။ ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာနေ မီးငြိမ်သတ်ရာမှာ ပါဝင်သူ ဦးလုံးချောက” လဖက်ရည်ဆိုင်က ပေါ့ဆမီးလောင်သွားတာပါ။ မီးလောင်တာမှာ ဆိုင်ခန်း ၂၀ ခန်းပါသွားတယ်။ မီးလောင်တော့ ကင်းတောင်ကနေ ကျနော်တို့ကို ဆက်သွယ်တယ်။ ကျနော်တို့လည်းသွားကြည့် ခဲ့တယ်။” လို့ ဆိုပါတယ်။ အဲ့ဒီ လက်ဖက်ရည်ဆိုင်တစ်ခုက ပေါ့ဆမီးအဖြစ်စတင်လောင်ကျွမ်းခဲ့တဲ့ မီးဘေးအန္တရာယ်ကျရောက်နေစဉ်…

Read More

ယီမင်အယ်လ်ခိုင်ဒါခေါင်းဆောင်ကို အမေရိကန်လေကြောင်းတိုက်ခိုက်ပြီး သုတ်သင်

ယီမင်အယ်လ်ခိုင်ဒါခေါင်းဆောင်ကို အမေရိကန်လေကြောင်းတိုက်ခိုက်ပြီး သုတ်သင် ဝါရှင်တန်၊ ဖေဖော်ဝါရီ-၇-၂၀၂၀။ မျိုးဆက် (VOM) အာရေဘီယံကျွန်းဆွယ်(အေကျူအေပီ)မှာ လှုပ်ရှားနေတဲ့ အယ်လ်ကိုင်ဒါခေါင်းဆောင်တစ်ဦးကို အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတခုမှာ သုတ်သင်လိုက်တယ်လို့ သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။ ကာစင်အယ်ရေမီဆိုသူ အယ်လ်ခိုင်ဒါခေါင်းဆောင်ဟာ ၂၀၁၅ခုနှစ်ကစပြီး ဂျီဟတ်အဖွဲ့ကို ဦးဆောင်ခဲ့တာဖြစ်ပြီး ယီမင်မှာ ပြုလုပ်တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း သေဆုံးသွားတာဖြစ်တယ်လို့ အိမ်ဖြူတော်ကလည်း အတည်ပြုခဲ့ပါတယ်။ ယီမင်အယ်လ်ခိုင်ဒါခေါင်းဆောင်ဟာ ၂၀၀၀ပြည့်နှစ်တွေမှာ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်ခဲ့တဲ့ကိစ္စတွေနဲ့လည်း ဆက်နွယ်နေသူဖြစ်ပါတယ်။ သူဟာ အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ယခင်အဖွဲ့ခေါင်းဆောင်ဟောင်းရဲ့နေရာကို ဆက်ခံခဲ့တာဖြစ်ပါတယ်။ အေကျူအေပီ ဂျီဟတ်အဖွဲ့ဟာ ယီမင်နိုင်ငံအတွင်းရှိ အယ်လ်ကိုင်ဒါတို့ရဲ့ ဒေသတွင်းအဖွဲ့ခွဲနှစ်ခုမှ ၂၀၀၉ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းအနောက်အုပ်စုလွှမ်းမိုးမှုတွေကို ဖယ်ရှားဖို့နဲ့ အမေရိကန်ထောက်ခံတဲ့ အစိုးရတွေကို ဖြုတ်ချရေးလုပ်ဆောင်ခဲ့ဖို့ဖြစ်ပါတယ်။ Ref : BBC Photo: Getty Images #voiceofmyanmar #VOM #အယ်လ်ခိုင်ဒါ…

Read More

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ မူဆယ် ၊ဖေဖေါ်ဝါရီ ၇-၂၀၂၀ ဖြူဖြူဖွေး(VOM) တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦး မူဆယ်ဒေသကို ရောက်ရှိနေကြောင်း အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဖေဖေါ်ဝါရီလ ၆ ရက်နေ့က အပူတပြင်းရှာဖွေခဲ့ရာ ညနေ ၆ နာရီခွဲ အချိန်ခန့်မှာ ပန်ဆိုင်း(ကြူကုတ်)မြို့မှာ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ မကျင်းရွှေဖန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံထားရတဲ့ လက္ခဏာ မရှိဘူးလို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးက သိရပါတယ်။ “ ကျွန်တော်တို့ဘက်ကစစ်တော့လည်း ရောဂါလက္ခဏာမတွေ့ရပါဘူး၊ တရုတ်နိုင်ငံဘက်က ဒီနေ့အကြောင်းပြန်လာတဲ့အထဲမှာလည်း အဲဒီအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရမှုမရှိဘူးလို့လည်း အကြောင်းပြန်ကြားလာပါတယ်။ ကျန်ရှိနေတဲ့တရုတ်နိုင်ငံသား ၄ ဦးကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်းပြီး အပူတပြင်းလိုက်လံစုံစမ်းရှာဖွေနေပါတယ်”…

Read More

ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုပြုလုပ်တဲ့အပြင် တောင်သူတွေကို ခြေချုပ်ဥပဒေနဲ့တရားစွဲတဲ့အတွက် မကျေနပ်မှုဖြစ်ပွား

ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုပြုလုပ်တဲ့အပြင် တောင်သူတွေကို ခြေချုပ်ဥပဒေနဲ့တရားစွဲတဲ့အတွက် မကျေနပ်မှုဖြစ်ပွား ရေစကြို၊ ဖေဖော်ဝါရီ ၇-၂၀၂၀ မိုးယံ(VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ဟောင်း၊ ကိုင်းမကြီးကျေးရွာအုပ်စု၊ မြေခဲတောင် ကျေးရွာမှာ အထက်ကညွန်ကြားချက်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လမ်းကော်မတီတွေက တောင်သူ(၃)ဦးပိုင်တဲ့ မြေနေရာကို ကျေးရွာချင်းဆက်လမ်းချဲ့ဖို့ လမ်းနယ်နမိတ် သက်မှတ်ဖို့ ငုတ်တိုင်တွေစိုက်တာကို မြေပိုင်ရှင်တောင်သူတွေက ကျေနပ်မှုမရှိတဲ့အတွက် ကျော်နင်းမှု ၊ အကျိုးပျက်ဆီးစေမှု၊ အားပေးကူညီမှု စတဲ့ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။ အဲ့ဒီကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုမဖွင့်ခင်က တောင်သူ(၃)ဦးဟာ သူတို့မြေနေရာကို ငုတ်တိုင်စိုက်ထားတဲ့အတွက် ရှင်းလင်းမှုပြုလုပ်ခဲ့ရာ ခြေချုပ်ဥပဒေပုဒ်မ- ၅၁ (စ)(ဆ)နဲ့တရားစွဲခံရပြီး ရဲစခန်းအချုပ်မှာ ရက်(၂၀)ကြာနေခဲ့ရတယ်လို့လည်း သိရပါတယ်။ ‟မြေနီကျောက်စရစ်လမ်းက ပေ၂၀ရှိရာကနေ ၃၈ပေလုပ်မယ်ဆိုပြီး၊ ဘယ်ညာတဖက်ကို၉ပေစီနဲ့ ၂ဖက်၁၈ပေချဲ့ ဖို့ ကော်မတီကလူကြီးတွေက လမ်းပေါ်ကနေ…

Read More

အိန္ဒိယနိုင်ငံ တိုက်ခန်းတွဲတစ်ခုရှိ ရေပိုက်ခေါင်းတွေမှ အရက်၊ ဘီယာရောထားတဲ့ ရေတွေထွက်လာ

အိန္ဒိယနိုင်ငံ တိုက်ခန်းတွဲတစ်ခုရှိ ရေပိုက်ခေါင်းတွေမှ အရက်၊ ဘီယာရောထားတဲ့ ရေတွေထွက်လာ ဒေလီ၊ ဖေဖော်ဝါရီ-၇-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံတောင်ပိုင်း တိုက်ခန်းတွဲတစ်ခုမှာရှိတဲ့ ရေပိုက်ခေါင်းတွေကနေ ဘီယာ၊ ဘရန်ဒီ နဲ့ ရမ်တွေရောနှောပါဝင်တဲ့ရေတွေ ကျဆင်းလာတာကြောင့် နေထိုင်သူတွေ ထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။ အနံ့ပြင်းပြီး အညိုရောင်ရှိတဲ့ အဲဒီရေတွေဟာ ဖေဖော်ဝါရီ ၃ ရက်နံနက်ပိုင်းမှာ ကီရာလာရှိ တိုက်ခန်းတွဲ မီးဖိုချောင်သုံးရေပိုက်ခေါင်းတွေကနေ စတင်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်နေကြတဲ့ ဒေသခံတွေဟာ အာဏာပိုငတွေကို ဆက်သွယ်အကူအညီတောင်းခံခဲ့ပြီး ရေညစ်ညမ်းစေတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဖြစ်စဉ်ကတော့ ဒေသခံများအသုံးပြုတဲ့ ရေတွင်းအနီးမှာ ဖမ်းဆီးသိမ်းယူထားတဲ့ အရက်လီတာ ၆၀၀၀ ကိုမြုပ်နံှထားတာကြောင့်ဖြစ်ပါတယ်။ တရားရုံးရဲ့ အမိန့်နဲ့သိမ်းယူလိုက်ပြီးနောက် တွင်းတစ်ခုအတွင်းမှာထားခဲ့တဲ့ အရက်တွေဟာ မြေဆီလွှာနဲ့ ရေတွင်းတွေဆီ စိမ့်ဝင်သွားခဲ့ြ့ပီး သီရိဆာခရိုင်ရှိ ၁၈ ထပ်တိုက်ခန်းမှာ နေထိုင်သူတွေကို သောက်သုံးရေထောက်ပံ့နေတဲ့ ရေတွင်းထဲကိုလည်း အလားတူ…

Read More
VOM News

FREE
VIEW