ပလက်ဝ-ကျောက်တော် စက်လှေပေါ်ကနေ အရပ်သားနှစ်ဦးကို ကျောက်တော်တပ်က ဖမ်းဆီး

ပလက္ဝ ေက်ာက္ေတာ္

ပလက်ဝ-ကျောက်တော် စက်လှေပေါ်ကနေ အရပ်သားနှစ်ဦးကို ကျောက်တော်တပ်က ဖမ်းဆီး

ကျောက်တော်၊ ဖေဖော်ဝါရီ ၂၈- ၂၀၂၀
ခိုင်လင်းစံ (VOM)
မနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းလောက်က ပလက်ဝကနေ ကျောက်တော်ကို ဆင်းလာတဲ့ စက်လှေပေါ်မှာလိုက်ပါလာသူတွေထဲက နှစ်ဦးကို ကျောက်တော်စကခ (၉) က ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း သတင်းရရှိပါတယ်။

ကုလားတန်မြစ်အတွင်း တင်းမကြီး ကျေးရွာအလွန်လောက်မှာ ခရီးသည်တွေလိုက်ပါလာတဲ့ စက်လှေကို သေနတ်ပစ်ဖေါက် ကမ်းကပ်ခိုင်းပြီးမှ ဒီထဲက ၂ယောက်ကို ဖမ်းသွားတာဖြစ်ကြောင်း ကျောက်တော်ဒေသခံတစ်ဦးပြောပြတာက

“ တပ်မကဖမ်းထားလိုက်တယ်။ အဲ့နေရာမှာဘဲ မျက်နှာကို အဝတ်အုပ် လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတယ်လို့ စက်လှေမှာပါတဲ့လူတွေရဲ့ ပြောပြချက်အရ သိရတယ်။” လို့ ဆိုပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့ခရီးသည် (၂) ဦးထဲမှာ တစ်ဦးမှာ ရခိုင်လူငယ်ညီလာခံအဖွဲ့ (AYC)က ကိုကျော်လှဖြစ်ပြီး နောက်တယောက်ကတော့ ဘူးသီးတောင်ဘက်ကဖြစ်ပြီး နာမည်မသိဘူးလို့ ဒေသခံက ဆိုပါတယ်။

” သူတို့ နှစ်ယောက်တည်းပဲ ထိန်းသိမ်းထားလိုက်တာ။ မှတ်ပုံတင်မပါလို့ဆိုပြီး အဲ့ဒီသဘောမျိုးပါ။ သူတို့က ပလက်ဝကနေ ကျောက်တော်ကို လာကြတာ။ လိုင်းဘုတ်မှာက လူတွေအများကြီးပါလာတယ် သူတို့ကိုပဲဖမ်းသွားတာ။ ” လို့ ကျောက်တော်က ဒေသခံက ပြောပြပါတယ်။

မနေ့က ပလက်ဝကနေ ကျောက်တော်သို့ဆင်လာတဲ့ စက်လှေ ၅ စီးလောက်ရှိပြီး ပစ်ခတ်ခံရတဲ့ တစ်စီးမှာ လူလေးယောက်ဒဏ်ရာရရှိသွားကာ ယခု ကျောက်တော်ဆေးရုံသို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။

မနေ့ဖော်ဝါရီလ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာအနီး တောင်တန်းတွေကို တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ နှစ်ကြိမ်တိုင်တိုင်လာရောက်ပစ်ခတ်ပြီး ပစ်ခတ်မှုတွေရှိခဲ့ကြောင်း တင်းမကြီးကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့က ပလက်ဝနဲ့ ကျောက်တော် ဒေသနှစ်ခုကြားမှာ တပ်မတော်နဲ့အေအေ တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပြီး မနေ့ ညနေ ၈ နာရီ လောက်ကစပြီး မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်း မင်းရွာအရှေ့ဖက်တောင်တန်းမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲပြင်းထန်ခဲ့သလို အမ်းမြို့နယ်ဖက်မှာလည်း ပစ်ခတ်မှုတွေရှိခဲ့ကြောင်း့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးမှုအခြေအနေနဲ့ တိုက်ပွဲအခြေအနေသိနိုင်ဖို့ တပ်မတော်နဲ့အေအေ နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

တိုက်ပွဲဖြစ်နေချိန်မှာ တဖက်နဲ့တဖက် မသင်္ကာသူတွေကို ဖမ်းဆီးတာ မကြာခဏဆိုသလို သတင်းတွေရရှိနေပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #ပလက်ဝ

Zawgyi

ပလက္ဝ-ေက်ာက္ေတာ္ စက္ေလွေပၚကေန အရပ္သားႏွစ္ဦးကိုု ေက်ာက္ေတာ္တပ္က ဖမ္းဆီး

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၂၈- ၂၀၂၀
ခိုင္လင္းစံ (VOM)
မေန႔ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ ေန႔လယ္ပိုင္းေလာက္က ပလက္ဝကေန ေက်ာက္ေတာ္ကို ဆင္းလာတဲ့ စက္ေလွေပၚမွာလိုက္ပါလာသူေတြထဲက ႏွစ္ဦးကို ေက်ာက္ေတာ္စကခ (၉) က ဖမ္းဆီးထိန္းသိမ္းထားလိုက္ေၾကာင္း သတင္းရ႐ွိပါတယ္။

ကုလားတန္ျမစ္အတြင္း တင္းမႀကီး ေက်းရြာအလြန္ေလာက္မွာ ခရီးသည္ေတြလိုက္ပါလာတဲ့ စက္ေလွကို ေသနတ္ပစ္ေဖါက္ ကမ္းကပ္ခိုုင္းျပီးမွ ဒီထဲက ၂ေယာက္ကိုု ဖမ္းသြားတာျဖစ္ေၾကာင္း ေက်ာက္ေတာ္ေဒသခံတစ္ဦးေျပာျပတာက

“ တပ္မကဖမ္းထားလိုက္တယ္။ အဲ့ေနရာမွာဘဲ မ်က္ႏွာကို အဝတ္အုုပ္ လက္ျပန္ႀကိဳးတုပ္ျပီး ေခၚသြားတယ္လို႔ စက္ေလွမွာပါတဲ့လူေတြရဲ႕ ေျပာျပခ်က္အရ သိရတယ္။” လို႔ ဆိုုပါတယ္။

အဲ့ဒီ ဖမ္းဆီးခံရတဲ့ခရီးသည္ (၂) ဦးထဲမွာ တစ္ဦးမွာ ရခိုင္လူငယ္ညီလာခံအဖြဲ႔ (AYC)က ကိုေက်ာ္လွျဖစ္ၿပီး ေနာက္တေယာက္ကေတာ့ ဘူးသီးေတာင္ဘက္ကျဖစ္ျပီး နာမည္မသိဘူးလိုု႕ ေဒသခံက ဆိုုပါတယ္။

” သူတို႔ ႏွစ္ေယာက္တည္းပဲ ထိန္းသိမ္းထားလိုက္တာ။ မွတ္ပံုတင္မပါလို႔ဆိုၿပီး အဲ့ဒီသေဘာမ်ိဳးပါ။ သူတို႔က ပလက္ဝကေန ေက်ာက္ေတာ္ကို လာၾကတာ။ လိုင္းဘုတ္မွာက လူေတြအမ်ားႀကီးပါလာတယ္ သူတို႔ကိုပဲဖမ္းသြားတာ။ ” လို႔ ေက်ာက္ေတာ္က ေဒသခံက ေျပာျပပါတယ္။

မေန႔က ပလက္ဝကေန ေက်ာက္ေတာ္သို႔ဆင္လာတဲ့ စက္ေလွ ၅ စီးေလာက္႐ွိၿပီး ပစ္ခတ္ခံရတဲ့ တစ္စီးမွာ လူေလးေယာက္ဒဏ္ရာရ႐ွိသြားကာ ယခု ေက်ာက္ေတာ္ေဆးရံုသို႔ ေရာက္႐ွိေနတယ္လို႔ သိရပါတယ္။

မေန႔ေဖာ္ဝါရီလ ၂၇ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမႀကီးေက်းရြာအနီး ေတာင္တန္းေတြကို တပ္မေတာ္က ရဟတ္ယာဥ္ႏွစ္စီးနဲ႔ ႏွစ္ႀကိမ္တိုင္တိုင္လာေရာက္ပစ္ခတ္ၿပီး ပစ္ခတ္မႈေတြ႐ွိခဲ႔ေၾကာင္း တင္းမႀကီးေက်းရြာက ေဒသခံတစ္ဦးက ေျပာပါတယ္။

မေန႔က ပလက္ဝနဲ႔ ေက်ာက္ေတာ္ ေဒသႏွစ္ခုၾကားမွာ တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲျဖစ္ပြားမႈေတြ႐ွိခဲ့ၿပီး မေန႔ ညေန ၈ နာရီ ေလာက္ကစၿပီး မင္းျပားၿမိဳ႕နယ္ ငစ႐ိုင္းေခ်ာင္းကြၽန္း မင္းရြာအေ႐ွ႕ဖက္ေတာင္တန္းမွာ တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲျပင္းထန္ခဲ့သလိုု အမ္းၿမိဳ႕နယ္ဖက္မွာလည္း ပစ္ခတ္မႈေတြ႐ွိခဲ့ေၾကာင္း ႕ ေဒသခံေတြက ေျပာပါတယ္။

ဖမ္းဆီးမွဳအေျခအေနနဲ႕ တုုိက္ပြဲအေျခအေနသိနုုိင္ဖိုု႕ တပ္မေတာ္နဲ႔ေအေအ ႏွစ္ဖက္ေျပာေရးဆိုခြင့္႐ွိသူေတြကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရ႐ွိခဲ့ပါဘူး။

တိုုက္ပြဲျဖစ္ေနခ်ိန္မွာ တဖက္နဲ႕တဖက္ မသကၤာသူေတြကိုု ဖမ္းဆီးတာ မၾကာခဏဆိုုသလိုု သတင္းေတြရရွိေနပါတယ္။

#voiceofmyanmar #VOM #ေက်ာက္ေတာ္ #ပလက္ဝ

Related posts

Leave a Comment

VOM News

FREE
VIEW