ရသေ့တောင်မှာ ပစ်ခတ်မှုတွေဖြစ်ပြီး ရေဘုတ် နဲ့ ဆောက်ခတ်ရွာတွေက အမျိုးသမီး ၄ ဦးဒဏ်ရာရ
ရသေ့တောင်မှာ ပစ်ခတ်မှုတွေဖြစ်ပြီး ရေဘုတ် နဲ့ ဆောက်ခတ်ရွာတွေက အမျိုးသမီး ၄ ဦးဒဏ်ရာရ
ရသေ့တောင်၊ ဖေဖော်ဝါရီ ၇- ၂၀၂၀
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနေ့က ၆ နာရီခန့်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ရေယာဉ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျဉ်ကြောင့် ရေဘုတ် နဲ့ ဆောက်ခတ်ရွာတွေက အမျိုးသမီး ၄ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒဏ်ရာရရှိသူတွေမှာ ရေဘုတ်ကျေးရွာက ဒေါ်ယဉ်ကျော့နု အသက်(၄၈) နှစ်မှာ ခြေသလုံးပွတ်ဒဏ်ရာနဲ့ တူမလေးဖြစ်သူ မပိုးဖြူသိန်း အသက်(၁၈) နှစ်မှာ ဘယ်ဖက်ပေါင် ကျဉ်ဖောက်ဒဏ်ရာ၊ ဆောက်ခတ်ကျေးရွာက ဒေါ်မဘုံကြီး (၇၀) နှစ်မှာ ပခုံးဒဏ်ရာနဲ့ ဒေါ်ဆန်းခင်ချေ (၂၈) နှစ်မှာ မျက်နှာ ယမ်းအပူဟပ်ဒဏ်ရာ စသည်အားဖြင့် ဒဏ်ရာအသီးသီးရရှိသွားကြောင်း သတင်းရရှိပါတယ်။
အဲ့ဒီဒဏ်ရာရရှိသူတွေကို ရသေ့တောင် ဆေးရုံသို့ပို့ဖို့အခက်အခဲရှိကြောင်းနဲ့ လမ်းတွေမကောင်းတဲ့အပြင် ကားလမ်းလည်းပိတ်ထားတယ် ဒါကြောင့် အခက်အခဲတွေအများကြီးရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆောက်ခတ်ကျေးရွာက ဒဏ်ရာရရှိသူ အသက် (၇၀) အရွယ် ဒေါ်မဘုံကြီးမှာ မသွားနိုင်မလာနိုင်သူတစ်ဦးဖြစ်ကာ ရေမျှက်ကျေးရွာကနေ တိုက်ပွဲရှောင်အဖြစ် ဆောက်ခတ်ကျေးရွာသို့လာရောက် ခိုလံှုနစဉ် အခုလို ဒဏ်ရာရရှိသွားတာဖြစ်ကြောင်း သိရပါတယ်။
ဆောက်ခတ်ကျေးရွာက ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်အေးလှိုင်က ” ရေမျှက်က အမျိုးသမီးတစ်ယောက် လက်နက်ကြီးကျည်ကျတယ်။ အသက် ၇၀ ရှိပြီ။ အခုတော့ ပစ်သံခတ်သံတွေတိတ်ဆိတ်သွားပြီ။ အခု သတိတွေပါတွေရနေပြီ။ ဆေးရုံပို့ဖို့လည်း လမ်းတွေအခြေအနေကြောင့် စိုးရိမ်လို့မသွားဖြစ်ဘူး။ ” လို့ မနေ့ ညနေက ဆက်သွယ်စဉ်ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူ းကြီးဝင်းဇော်ဦးကိုဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း သမီးလှ ကုန်တန်းကျေးရွာက မူလတန်းပြကျောင်းဆရာမတစ်ဦးဟာ တပ်မတော် ဇက်ရေယာဉ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ရင်အုံကို ကျည်ဖောက်ပြီး စစ်တွေဆေးရုံကြီးသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရသေ့တောင် #ပစ်ခတ်မှုကြောင့်အမျိုးသမီး၄ဦးဒဏ်ရာရ
Zawgyi
ခိုင်လင်းစံ (VOM)
ဆောက်ခတ်ကျေးရွာက ဒဏ်ရာရရှိသူ အသက် (၇၀) အရွယ် ဒေါ်မဘုံကြီးမှာ မသွားနိုင်မလာနိုင်သူတစ်ဦးဖြစ်ကာ ရေမျှက်ကျေးရွာကနေ တိုက်ပွဲရှောင်အဖြစ် ဆောက်ခတ်ကျေးရွာသို့လာရောက် ခိုလှုံနစဉ် အခုလို ဒဏ်ရာရရှိသွားတာဖြစ်ကြောင်း သိရပါတယ်။
#voiceofmyanmar #VOM #ရသေ့တောင် #ပစ်ခတ်မှုကြောင့်အမျိုးသမီး၎ဦးဒဏ်ရာရ
Related posts
Leave a Comment
VOM News
FREE
VIEW