ဗီအိုအမ်ရဲ့ ညနေ ၆နာရီခွဲ သတင်းအစီအစဉ်ကို စန္ဒာမုနိဘုရားရင်ပြင်ကနေ တင်ဆက်မှု
ဗီအိုအမ်ရဲ့ ညနေ ၆နာရီခွဲ သတင်းအစီအစဉ်ကို စန္ဒာမုနိဘုရားရင်ပြင်ကနေ တင်ဆက်မှု ဖေဖေါ်ဝါရီ ၂၆-၂၀၂၀ မူဆယ်မြို့က နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်ဖြစ်သည့် မန့်ဝိန်းဂိတ် တွင် ကိုယ်အပူချိန်လွန်ကဲနေသော အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးကို တွေ့ရပြီး ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး မူဆယ်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်ကုသပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေဆီက သိရတဲ့သတင်း။ နေပြည်တော်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ရက်နေ့က မူကြိုကျောင်းသူ အသက်(၄)နှစ် (၄)လအရွယ်ကို အတန်းအတူတက်တဲ့ အသက်အရွယ်တူ မူကြိုကျောင်းသားက အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့သတင်း။ မူဆယ်မြို့လယ် အမှတ်၁ စည်ပင်သာယာဈေးဘေးကပ်လျက်က ငွေလဲလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုင်မှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နံနက် ၆ နာရီအချိန်က အုပ်စုဖွဲ့ပြီး ငွေကျပ်သိန်းတစ်ရာကျော် အလုခံရတဲ့သတင်း။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က အချိန်အခါမဟုတ် လေပြင်းတိုက်ခက်မှုကြောင့်…
Read More
အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲ လပ်ဗီးဂတ်စ်မြို့မှာ ကျင်းပဖို့ ဒေါ်နယ်ထရန့်စီစဉ်
အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲ လပ်ဗီးဂတ်စ်မြို့မှာ ကျင်းပဖို့ ဒေါ်နယ်ထရန့်စီစဉ် ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၀ မျိုးဆက် (VOM) အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို လပ်ဗီးဂတ်မြို့မှာ လာမယ့်မတ်လအတွင်းကျင်းပဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စီစဉ်နေပြီး အာဆီယံခေါင်းဆောင်တွေကို ဖိတ်ကြားထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောပါတယ်။ အာဆီယံနဲ့ အမေရိကန်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ပြီးခဲ့တဲ့နှစ်က ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကြောင်း ယခုနှစ်ဆွေးနွေးပွဲကို ထိခိုက်လာနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပယ်ချလိုက်ပြီး ထိပ်သီးဆွေးနွေးပွဲကို မတ်လ ဒုတိယပတ်မှာ ကျင်းပသွားမယ်လို့ သူက အတည်ပြုပြောဆိုပါတယ်။ ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် နိုဝင်ဘာလမှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ Pacific Rim ထိပ်သီးဆွေးနွေးပွဲကို ချီလီနိုင်ငံက ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်းမှာ အာဆီယံအဖွဲ့နဲ့ ဆွေးနွေးဖို့ အမေရိကန်က စီစဉ်နေတာဖြစ်ပါတယ်။ လပ်ဗီးဂတ်မှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲသို့ သမ္မတဒေါ်နယ်ထရန့်တက်ရောက်မှာဖြစ်ပြီး မတ် ၁၂…
Read More
အိန္ဒိယက ဆန္ဒပြပွဲတွေ လူမျိုးရေးအသွင်ဆောင်လာ၊ လူ ၂၀ သေဆုံးပြီး ၂၀၀ နီးပါးဒါဏ်ရာရ
အိန္ဒိယက ဆန္ဒပြပွဲတွေ လူမျိုးရေးအသွင်ဆောင်လာ၊ လူ ၂၀ သေဆုံးပြီး ၂၀၀ နီးပါးဒါဏ်ရာရ ဒေလီ၊ ဖေဖော်ဝါရီ-၂၆-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ မွတ်စလင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တွေကို အကြမ်းဖက်တိုက်ခိုက်ခံရတာတွေနဲ့အတူ ဒေလီမြို့မှာတတိယမြောက်ညအဖြစ် မငြိမ်မသက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ပဋိပက္ခတွေကြောင့် လက်ရှိအချိန်ထိ လူ၂၀ဦးသေဆုံးသွားပြီး ဆယ်စုနှစ်များစွာအတွင်း ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အသေအပျောက်အများဆုံး အကြမ်းဖက်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ နှစ်ဘက်အကြားပဋိပက္ခတွေဟာ အိန္ဒိယနိုင်ငံရဲ့ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်အပေါ် ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား ဖေဖော်ဝါရီ ၂၃ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဘာသာရေးအပေါ်အခြေခံပြီး တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာပါ။ သေဆုံးသူများထဲမှာ ဟိန္ဒူနဲ့ မွတ်စလင်တွေပါဝင်နေပြီး လူ ၂၀၀ နီးပါးဒါဏ်ရာရရှိခဲ့ကြောင်း ဂုရုတက်ဘဟာဒါ ဆေးရုံမှ တာဝန်ရှိသူတွေက ပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဒေလီမြို့လယ်နဲ့ ၁၈ ကီလိုမီတာသာကွာဝေးတဲ့ Maujpur, Mustafabad, Jaffrabad , Shiv Vihar…
Read More
အိန္ဒိယက ဆန္ဒပြပွဲတွေ လူမျိုးရေးအသွင်ဆောင်လာ၊ လူ ၂၀ သေဆုံးပြီး ၂၀၀ နီးပါးဒါဏ်ရာရ
အိန္ဒိယက ဆန္ဒပြပွဲတွေ လူမျိုးရေးအသွင်ဆောင်လာ၊ လူ ၂၀ သေဆုံးပြီး ၂၀၀ နီးပါးဒါဏ်ရာရ ဒေလီ၊ ဖေဖော်ဝါရီ-၂၆-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ မွတ်စလင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တွေကို အကြမ်းဖက်တိုက်ခိုက်ခံရတာတွေနဲ့အတူ ဒေလီမြို့မှာတတိယမြောက်ညအဖြစ် မငြိမ်မသက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ပဋိပက္ခတွေကြောင့် လက်ရှိအချိန်ထိ လူ၂၀ဦးသေဆုံးသွားပြီး ဆယ်စုနှစ်များစွာအတွင်း ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အသေအပျောက်အများဆုံး အကြမ်းဖက်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ နှစ်ဘက်အကြားပဋိပက္ခတွေဟာ အိန္ဒိယနိုင်ငံရဲ့ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်အပေါ် ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား ဖေဖော်ဝါရီ ၂၃ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဘာသာရေးအပေါ်အခြေခံပြီး တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာပါ။ သေဆုံးသူများထဲမှာ ဟိန္ဒူနဲ့ မွတ်စလင်တွေပါဝင်နေပြီး လူ ၂၀၀ နီးပါးဒါဏ်ရာရရှိခဲ့ကြောင်း ဂုရုတက်ဘဟာဒါ ဆေးရုံမှ တာဝန်ရှိသူတွေက ပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဒေလီမြို့လယ်နဲ့ ၁၈ ကီလိုမီတာသာကွာဝေးတဲ့ Maujpur, Mustafabad, Jaffrabad , Shiv Vihar…
Read More
“တောင်ရိုးအရေးကို ပြောဆိုပေးမယ့် ဝန်ကြီးတစ်ပါး လိုအပ်တယ်”
Read More
ကမ္ဘာ့အသက်အကြီးဆုံးအဘိုး အသက် ၁၁၂ နှစ်တွင်ကွယ်လွန်
ကမ္ဘာ့အသက်အကြီးဆုံးအဘိုး အသက် ၁၁၂ နှစ်တွင်ကွယ်လွန် တိုကျို၊ ဖေဖော်ဝါရီ-၂၆-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာ့ပေါ်မှာ သက်ရှိထင်ရှား အသက်အကြီးဆုံး အမျိုးသားအဖြစ် မကြာသေးမီက သတ်မှတ်ခံခဲ့ရတဲ့ ဂျပန်အမျိုးသားဟာ အသက် ၁၁၂ အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ တိုကျိုမြောက်ပိုင်း နီဂါတာပြည်နယ်မှာ ၁၉၀၇ခုနှစ် မတ်လ ၅ ရက်မှာ မွေးဖွားခဲ့တဲ့ ချီတီဆုဝါတာနာဘေးဟာ ပြည်နယ်အတွင်းမှ စောင့်ရှောက်ရေးဂေဟာမှာ ဖေဖော်ဝါရီ ၂၃ ရက်က ကွယ်လွန်သွားတာလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်အဖွဲ့က တရားဝင်အသိအမှတ်ပြုပြီး သီတင်းနှစ်ပတ်အကြာတွင် မစ္စတာချီတီဆုဝါတာနာဘေး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကလေးငါးယောက်ဖခင် ဝါတာနာဘေးဟာ ပူတင်းနဲ့ ရေခဲမုန့်ကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး အသက်ရှည်ချင်တယ်ဆိုရင် ဒေါသမထွက်ပဲ အမြဲပြုံးနေပါလို့ အသက်ရှည်ရခြင်းရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ မစ္စတာဝါတာနာဘေး ကွယ်လွန်ပြီးနောက် ဂျပန်နိုင်ငံမှာ အသက်အရှည်ဆုံးအမျိုးသားကတော့ အသက် ၁၁၀ နှစ်အရွယ်အိုင်ဆာကူတိုမိုဆိုသူဖြစ်ပြီး သူ့ကို…
Read More
အေအေဖမ်းဆီးထားတဲ့ထဲက စစ်ဖက်နဲ့မသက်ဆိုင်သူကို တတိယအသုတ်ပြန်လွှတ်ပေး
အေအေဖမ်းဆီးထားတဲ့ထဲက စစ်ဖက်နဲ့မသက်ဆိုင်သူကို တတိယအသုတ်ပြန်လွှတ်ပေး စစ်တွေ၊ ဖေဖော်ဝါရီ- ၂၀၂၀ ခိုင်လင်းစံ(VOM) တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေအတွင်း တပ်မတော်နဲ့ပတ်သတ်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ အေအေ ဖမ်းဆီးထိန်းသိမ်းထားသူ အငယ်တန်းအင်ဂျင်နီယာတစ်ဦးကို အေအေက မနေ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန် လွှတ်ပေးခဲ့ပါတယ်။ အေအေက လွှတ်ပေးလိုက်သူ အဲ့ဒီ အင်ဂျင်နီယာ အငယ်တန်း(၄) အဆင့်ရာထူးရှိသူမှာ ဦးကျော်ဇင်ထွန်းဖြစ်ကာ မန္တလေးတိုင်း မြင်ခြံခရိုင်၊ တောင်သာမြို့နယ် ကုန်းပုထိုးရွာနေသူ ဖြစ်ပြီး ဖခင် ဦးလှရွှေနဲ့ မိခင် ဒေါ်မြင့်ကြည်ရဲ့သားဖြစ်တယ်လို့ သိရပါတယ်။ ဦးကျော်ဇင်ထွန်း ကိုအေအေက လွှတ်ပေးလိုက်တာဟာ စစ်ဖက်နဲ့မသက်ဆိုင်သူ ဖြစ်တာကြောင့် လွှတ်ပေးတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နာရီ၊ ၂၅ မိနစ်အချိန်မှာ ရသေ့တောင်မြို့နယ် ရေပိုက်ဆုံကျေးရွာ ရွာလူကြီးတွေနဲ့ ရွာကတာဝန်ရှိလူကြီးတွေဆီမှာ စနစ်တကျကောင်းမွန်စွာနဲ့ လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။…
Read More
မူဆယ်က ငွေလဲလုပ်ငန်းတခုမှာ ကျပ်သိန်းတရာကျော်လုယက်မှုဖြစ်
မူဆယ်က ငွေလဲလုပ်ငန်းတခုမှာ ကျပ်သိန်းတရာကျော်လုယက်မှုဖြစ် မူဆယ် ဖေဖေါ်ဝါရီ ၂၆ -၂၀၂၀ ပြည့်စုံ(VOM) မူဆယ်မြို့လယ် အမှတ်၁ စည်ပင်သာယာဈေးဘေးကပ်လျက်က ငွေလဲလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုင်မှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နံနက် ၆ နာရီအချိန်က အုပ်စုဖွဲ့ပြီး ငွေကျပ်သိန်းတစ်ရာကျော် အလုခံရကြောင်းသိရပါတယ်။ “ ကားနှင့်လာတဲ့ ဖြူဖြူချောချော လူငယ်၄ ဦးက ငွေလဲချင်လို့ဆိုပြီး လာပြောတယ်။ ကားပေါ်က လူငယ် ၂ ဦးဆင်းလာပြီး မအေမိန်းရဲ့ ပိုက်ဆံအိတ် နဲ့ကျွန်မရဲ့ပိုက်ဆံအိတ်ကိုလုပါတယ်၊လုလို့မရတော့ ဓါးထုတ်ပြီးလုလို့ မအေမိန်းရဲ့လက်ထိပြီးငွေအိတ်ပါသွားတယ်၊ ကျွန်မ အမြန်ရုန်းလို့ ပါမသွားဘူး၊ ဘေးကလူတွေထွက်ကြည့်နေတုန်း သူတို့ကားနဲ့မောင်းထွက်သွားပါတယ်” လို့ အလုခံရတဲ့ ငွေလဲလုပ်ငန်းလုပ်သူ မစိန်ဝင်းက VOM ကိုပြောပါတယ်။ အဲဒီ ငွေလုယက်မှုနဲ့ ပတ်သက်လို့ မူဆယ်မြို့မရဲစခန်း ယာယီစခန်းမှူး ရဲအုပ်သန့်ဇင်ဦးက ကျွန်တော်တို့ဆီအမှု လာမဖွင့်သေးပါဘူး ၊သို့သော်ကျွန်တော်တို့ ရဲလုပ်ငန်း အရ ဆောင်ရွက်မှုနဲ့…
Read More
နေပြည်တော်မှာ မူကြိုကလေးအချင်းချင်း မဖွယ်မရာပြုကျင့်မှုဖြစ်ပွား
နေပြည်တော်မှာ မူကြိုကလေးအချင်းချင်း မဖွယ်မရာပြုကျင့်မှုဖြစ်ပွား နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆-၂၀၂၀ Voice Of Myanmar နေပြည်တော်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ရက်နေ့က မူကြိုကျောင်းသူ အသက်(၄)နှစ် (၄)လအရွယ်ကို အတန်းအတူတက်တဲ့ အသက်အရွယ်တူ မူကြိုကျောင်းသားက အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့လို့ အမှုဖွင့်တိုင်တန်းမှုတွေရှိတဲ့အကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်းကနေ သိရပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းမှာထားတဲ့သမီးဖြစ်သူကို မိခင်ဖြစ်သူက ရေချိုးပေးနေချိန် မိန်းမကိုယ်နာတယ်လို့ မေးမြန်းတဲ့အခါ မူကြိုကျောင်းမှာ အိပ်ရာမှနိုးတဲ့အချိန် တစ်ခန်းတည်းအတူ မူကြိုတက်ရောက်နေတဲ့ အသက်တူ ယောကျာၤးလေးကျောင်းသားက ကာမဆက်ယှက်တဲ့ပုံစံအတိုင်းလုပ်ခဲ့တယ်လို့ပြောကြောင်းနဲ့ တခြားအတန်းဖေါ်တွေက “ကရော် ကရော်” ရှက်ပါတယ်ဟု ဝိုင်းပြောကြကြောင်း ပြန်လည် ပြောပြသိရှိခဲ့တာ့ကြောင့် မိခင်ဖြစ်သူက ဇဗ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်းကို လာရောက်အမှုဖွင့်ခဲ့တယ်လို့သိရပါတယ်။ သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူကို ဗီအိုအမ်က ဆက်သွယ်မေးကြည့်တော့ “ ဒီဖြစ်စဉ်ဟုတ်ပါတယ်။ ဒီကိစ္စ လျို့ဝက်အနေနဲ့ ဌာနပေါင်းစုံက…
Read More
မင်းပြား ရာမောင်တံတားအနီး တိုက်ပွဲရဟတ်ယာဉ်နဲ့ တိုက်ခိုက်
မင်းပြား ရာမောင်တံတားအနီး တိုက်ပွဲရဟတ်ယာဉ်နဲ့ တိုက်ခိုက် မင်းပြား၊ ဖေဖော်ဝါရီ ၂၅- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ငစရိုင်းချောင်းကျွန်း၊ မင်းရွာအရှေ့ဖက်တောင်တန်းမှာ တပ်မတော်နဲ့ အေအေတို့ ဒီကနေ့နေလည် ၁ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဖက်က ရဟတ်ယာဉ် တစ်စီးနဲ့ တိုက်ခိုက်ခဲ့ကြောင့် သိရပါတယ်။ ” ငစရိုင်းချောင်းကျွန်းမှာ ဖြစ်တာ တိုက်ပွဲက၊ လေယာဉ်တစ်စီးနဲ့လည်းပစ်ခဲ့တယ်။ တိုက်ပွဲဖြစ်တာက အခြေအနေအသေချာမသိဘူး။ ပစ်သံခတ်သံတွေတော့ကြားတယ်။” လို့ မင်းပြားမြို့နယ် ဖားပျော်ကျးရွာသား တစ်ဦးက ပြောပါတယ်။ အဲ့ဒီ တိုက်ပွဲကြောင့် ငစရိုင်းချောင်းကျွန်းရဲ့ ကျေရွာတွေက လူတချို့ထွက်ပြေးရကြောင်းနဲ့ တိုက်ပွဲဖြစ်တဲ့ ပတ်ဝန်းကျင်က နေအိမ်တချို့ ပျက်စီးမှုတွေရှိကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။ ” လေယာဉ် တစ်စီးနဲ့ ပစ်ခဲ့တာရှိတယ်။ မင်းရွာနဲ့ မြစ်နားရွာ ကြားမှာ အိမ်တွေမှာကျတာလည်းရှိတယ်။ မနေ့ ဖေဖော်ဝါရီလ ၂၄…
Read More
VOM News
FREE
VIEW