မင်းပြား ရာမောင်တံတားအနီး တိုက်ပွဲရဟတ်ယာဉ်နဲ့ တိုက်ခိုက်

မင်းပြား ရာမောင်တံတားအနီး တိုက်ပွဲရဟတ်ယာဉ်နဲ့ တိုက်ခိုက်

မင်းပြား၊ ဖေဖော်ဝါရီ ၂၅- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ငစရိုင်းချောင်းကျွန်း၊ မင်းရွာအရှေ့ဖက်တောင်တန်းမှာ တပ်မတော်နဲ့ အေအေတို့ ဒီကနေ့နေလည် ၁ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဖက်က ရဟတ်ယာဉ် တစ်စီးနဲ့ တိုက်ခိုက်ခဲ့ကြောင့် သိရပါတယ်။

” ငစရိုင်းချောင်းကျွန်းမှာ ဖြစ်တာ တိုက်ပွဲက၊ လေယာဉ်တစ်စီးနဲ့လည်းပစ်ခဲ့တယ်။ တိုက်ပွဲဖြစ်တာက အခြေအနေအသေချာမသိဘူး။ ပစ်သံခတ်သံတွေတော့ကြားတယ်။” လို့ မင်းပြားမြို့နယ် ဖားပျော်ကျးရွာသား တစ်ဦးက ပြောပါတယ်။

အဲ့ဒီ တိုက်ပွဲကြောင့် ငစရိုင်းချောင်းကျွန်းရဲ့ ကျေရွာတွေက လူတချို့ထွက်ပြေးရကြောင်းနဲ့ တိုက်ပွဲဖြစ်တဲ့ ပတ်ဝန်းကျင်က နေအိမ်တချို့ ပျက်စီးမှုတွေရှိကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

” လေယာဉ် တစ်စီးနဲ့ ပစ်ခဲ့တာရှိတယ်။ မင်းရွာနဲ့ မြစ်နားရွာ ကြားမှာ အိမ်တွေမှာကျတာလည်းရှိတယ်။ မနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခဲ့တယ်။” လို့ ဖားပျော်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီးသတင်းကို အတည်ပြုနိုင်ဖို့ တပ်မတော်နဲ့ အေအေ နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါ။

မင်းပြားမြို့နယ်၊ အမ်းသားရွာက ဒေသခံတစ်ဦးက ငစရိုင်းချောင်းဖက်မှာ ဒီကနေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁ နာရီကနေ ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ညနေ ၃ နာရီလောက်မှာ ရပ်သွားပြီး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေကို အမ်းသားရွာက မြင်ရကြောင်း အဲ့ဒေသခံက ပြောပါတယ်။

Crd## ဓာတ်ပုံ- Sai Naw

 

မင္းျပားရာေမာင္တံတားအနီးကတိုက္ပြဲမွာ ရဟတ္ယာဥ္နဲ႔တိုက္ခိုက္

မင္းျပား၊ေဖေဖာ္ဝါရီ၂၅- ၂၀၂၀

ခိုင္လင္းစံ(VOM)

 

ရခိုင္ျပည္နယ္၊မင္းျပားၿမိဳ႕နယ္၊ရာေမာင္တံတားအနီးငစ႐ိုင္းေခ်ာင္းကြၽန္း၊မင္းရြာအေ႐ွ႕ဖက္ေတာင္တန္းမွာ  တပ္မေတာ္နဲ႔ေအေအတို႔ ေဖေဖၚဝါရီ ၂၅ ရက္ ေန႕လယ္၁နာရီခြဲေလာက္ကတိုက္ပြဲျဖစ္ပြားၿပီးတပ္မေတာ္ဖက္ကရဟတ္ယာဥ္တစ္စီးနဲ႔တိုက္ခိုက္ခဲ႔တယ္လိုု႕ သိရပါတယ္။

 

” ငစ႐ိုင္းေခ်ာင္းကြၽန္းမွာျဖစ္တာတိုက္ပြဲက၊ေလယာဥ္တစ္စီးနဲ႔လည္းပစ္ခဲ့တယ္။တိုက္ပြဲျဖစ္တာကအေျခအေနအေသခ်ာမသိဘူး။ပစ္သံခတ္သံေတြေတာ့ၾကားတယ္။”လို႔မင္းျပားၿမိဳ႕နယ္ဖားေပ်ာ္က်းရြာသားတစ္ဦးကေျပာပါတယ္။

 

အဲ့ဒီတိုက္ပြဲေၾကာင့္ငစ႐ိုင္းေခ်ာင္းကြၽန္းရဲ႕ေက်ရြာေတြကလူတခ်ိဳ႕ထြက္ေျပးရေၾကာင္းနဲ႔တိုက္ပြဲျဖစ္တဲ့ပတ္ဝန္းက်င္ကေနအိမ္တခ်ိဳ႕ပ်က္စီးမႈေတြ႐ွိေၾကာင္းေဒသခံျပည္သူေတြကေျပာပါတယ္။

 

” ေလယာဥ္တစ္စီးနဲ႔ပစ္ခဲ့တာ႐ွိတယ္။မင္းရြာနဲ႔ျမစ္နားရြာၾကားမွာအိမ္ေတြမွာက်တာလည္း႐ွိတယ္။မေန႔ေဖေဖာ္ဝါရီလ၂၄ရက္ေန႔ကလည္းရဟတ္ယာဥ္ႏွစ္စီးနဲ႔ပစ္ခဲ့တယ္။”လို႔ဖားေပ်ာ္ရြာကေဒသခံတစ္ဦးကေျပာပါတယ္။

 

ဒီးသတင္းကိုအတည္ျပဳႏိုင္ဖို႔တပ္မေတာ္နဲ႔ေအေအႏွစ္ဖက္ေျပာေရးဆိုခြင့္႐ွိသူေတြကိုဆက္သြယ္ခဲ့ေပမယ့္အဆက္အသြယ္မရ႐ွိခဲ့ပါ။

 

မင္းျပားၿမိဳ႕နယ္၊အမ္းသားရြာကေဒသခံတစ္ဦးကငစ႐ိုင္းေခ်ာင္းဖက္မွာဒီကေန႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီး၁နာရီကေနျဖစ္ပြားတဲ့တိုက္ပြဲဟာညေန၃နာရီေလာက္မွာရပ္သြားၿပီးရဟတ္ယာဥ္နဲ႔ပစ္ခတ္တာေတြကိုအမ္းသားရြာကျမင္ရေၾကာင္းအဲ့ဒီေဒသခံကေျပာပါတယ္။

 

ဓာတ္ပံု- Sai Naw

 

#VOICEOFMYANMAR #VOM #မင္းျပားတိုုက္ပြဲ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW