စက်မှုဝန်ကြီးဌာနက သိမ်းခဲ့တဲ့ မြေတွေကို မူလတောင်သူတွေကို ပြန်ပေးပေမယ့် မရသေးတဲ့ တောင်သူတွေကျန်

စက်မှုဝန်ကြီးဌာနက သိမ်းခဲ့တဲ့ မြေတွေကို မူလတောင်သူတွေကို ပြန်ပေးပေမယ့် မရသေးတဲ့ တောင်သူတွေကျန်

စစ်ကိုင်း ဖေဖော်ဝါရီ ၇-၂၀၂၀
မောင်တာရာ( VOM)

စစ်ကိုင်းမြို့နယ်၊ရွာသစ်ကြီးစံပြရွာမှာ စက်မှုဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ မြေတွေထဲကနေ မြေဧက ၁၃၃ဒသမ ၁၂ ဧကကို မူလတောင်သူတွေဆီ ပြန်လည်ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၆ ရက်နေ့၊နံနက်ပိုင်း ကျင်းပခဲ့ပေမယ့် မရတဲ့တောင်သူတချို့ကတော့ ကျေနပ်မှု မရှိဘူးလိ့ု ဆိုပါတယ်။

ရွာသစ်ကြီး စံပြရွာအုပ်စုအတွင်းမှာ အမှတ်(၁)စက်မှုဝန်ကြီးဋ္ဌာနက နေချည်မျှင်နှင့်အထည်စက်ရုံဆောက်ရန်အတွက် ၁၉၆၉ ခုနှစ်ကမြေဧကပေါင်း ၅၀၀ ခန့်သိမ်းယူခဲ့ပါတယ်။

အဲဒီ သိမ်းယူခံခဲ့ရတဲ့ မြေဧကတွေထဲကမှ မြေဧက ၁၃၃ဒသမ ၁၂ဧကကို ယာယီလုပ်ပိုင်ခွင့်ပုံစံ ( ၃)နဲ့ တကွ မူလပိုင်ရှင်တစ်ဦးချင်းစီကို စစ်ကိုင်းမြို့နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စီစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနဲ့ အဖွဲ့ကပြန်လည်ပေးအပ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ရွာသစ်ကြီး #စက်မှုဝန်ကြီးဌာန

Zawgyi


မောင်တာရာ( VOM)

စစ်ကိုင်းမြို့နယ်၊ရွာသစ်ကြီးစံပြရွာမှာ စက်မှုဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ မြေတွေထဲကနေ မြေဧက ၁၃၃ဒသမ ၁၂ ဧကကို မူလတောင်သူတွေဆီ ပြန်လည်ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၆ ရက်နေ့၊နံနက်ပိုင်း ကျင်းပခဲ့ပေမယ့် မရတဲ့တောင်သူတချို့ကတော့ ကျေနပ်မှု မရှိဘူးလို့ ဆိုပါတယ်။




Related posts

Leave a Comment

VOM News

FREE
VIEW