ပါကစ္စတန်မှာ ကျိုင်းကောင်တွေကျရောက်လို့ တရုတ်နိုင်ငံက ဘဲကောင်ရေတစ်သိန်း စေလွှတ်ကူညီမယ်

ဘဲတသိန္း ပါကစၥတန္

ပါကစ္စတန်မှာ ကျိုင်းကောင်တွေကျရောက်လို့ တရုတ်နိုင်ငံက ဘဲကောင်ရေတစ်သိန်း စေလွှတ်ကူညီမယ်

ပေကျင်း၊ ဖေဖော်ဝါရီ-၂၈-၂၀၂၀
မျိုးဆက် (VOM)

ကောက်ပဲသီးနှံတွေကို စားသောက်တဲ့ ကျိုင်းကောင်အမြောက်အမြားကို ကိုင်တွယ်ရေးကူညီဖို့အတွက် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံသို့ ဘဲကောင်ရေ တစ်သိန်းကို တရုတ်နိုင်ငံက ဖြန့်ကြက်နိုင်ဖွယ်ရှိနေပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ကျိုင်းကောင်ကြီးတွေကျရောက်တဲ့ အန္တရာယ်ကြောင့် ယခုလအစောပိုင်းမှာ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအတွင်း အဆိုးရွားဆုံးအခြေအနေလို့ဆိုပါတယ်။

ဘဲတစ်ကောင်ဟာ တစ်နေ့ကို ကျိုင်းကောင် ၂၀၀ ကျော်စားနိုင်ပြီး ဒီနည်းလမ်းဟာ ပိုးသတ်ဆေးအသုံးပြုတာထက် ပိုမိုထိရောက်နိုင်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။

ဒါပေမယ့် အခြားသုတေသနပညာရှင်တစ်ဦးကတော့ အဲဒီနည်းလမ်း အလုပ်ဖြစ်မဖြစ် မေးခွန်းထုတ်ခဲ့ပါတယ်။ သန်းနှင့်ချီတဲ့ ကျိုင်းကောင်ကြီးတွေဟာ အရှေ့အာဖရိကမှာလည်း ကောက်ပဲသီးနှံတွေကို ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။

ကျိုင်းကောင်တွေအပေါ် ပစ်မှတ်ထားတဲ့အစီအစဉ်တွေလုပ်ဆောင်ရန် ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို ပါကစ္စတန်နိုင်ငံသို့ စေလွှတ်ထားကြောင်း တရုတ်အစိုးရက ယခုသီတင်းပတ်အတွင်းက ကြေညာခဲ့ပါတယ်။

Ref : BBC
Photo: Getty Images

ပါကစၥတန္မွာ က်ဳိင္းေကာင္ေတြက်ေရာက္လို႔ တရုတ္နိုင္ငံက ဘဲေကာင္ေရတစ္သိန္း ေစလႊတ္ကူညီမယ္

ေပက်င္း၊ ေဖေဖာ္၀ါရီ-၂၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ေကာက္ပဲသီးနွံေတြကို စားေသာက္တဲ႔ က်ိဳင္းေကာင္အေျမာက္အျမားကို ကိုင္တြယ္ေရးကူညီဖို႔အတြက္ အိမ္နီးခ်င္း ပါကစၥတန္နိုင္ငံသို႔ ဘဲေကာင္ေရ တစ္သိန္းကို တရုတ္နိုင္ငံက ျဖန္႔ၾကက္နိုင္ဖြယ္ရိွေနပါတယ္။

ပါကစၥတန္နိုင္ငံဟာ က်ိဳင္းေကာင္ၾကီးေတြက်ေရာက္တဲ႔ အႏၱရာယ္ေၾကာင္႔ ယခုလအေစာပိုင္းမွာ အေရးေပၚအေျခအေနေၾကညာခဲ႔ျပီး နွစ္ေပါင္းနွစ္ဆယ္ေက်ာ္ကာလအတြင္း အဆိုးရြားဆံုးအေျခအေနလို႔ဆိုပါတယ္။

ဘဲတစ္ေကာင္ဟာ တစ္ေန႔ကို က်ိဳင္းေကာင္ ၂၀၀ ေက်ာ္စားနုိင္ျပီး ဒီနည္းလမ္းဟာ ပိုးသတ္ေဆးအသံုးျပဳတာထက္ ပိုမိုထိေရာက္နိုင္ေၾကာင္း စိုက္ပ်ိဳးေရးကြ်မ္းက်င္သူတစ္ဦးကေျပာပါတယ္။

ဒါေပမယ္႔ အျခားသုေတသနပညာရွင္တစ္ဦးကေတာ႔ အဲဒီနည္းလမ္း အလုပ္ျဖစ္မျဖစ္ ေမးခြန္းထုတ္ခဲ႔ပါတယ္။ သန္းနွင္႔ခ်ီတဲ႔ က်ိဳင္းေကာင္ၾကီးေတြဟာ အေရွ႕အာဖရိကမွာလည္း ေကာက္ပဲသီးနွံေတြကို ဖ်က္ဆီးခဲ႔ျပီးျဖစ္ပါတယ္။

က်ိဳင္းေကာင္ေတြအေပၚ ပစ္မွတ္ထားတဲ႔အစီအစဥ္ေတြလုပ္ေဆာင္ရန္ ကြ်မ္းက်င္သူအဖြဲ႔တစ္ဖြဲ႔ကို ပါကစၥတန္နိုင္ငံသို႔ ေစလႊတ္ထားေၾကာင္း တရုတ္အစိုးရက ယခုသီတင္းပတ္အတြင္းက ေၾကညာခဲ႔ပါတယ္။

Ref : BBC
Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW