အိန္ဒိယနိုင်ငံ တိုက်ခန်းတွဲတစ်ခုရှိ ရေပိုက်ခေါင်းတွေမှ အရက်၊ ဘီယာရောထားတဲ့ ရေတွေထွက်လာ

အိန္ဒိယနိုင်ငံ တိုက်ခန်းတွဲတစ်ခုရှိ ရေပိုက်ခေါင်းတွေမှ အရက်၊ ဘီယာရောထားတဲ့ ရေတွေထွက်လာ

ဒေလီ၊ ဖေဖော်ဝါရီ-၇-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံတောင်ပိုင်း တိုက်ခန်းတွဲတစ်ခုမှာရှိတဲ့ ရေပိုက်ခေါင်းတွေကနေ ဘီယာ၊ ဘရန်ဒီ နဲ့ ရမ်တွေရောနှောပါဝင်တဲ့ရေတွေ ကျဆင်းလာတာကြောင့် နေထိုင်သူတွေ ထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။

အနံ့ပြင်းပြီး အညိုရောင်ရှိတဲ့ အဲဒီရေတွေဟာ ဖေဖော်ဝါရီ ၃ ရက်နံနက်ပိုင်းမှာ ကီရာလာရှိ တိုက်ခန်းတွဲ မီးဖိုချောင်သုံးရေပိုက်ခေါင်းတွေကနေ စတင်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်နေကြတဲ့ ဒေသခံတွေဟာ အာဏာပိုငတွေကို ဆက်သွယ်အကူအညီတောင်းခံခဲ့ပြီး ရေညစ်ညမ်းစေတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဖြစ်စဉ်ကတော့ ဒေသခံများအသုံးပြုတဲ့ ရေတွင်းအနီးမှာ ဖမ်းဆီးသိမ်းယူထားတဲ့ အရက်လီတာ ၆၀၀၀ ကိုမြုပ်နံှထားတာကြောင့်ဖြစ်ပါတယ်။

တရားရုံးရဲ့ အမိန့်နဲ့သိမ်းယူလိုက်ပြီးနောက် တွင်းတစ်ခုအတွင်းမှာထားခဲ့တဲ့ အရက်တွေဟာ မြေဆီလွှာနဲ့ ရေတွင်းတွေဆီ စိမ့်ဝင်သွားခဲ့ြ့ပီး သီရိဆာခရိုင်ရှိ ၁၈ ထပ်တိုက်ခန်းမှာ နေထိုင်သူတွေကို သောက်သုံးရေထောက်ပံ့နေတဲ့ ရေတွင်းထဲကိုလည်း အလားတူ စိမ့်ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အံ့သြတုန်လှုပ်ခဲ့ရကြောင်း တိုက်ခန်းပိုင်ရှင်ဖြစ်သူကပြောပါတယ်။ ကံကောင်းတာကတော့ အနံ့ဆိုးတွေကြောင့် ရေကို တိုက်ခန်းနေသူတွေ မသောက်သုံးမိခဲ့ကြောင်း၊ လက်ရှိမှာတော့ တိုက်ခန်းနေမိသားစုတွေဟာ သောက်သုံးရေးသာမက လျှော်ဖွပ်သုံးစွဲဖို့်အတွက်ပါ ရေမရရှိသေးဘူးလို့ သူကပြောဆိုပါတယ်။

Ref : BBC
Photo: Joshy Maliyekkal
#voiceofmyanmar #VOM #အိန္ဒိယ #အရက်နဲ့ဘီယာရောတဲ့ရေ

Zawgyi

အိႏိၵယနိုင္ငံ တိုက္ခန္းတြဲတစ္ခုရိွ ေရပိုက္ေခါင္းေတြမွ အရက္၊ ဘီယာေရာထားတဲ႔ ေရေတြထြက္လာ

ေဒလီ၊ ေဖေဖာ္၀ါရီ-၇-၂၀၂၀
မ်ိဳးဆက္ (VOM)

အိႏိၵယနိုင္ငံေတာင္ပိုင္း တိုက္ခန္းတြဲတစ္ခုမွာရိွတဲ႔ ေရပိုက္ေခါင္းေတြကေန ဘီယာ၊ ဘရန္ဒီ နဲ႔ ရမ္ေတြေရာေနွာပါ၀င္တဲ႔ေရေတြ က်ဆင္းလာတာေၾကာင္႔ ေနထိုင္သူေတြ ထိတ္လန္႔တုန္လႈပ္ခဲ႔ၾကရပါတယ္။

အနံ႕ျပင္းျပီး အညိဳေရာင္ရိွတဲ႔ အဲဒီေရေတြဟာ ေဖေဖာ္၀ါရီ ၃ ရက္နံနက္ပိုင္းမွာ ကီရာလာရိွ တုိက္ခန္းတြဲ မီးဖိုေခ်ာင္သံုးေရပိုက္ေခါင္းေတြကေန စတင္က်ဆင္းလာခဲ႔တာျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ျပီး စိတ္အေနွာက္အယွက္ျဖစ္ေနၾကတဲ႔ ေဒသခံေတြဟာ အာဏာပိုငေတြကို ဆက္သြယ္အကူအညီေတာင္းခံခဲ႔ျပီး ေရညစ္ညမ္းေစတဲ႔ အေၾကာင္းရင္းကို တာ၀န္ရိွသူေတြက ရွာေဖြေတြ႔ရိွခဲ႔ၾကပါတယ္။

ျဖစ္စဥ္ကေတာ႔ ေဒသခံမ်ားအသံုးျပဳတဲ႔ ေရတြင္းအနီးမွာ ဖမ္းဆီးသိမ္းယူထားတဲ႔ အရက္လီတာ ၆၀၀၀ ကိုျမဳပ္နံွထားတာေၾကာင္႔ျဖစ္ပါတယ္။

တရားရံုးရဲ႕ အမိန္႔နဲ႔သိမ္းယူလိုက္ျပီးေနာက္ တြင္းတစ္ခုအတြင္းမွာထားခဲ႔တဲ႔ အရက္ေတြဟာ ေျမဆီလႊာနဲ႔ ေရတြင္းေတြဆီ စိမ္႔၀င္သြားခဲ႔ျ႔ပီး သီရိဆာခရိုင္ရိွ ၁၈ ထပ္တိုက္ခန္းမွာ ေနထိုင္သူေတြကို ေသာက္သံုးေရေထာက္ပံ႕ေနတဲ႔ ေရတြင္းထဲကိုလည္း အလားတူ စိမ္႔၀င္သြားခဲ႔တာျဖစ္ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး အံ႕ၾသတုန္လႈပ္ခဲ႔ရေၾကာင္း တိုက္ခန္းပိုင္ရွင္ျဖစ္သူကေျပာပါတယ္။ ကံေကာင္းတာကေတာ႔ အနံ႕ဆိုးေတြေၾကာင္႔ ေရကို တိုက္ခန္းေနသူေတြ မေသာက္သံုးမိခဲ႔ေၾကာင္း၊ လက္ရိွမွာေတာ႔ တိုက္ခန္းေနမိသားစုေတြဟာ ေသာက္သံုးေရးသာမက ေလွ်ာ္ဖြပ္သံုးစြဲဖို႔္အတြက္ပါ ေရမရရိွေသးဘူးလို႔ သူကေျပာဆိုပါတယ္။

Ref : BBC
Photo: Joshy Maliyekkal
#voiceofmyanmar #VOM #အိႏိၵယ #အရက္နဲ႕ဘီယာေရာတဲ႕ေရ

Related posts

Leave a Comment

VOM News

FREE
VIEW