ရေဆင်းကူးရင်း အလယ်တန်းကျောင်းသားနှစ်ယောက် ရေနစ်သေဆုံး

ပဲခူး ေရနစ္ေသ

ရေဆင်းကူးရင်း အလယ်တန်းကျောင်းသားနှစ်ယောက် ရေနစ်သေဆုံး

ပဲခူး ဖေဖော်ဝါရီ ၂၈-၂၀၂၀

ဝေဇင်ကြည်(VOM)

ပဲခူးမြို့ ကျောက်ကြီးစု အုတ်စက်ရေကန်မှာ မနေ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့လယ်
၃နာရီဝန်းကျင်က အင်းဝ (-အ-ထ-က)ခွဲကျောင်းက ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့သကျနွယ်လူမှုကယ်ဆယ်ရေးအသင်းကသိရပါတယ်။

‟ကျနော်တို့ဆီကို ကလေးနှစ်ဦးရေနစ်ပြီးပျောက်သွားလို့ဆိုပြီးဖုန်းဝင်လာလို့ ကျနော်တို့လိုက်သွားတော့ အုတ်စက်ရေကန်အနီးက လူတွေ ရှာဖွေပြီး အပေါ်ကိုရောက်နေပါပြီ ။ အုတ်လုပ်ဖို့ မြေတူးထားတဲ့ကန်မှာ ရေဆင်းကူးရင်းနစ်ကြတာပါ ။ ကလေးနှစ်ယောက်လုံး သေဆုံးနေလို့ အလောင်းတွေကို ပဲခူးဆေးရုံကနေတဆင့် ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့ ပါတယ်လို့”ပဲခူးမြို့ သကျနွယ် လူမှုကယ်ဆယ်ရေး အသင်းက ကိုသူရအောင်ကပြောပါတယ်။

သေဆုံးတဲ့ကလေးတွေဟာ ပဲခူးမြို့ဥဿာသီရီ(၉)လမ်းနေ ဦးတင့်နောင်ရဲ့သားအသက်(၁၃)နှစ်ရှိ ခြောက်တန်းကျောင်းသား မောင်တင့်ထူးဝေနဲ့ ပဲခူးမြို့ အင်းဝင်(၁၃)လမ်းနေ ဦးဝင်းဇော်စိုးရဲ့သားအသက်(၁၁)နှစ်ရှိ ငါးတန်းကျောင်းသား မောင်ဥက္ကာဖြိုးတို့ ဖြစ်တယ်လို့
ပဲခူးမြို့အမှတ်(၁)ရဲစခန်းကသိရပါတယ်။

အဆိုပါ ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးတာတဲ့ပတ်သက်ပြီး ခရိုင်ပညာရေးမှူး ဦးအေးသိန်းက
‟ကျနော်တို့ထူးခြားဖြစ်စဉ်တင်ထားပြီးပါပြီ ကျောင်းက (၁၂)နာရီမှာနေ့ပိုင်းတက်ရပါတယ်။ ကျောင်းသားတွေမလာလို့ ကျောင်းက လိုက်ရှာပါတယ် ကျောင်းသား ၆ ယောက်
ရေကူးကြတာ ၃ယောက်က ဟိုဘက်ကို လှေနဲ့သွားတာမှာ လန့်ပြီးခုန်ချကြတာ ကျန်တဲ့ကလေးတွေက လိုက်ဆယ်ကြတယ်ပေါ့ ဆယ်ရင်းကလေးနှစ်ယောက် သေဆုံးသွားတယ် နေ့လည် ၃နာရီလောက်မှာအလောင်းပြန်ရတယ်ပေါ့ “ လို့ ဖြစ်စဉ်ကို ပြောပြပါတယ်။

ကျောင်းသားနှစ်ဦးရေနစ် သေဆုံးတာနဲ့ပတ်သက်ပြီး
သေမှုသေခင်း အမှတ်စဉ် (၃)/၂၀၂၀နဲ့ အမှုဖွင့်ထားတယ်လို့ ပဲခူးမြို့အမှတ်(၁)ရဲစခန်းက ဒုရဲအုပ်ဇော်မင်းဦးကပြောပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ကျောင်းသား၂ယောက်ရေနစ်သေ

ေရဆင္းကူးရင္း အလယ္တန္းေက်ာင္းသားႏွစ္ေယာက္ ေရနစ္ေသဆုံး

ပဲခူး ေဖေဖာ္ဝါရီ ၂၈-၂၀၂၀

ေဝဇင္ၾကည္(VOM)

ပဲခူးၿမိဳ႕ ေက်ာက္ႀကီးစု အုတ္စက္ေရကန္မွာ မေန႔ ေဖေဖာ္ဝါရီလ ၂၇ရက္ေန႔လယ္
၃နာရီဝန္းက်င္က အင္းဝ (-အ-ထ-က)ခြဲေက်ာင္းက ေက်ာင္းသားႏွစ္ဦး ေရနစ္ေသဆုံးခဲ့တယ္လို႔သက်ႏြယ္လူမႈကယ္ဆယ္ေရးအသင္းကသိရပါတယ္။

‟က်ေနာ္တို႔ဆီကို ကေလးႏွစ္ဦးေရနစ္ၿပီးေပ်ာက္သြားလို႔ဆိုၿပီးဖုန္းဝင္လာလို႔ က်ေနာ္တို႔လိုက္သြားေတာ့ အုတ္စက္ေရကန္အနီးက လူေတြ ရွာေဖြၿပီး အေပၚကိုေရာက္ေနပါၿပီ ။ အုတ္လုပ္ဖို႔ ေျမတူးထားတဲ့ကန္မွာ ေရဆင္းကူးရင္းနစ္ၾကတာပါ ။ ကေလးႏွစ္ေယာက္လုံး ေသဆုံးေနလို႔ အေလာင္းေတြကို ပဲခူးေဆး႐ုံကေနတဆင့္ ရင္ခြဲ႐ုံကိုပို႔ေဆာင္ေပးခဲ့ ပါတယ္လို႔”ပဲခူးၿမိဳ႕ သက်ႏြယ္ လူမႈကယ္ဆယ္ေရး အသင္းက ကိုသူရေအာင္ကေျပာပါတယ္။

ေသဆုံးတဲ့ကေလးေတြဟာ ပဲခူးၿမိဳ႕ဥႆာသီရီ(၉)လမ္းေန ဦးတင့္ေနာင္ရဲ႕သားအသက္(၁၃)ႏွစ္ရွိ ေျခာက္တန္းေက်ာင္းသား ေမာင္တင့္ထူးေဝနဲ႔ ပဲခူးၿမိဳ႕ အင္းဝင္(၁၃)လမ္းေန ဦးဝင္းေဇာ္စိုးရဲ႕သားအသက္(၁၁)ႏွစ္ရွိ ငါးတန္းေက်ာင္းသား ေမာင္ဥကၠာၿဖိဳးတို႔ ျဖစ္တယ္လို႔
ပဲခူးၿမိဳ႕အမွတ္(၁)ရဲစခန္းကသိရပါတယ္။

အဆိုပါ ေက်ာင္းသားႏွစ္ဦး ေရနစ္ေသဆုံးတာတဲ့ပတ္သက္ၿပီး ခ႐ိုင္ပညာေရးမႉး ဦးေအးသိန္းက
‟က်ေနာ္တို႔ထူးျခားျဖစ္စဥ္တင္ထားၿပီးပါၿပီ ေက်ာင္းက (၁၂)နာရီမွာေန႔ပိုင္းတက္ရပါတယ္။ ေက်ာင္းသားေတြမလာလို႔ ေက်ာင္းက လိုက္ရွာပါတယ္ ေက်ာင္းသား ၆ ေယာက္
ေရကူးၾကတာ ၃ေယာက္က ဟိုဘက္ကို ေလွနဲ႔သြားတာမွာ လန႔္ၿပီးခုန္ခ်ၾကတာ က်န္တဲ့ကေလးေတြက လိုက္ဆယ္ၾကတယ္ေပါ့ ဆယ္ရင္းကေလးႏွစ္ေယာက္ ေသဆုံးသြားတယ္ ေန႔လည္ ၃နာရီေလာက္မွာအေလာင္းျပန္ရတယ္ေပါ့ “ လို႔ ျဖစ္စဥ္ကို ေျပာျပပါတယ္။

ေက်ာင္းသားႏွစ္ဦးေရနစ္ ေသဆုံးတာနဲ႔ပတ္သက္ၿပီး
ေသမႈေသခင္း အမွတ္စဥ္ (၃)/၂၀၂၀နဲ႔ အမႈဖြင့္ထားတယ္လို႔ ပဲခူးၿမိဳ႕အမွတ္(၁)ရဲစခန္းက ဒုရဲအုပ္ေဇာ္မင္းဦးကေျပာပါတယ္။

#voiceofmyanmar #VOM #ပဲခူး #ေက်ာင္းသား၂ေယာက္ေရနစ္ေသ

Related posts

Leave a Comment

VOM News

FREE
VIEW