အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲ လပ်ဗီးဂတ်စ်မြို့မှာ ကျင်းပဖို့ ဒေါ်နယ်ထရန့်စီစဉ်

အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲ လပ်ဗီးဂတ်စ်မြို့မှာ ကျင်းပဖို့ ဒေါ်နယ်ထရန့်စီစဉ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၀
မျိုးဆက် (VOM)

အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို လပ်ဗီးဂတ်မြို့မှာ လာမယ့်မတ်လအတွင်းကျင်းပဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စီစဉ်နေပြီး အာဆီယံခေါင်းဆောင်တွေကို ဖိတ်ကြားထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

အာဆီယံနဲ့ အမေရိကန်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ပြီးခဲ့တဲ့နှစ်က ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကြောင်း ယခုနှစ်ဆွေးနွေးပွဲကို ထိခိုက်လာနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပယ်ချလိုက်ပြီး ထိပ်သီးဆွေးနွေးပွဲကို မတ်လ ဒုတိယပတ်မှာ ကျင်းပသွားမယ်လို့ သူက အတည်ပြုပြောဆိုပါတယ်။

ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် နိုဝင်ဘာလမှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ Pacific Rim ထိပ်သီးဆွေးနွေးပွဲကို ချီလီနိုင်ငံက ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်းမှာ အာဆီယံအဖွဲ့နဲ့ ဆွေးနွေးဖို့ အမေရိကန်က စီစဉ်နေတာဖြစ်ပါတယ်။

လပ်ဗီးဂတ်မှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲသို့ သမ္မတဒေါ်နယ်ထရန့်တက်ရောက်မှာဖြစ်ပြီး မတ် ၁၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သံတမန်အသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဘန်ကောက်မှာကျင်းပတဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိပဲ အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်ကိုသာစေလွှတ်ခဲ့ပါတယ်။ ဒါဟာ ထိပ်သီးဆွေးနွေးပွဲသို့ ရာထူးနိမ့်ပုဂ္ဂိုလ်တစ်ဦးကို ပထမဆုံး ကိုယ်စားစေလွှတ်ခြင်းလည်းဖြစ်ပါတယ်။

Ref & Photo :AFP
#voiceofmyanmar #VOM #အာဆီယံခေါင်းဆောင် #လပ်မီးဂတ်စ်

Zawgyi

အာဆီယံေခါင္းေဆာင္ေတြနဲ႕ ထိပ္သီးေဆြးေႏြးပြဲ လပ္ဗီးဂတ္စ္ျမိဳ႕မွာ က်င္းပဖို႔ ေဒၚနယ္ထရန္႔စီစဥ္

၀ါရွင္တန္၊ ေဖေဖာ္၀ါရီ-၂၆-၂၀၂၀
မ်ိဳးဆက္ (VOM)

အာဆီယံေခါင္းေဆာင္ေတြနဲ႔ ထိပ္သီးေဆြးေႏြးပြဲတစ္ရပ္ကို လပ္ဗီးဂတ္ျမိဳ႕မွာ လာမယ္႔မတ္လအတြင္းက်င္းပဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔က စီစဥ္ေနျပီး အာဆီယံေခါင္းေဆာင္ေတြကို ဖိတ္ၾကားထားတယ္လို႔ အေမရိကန္ နိုင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယိုက ေဖေဖာ္၀ါရီ ၂၅ ရက္မွာ ေျပာပါတယ္။

အာဆီယံနဲ႔ အေမရိကန္တို႔ရဲ႕ ထိပ္သီးေဆြးေႏြးပြဲကို ျပီးခဲ႔တဲ႔နွစ္က က်င္းပနိုင္ခဲ႔ျခင္းမရိွပါဘူး။ ကုိရိုနာဗိုင္းရပ္စ္ေၾကာင္း ယခုနွစ္ေဆြးေႏြးပြဲကို ထိခိုက္လာနုိင္မလားဆိုတဲ႔ ေမးခြန္းအေပၚ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီးက ပယ္ခ်လိုက္ျပီး ထိပ္သီးေဆြးေႏြးပြဲကို မတ္လ ဒုတိယပတ္မွာ က်င္းပသြားမယ္လို႔ သူက အတည္ျပဳေျပာဆုိပါတယ္။

ဆႏၵျပမႈေတြအၾကီးအက်ယ္ျဖစ္ပြားခဲ႔တာေၾကာင္႔ နို၀င္ဘာလမွာျပဳလုပ္ဖို႔ စီစဥ္ထားတဲ႔ Pacific Rim ထိပ္သီးေဆြးေႏြးပြဲကို ခ်ီလီနိုင္ငံက ဖ်က္သိမ္းလိုက္ျပီးေနာက္ပိုင္းမွာ အာဆီယံအဖြဲ႔နဲ႔ ေဆြးေႏြးဖို႔ အေမရိကန္က စီစဥ္ေနတာျဖစ္ပါတယ္။

လပ္ဗီးဂတ္မွာ က်င္းပမယ္႔ ထိပ္သီးေဆြးေႏြးပြဲသို႔ သမၼတေဒၚနယ္ထရန္႔တက္ေရာက္မွာျဖစ္ျပီး မတ္ ၁၂ ရက္မွာ က်င္းပဖို႔ စီစဥ္ထားတယ္လို႔ သံတမန္အသိုင္းအ၀ိုင္းက အတည္ျပဳေျပာဆိုပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရန္႔ဟာ ျပီးခဲ႔တဲ႔နွစ္အတြင္း ဘန္ေကာက္မွာက်င္းပတဲ႔ အာဆီယံထိပ္သီး ေဆြးေႏြးပြဲကို တက္ေရာက္ျခင္းမရိွပဲ အမ်ိဳးသားလံုျခံဳေရးအၾကံေပး ေရာဘတ္အိုဘရိုင္ယန္ကိုသာေစလႊတ္ခဲ႔ပါတယ္။ ဒါဟာ ထိပ္သီးေဆြးေႏြးပြဲသို႔ ရာထူးနိမ္႔ပုဂၢိဳလ္တစ္ဦးကုိ ပထမဆံုး ကုိယ္စားေစလႊတ္ျခင္းလည္းျဖစ္ပါတယ္။

Ref & Photo :AFP
#voiceofmyanmar #VOM #အာဆီယံေခါင္းေဆာင္ #လပ္မီးဂတ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW