ဆီးရီးယားကို တူရကီ စစ်ရေးတိုက်ခိုက်မှု စတင်

ဆီးရီးယား

ဆီးရီးယားကို တူရကီ စစ်ရေးတိုက်ခိုက်မှု စတင် ဒမတ်စကတ်၊ ဖေဖော်ဝါရီ-၂၈-၂၀၂၀ မျိုးဆက် (VOM) ဆီးရီးယားအနောက်မြောက်ပိုင်းမှာ တူရကီအစိုးရတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင် ၃၃ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တူရကီထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တူရကီဘက်ကနေ ဆီးရီးယားအစိုးရတပ်ဖွဲ့ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။ ဒါပေမယ့် ဆီးရီးယားတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ချိန်မှာ တူရကီတပ်ဖွဲ့ဝင်တွေဟာ ဂျီဟတ်တိုက်ခိုက်ရေး သမားတွေနဲ့အတူ လှုပ်ရှားနေတယ်လို့ ဆီးရီးယားရဲ့ မဟာမိတ် ရုရှားက ပြောပါတယ်။ တူရကီသမ္မတအာဒိုဂန်သည် အန်ကာရာတွင် ထိပ်တန်းအဆင့်လုံခြုံရေး အရေးပေါ်အစည်း အဝေးပြုလုပ်ြ့ပီးနောက် ဆီးရီးယားစစ်ဘက်ရဲ့ပစ်မှတ်တွေကို မြေပြင်နဲ့ ဝေဟင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တူရကီအစိုးရက ထုတ်ပြန်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ခရုဇ်ဒုံးပျံတွေတပ်ဆင်ထားတဲ့ ရုရှားစစ်သင်္ဘောနှစ်စင်းဟာ ဆီးရီးယားကို ဦးတည်ထွက်ခွာနေတယ်လို့ ရုရှားသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဆီးရီးယားအတိုက်အခံသူပုန်တွေလက်ထဲမှာရှိနေဆဲဖြစ်တဲ့ အိုင်ဒလစ်ပြည်နယ်မှာ နောက်ဆုံးဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဆီးရီးယားအစိုးရကတော့ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ Ref: BBC…

Read More

မူဆယ်နယ်စပ်ဂိတ်မှာ လက်နက်ငယ် နှစ်လက် သိမ်းဆည်းရမိ

မူဆယ်နယ်စပ်ဂိတ်မှာ လက်နက်ငယ် နှစ်လက် သိမ်းဆည်းရမိ မူဆယ်၊ဖေဖေါ်ဝါရီ ၂၈ -၂၀၂၀ ဖြူဖြူဖွေး (မူဆယ်) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် နန်းတော် စစ်ဆေးရေးဂိတ်မှာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ခန့်က ပစ္စတို သေနတ် ၂ လက် ၊ကျည်ဘောက် ၃ ခု နဲ့ ကျည်ဆံ ၂၈ ထောင့်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။ နှစ်နိုင်ငံဝင်ထွက် စစ်ဆေးရေးဂိတ်မှာ သန့်ရှင်းရေးလုပ်သားက ကြွတ်ကြွတ်အိတ် အမည်းရောင် အထုပ်တထုပ်တွေ့လို့ မူဆယ်ဝင်မှုကြီးကြပ်ရေးဌာနခွဲ တာဝန်ရှိသူတွေထံအပ်နှံခဲ့ပါတယ်။ စစ်ဆေးကြည့်တဲ့အခါ 99 MM ပစ္စတို ၂ လက် နှင့် ကျည်ဘောက် သုံးဘောက် နှင့် ကျည်ဆံ ၂၈ တောင့် ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “ ကျွန်တော်တို့ အထက်ကို တင်ပြထားပြီး…

Read More

မင်းပြားမြို့ပေါ် လက်နက်ကြီးကျည်ကျပြီး တဦးသေ ၅ဦးဒဏ်ရာရ

မင်းပြား အေအေ ရခိုင်တိုက်ပွဲ

မင်းပြားမြို့ပေါ် လက်နက်ကြီးကျည်ကျပြီး တဦးသေ ၅ဦးဒဏ်ရာရ မင်းပြား၊ ဖေဖော်ဝါရီ ၂၈- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့ပေါ် မင်းဗာကြီးရပ်ကွက်မှာ မနေ့ဖော်ဝါရီလ ၂၇ ရက်၊ ညည့် ၃ နာရီလောက်မှာ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကိုယ်ဝန်သည်မိန်းမတစ်ယောက်အပါအဝင် ၄ ယောက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။ သေဆုံးသူ အမျိုးသမီးမှာ အသက် ၄၅ နှစ်အရွယ် သန်းနုရီ ဖြစ်ပြီး ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်ကြောင်း သိရပါတယ်။ ” သူတို့က ပစ်ခတ်သံတွေကြားတော့ အိမ်ပေါ်ကနေ ပုန်းမယ်ဆိုပြီး အိမ်အောက်ကိုဆင်းပြေးတာ အဲမှာ လက်နက်ကြီးကျဉ်လာကျတာ။ အမျိုးသမီး တစ်ယောက်သေတယ်။ နောက် လူကြီးလူငယ်အားလုံး ၅ ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က စစ်တွေဆေးရုံကို ပို့ရမယ်။” လို့ မြို့ပေါ်ဒေသခံ တစ်ဦးကပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အေအေပြောခွင့်ရသူ ခိုင်သုခကတော့…

Read More

ပါကစ္စတန်မှာ ကျိုင်းကောင်တွေကျရောက်လို့ တရုတ်နိုင်ငံက ဘဲကောင်ရေတစ်သိန်း စေလွှတ်ကူညီမယ်

ဘဲတသိန်း ပါကစ္စတန်

ပါကစ္စတန်မှာ ကျိုင်းကောင်တွေကျရောက်လို့ တရုတ်နိုင်ငံက ဘဲကောင်ရေတစ်သိန်း စေလွှတ်ကူညီမယ် ပေကျင်း၊ ဖေဖော်ဝါရီ-၂၈-၂၀၂၀ မျိုးဆက် (VOM) ကောက်ပဲသီးနှံတွေကို စားသောက်တဲ့ ကျိုင်းကောင်အမြောက်အမြားကို ကိုင်တွယ်ရေးကူညီဖို့အတွက် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံသို့ ဘဲကောင်ရေ တစ်သိန်းကို တရုတ်နိုင်ငံက ဖြန့်ကြက်နိုင်ဖွယ်ရှိနေပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ကျိုင်းကောင်ကြီးတွေကျရောက်တဲ့ အန္တရာယ်ကြောင့် ယခုလအစောပိုင်းမှာ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအတွင်း အဆိုးရွားဆုံးအခြေအနေလို့ဆိုပါတယ်။ ဘဲတစ်ကောင်ဟာ တစ်နေ့ကို ကျိုင်းကောင် ၂၀၀ ကျော်စားနိုင်ပြီး ဒီနည်းလမ်းဟာ ပိုးသတ်ဆေးအသုံးပြုတာထက် ပိုမိုထိရောက်နိုင်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။ ဒါပေမယ့် အခြားသုတေသနပညာရှင်တစ်ဦးကတော့ အဲဒီနည်းလမ်း အလုပ်ဖြစ်မဖြစ် မေးခွန်းထုတ်ခဲ့ပါတယ်။ သန်းနှင့်ချီတဲ့ ကျိုင်းကောင်ကြီးတွေဟာ အရှေ့အာဖရိကမှာလည်း ကောက်ပဲသီးနှံတွေကို ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ ကျိုင်းကောင်တွေအပေါ် ပစ်မှတ်ထားတဲ့အစီအစဉ်တွေလုပ်ဆောင်ရန် ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို ပါကစ္စတန်နိုင်ငံသို့ စေလွှတ်ထားကြောင်း တရုတ်အစိုးရက ယခုသီတင်းပတ်အတွင်းက ကြေညာခဲ့ပါတယ်။ Ref : BBC Photo: Getty Images ပါကစၥတန္မွာ…

Read More

ပလက်ဝ-ကျောက်တော် စက်လှေပေါ်ကနေ အရပ်သားနှစ်ဦးကို ကျောက်တော်တပ်က ဖမ်းဆီး

ပလက်ဝ ကျောက်တော်

ပလက်ဝ-ကျောက်တော် စက်လှေပေါ်ကနေ အရပ်သားနှစ်ဦးကို ကျောက်တော်တပ်က ဖမ်းဆီး ကျောက်တော်၊ ဖေဖော်ဝါရီ ၂၈- ၂၀၂၀ ခိုင်လင်းစံ (VOM) မနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းလောက်က ပလက်ဝကနေ ကျောက်တော်ကို ဆင်းလာတဲ့ စက်လှေပေါ်မှာလိုက်ပါလာသူတွေထဲက နှစ်ဦးကို ကျောက်တော်စကခ (၉) က ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း သတင်းရရှိပါတယ်။ ကုလားတန်မြစ်အတွင်း တင်းမကြီး ကျေးရွာအလွန်လောက်မှာ ခရီးသည်တွေလိုက်ပါလာတဲ့ စက်လှေကို သေနတ်ပစ်ဖေါက် ကမ်းကပ်ခိုင်းပြီးမှ ဒီထဲက ၂ယောက်ကို ဖမ်းသွားတာဖြစ်ကြောင်း ကျောက်တော်ဒေသခံတစ်ဦးပြောပြတာက “ တပ်မကဖမ်းထားလိုက်တယ်။ အဲ့နေရာမှာဘဲ မျက်နှာကို အဝတ်အုပ် လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတယ်လို့ စက်လှေမှာပါတဲ့လူတွေရဲ့ ပြောပြချက်အရ သိရတယ်။” လို့ ဆိုပါတယ်။ အဲ့ဒီ ဖမ်းဆီးခံရတဲ့ခရီးသည် (၂) ဦးထဲမှာ တစ်ဦးမှာ ရခိုင်လူငယ်ညီလာခံအဖွဲ့ (AYC)က ကိုကျော်လှဖြစ်ပြီး နောက်တယောက်ကတော့ ဘူးသီးတောင်ဘက်ကဖြစ်ပြီး နာမည်မသိဘူးလို့…

Read More

ရေဆင်းကူးရင်း အလယ်တန်းကျောင်းသားနှစ်ယောက် ရေနစ်သေဆုံး

ပဲခူး ရေနစ်သေ

ရေဆင်းကူးရင်း အလယ်တန်းကျောင်းသားနှစ်ယောက် ရေနစ်သေဆုံး ပဲခူး ဖေဖော်ဝါရီ ၂၈-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးမြို့ ကျောက်ကြီးစု အုတ်စက်ရေကန်မှာ မနေ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့လယ် ၃နာရီဝန်းကျင်က အင်းဝ (-အ-ထ-က)ခွဲကျောင်းက ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့သကျနွယ်လူမှုကယ်ဆယ်ရေးအသင်းကသိရပါတယ်။ ‟ကျနော်တို့ဆီကို ကလေးနှစ်ဦးရေနစ်ပြီးပျောက်သွားလို့ဆိုပြီးဖုန်းဝင်လာလို့ ကျနော်တို့လိုက်သွားတော့ အုတ်စက်ရေကန်အနီးက လူတွေ ရှာဖွေပြီး အပေါ်ကိုရောက်နေပါပြီ ။ အုတ်လုပ်ဖို့ မြေတူးထားတဲ့ကန်မှာ ရေဆင်းကူးရင်းနစ်ကြတာပါ ။ ကလေးနှစ်ယောက်လုံး သေဆုံးနေလို့ အလောင်းတွေကို ပဲခူးဆေးရုံကနေတဆင့် ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့ ပါတယ်လို့”ပဲခူးမြို့ သကျနွယ် လူမှုကယ်ဆယ်ရေး အသင်းက ကိုသူရအောင်ကပြောပါတယ်။ သေဆုံးတဲ့ကလေးတွေဟာ ပဲခူးမြို့ဥဿာသီရီ(၉)လမ်းနေ ဦးတင့်နောင်ရဲ့သားအသက်(၁၃)နှစ်ရှိ ခြောက်တန်းကျောင်းသား မောင်တင့်ထူးဝေနဲ့ ပဲခူးမြို့ အင်းဝင်(၁၃)လမ်းနေ ဦးဝင်းဇော်စိုးရဲ့သားအသက်(၁၁)နှစ်ရှိ ငါးတန်းကျောင်းသား မောင်ဥက္ကာဖြိုးတို့ ဖြစ်တယ်လို့ ပဲခူးမြို့အမှတ်(၁)ရဲစခန်းကသိရပါတယ်။ အဆိုပါ ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးတာတဲ့ပတ်သက်ပြီး ခရိုင်ပညာရေးမှူး ဦးအေးသိန်းက ‟ကျနော်တို့ထူးခြားဖြစ်စဉ်တင်ထားပြီးပါပြီ ကျောင်းက (၁၂)နာရီမှာနေ့ပိုင်းတက်ရပါတယ်။…

Read More
VOM News

FREE
VIEW