မူဆယ်နယ်စပ်ဂိတ်မှာ လက်နက်ငယ် နှစ်လက် သိမ်းဆည်းရမိ

မူဆယ်နယ်စပ်ဂိတ်မှာ လက်နက်ငယ် နှစ်လက် သိမ်းဆည်းရမိ

မူဆယ်၊ဖေဖေါ်ဝါရီ ၂၈ -၂၀၂၀
ဖြူဖြူဖွေး (မူဆယ်)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် နန်းတော် စစ်ဆေးရေးဂိတ်မှာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ခန့်က ပစ္စတို သေနတ် ၂ လက် ၊ကျည်ဘောက် ၃ ခု နဲ့ ကျည်ဆံ ၂၈ ထောင့်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။

နှစ်နိုင်ငံဝင်ထွက် စစ်ဆေးရေးဂိတ်မှာ သန့်ရှင်းရေးလုပ်သားက ကြွတ်ကြွတ်အိတ် အမည်းရောင် အထုပ်တထုပ်တွေ့လို့ မူဆယ်ဝင်မှုကြီးကြပ်ရေးဌာနခွဲ တာဝန်ရှိသူတွေထံအပ်နှံခဲ့ပါတယ်။ စစ်ဆေးကြည့်တဲ့အခါ 99 MM ပစ္စတို ၂ လက် နှင့် ကျည်ဘောက် သုံးဘောက် နှင့် ကျည်ဆံ ၂၈ တောင့် ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
“ ကျွန်တော်တို့ အထက်ကို တင်ပြထားပြီး ၊အထက်က ညွှန်ကြားမှုအတိုင်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်နေပါတယ်” လို့ မူဆယ် မြို့မရဲစခန်းယာယီစခန်းမှုး ရဲအုပ်သန့်ဇင်ဦးက ပြောပါတယ်။

အလားတူ ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီခွဲ့ အချိန်က မူဆယ်မြို့၊ တော်ရွက်လှေဆိပ်သွားရာ လမ်းနား လမ်းအောက်က ရေပြွန်ထဲကနေ ဆာလာအိတ်နဲ့ ထုပ်ထားတဲ့ ပါရိအမျိုးအစား သေနတ် ၁၀ လက်၊ ကျည်အိမ် ကိုးခု၊ လွယ်ကြိုး ကိုးချောင်းနဲ့ အမ် ၂၂ သေနတ်တစ်လက်သိမ်းမိခဲ့ပါတယ်။

ဇန်နဝါရီလ ၂၁ရက်နေ့ မနက် ၉ နာရီခွဲကလည်း မူဆယ်မြို့၊ တော်ရွက်ရပ်ကွက် အမှိုက်ပုံအနီးက ဆာလာ အိတ်နဲ့ထုပ်ထားတဲ့ အမ် ၂၂ သေနတ် နှစ်လက်နဲ့ ကျည်အိမ် နှစ်ခုကို သိမ်းဆည်းမိထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #မူဆယ် #လက်နက်တွေ့

မူဆယ္နယ္စပ္ဂိတ္မွာ လက္နက္ငယ္ ႏွစ္လက္ သိမ္းဆည္းရမိ

မူဆယ္၊ေဖေဖၚဝါရီ ၂၈ -၂၀၂၀
ျဖဴျဖဴေဖြး (မူဆယ္)

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ ႏွစ္ႏိုင္ငံ ျပည္ဝင္ျပည္ထြက္ နန္းေတာ္ စစ္ေဆးေရးဂိတ္မွာ ေဖေဖၚဝါရီလ ၂၈ ရက္ေန႔ မနက္ ၇ နာရီခြဲ အခ်ိန္ခန႔္က ပစၥတို ေသနတ္ ၂ လက္ ၊က်ည္ေဘာက္ ၃ ခု နဲ႕ က်ည္ဆံ ၂၈ ေထာင့္သိမ္းဆည္းရရွိခဲ့ေၾကာင္းသိရွိရပါတယ္။

ႏွစ္ႏိုင္ငံဝင္ထြက္ စစ္ေဆးေရးဂိတ္မွာ သန႔္ရွင္းေရးလုပ္သားက ႂကြတ္ႂကြတ္အိတ္ အမည္းေရာင္ အထုပ္တထုပ္ေတြ႕လို႕ မူဆယ္ဝင္မႈႀကီးၾကပ္ေရးဌာနခြဲ တာဝန္ရွိသူေတြထံအပ္ႏွံခဲ႕ပါတယ္။ စစ္ေဆးၾကည့္တဲ႕အခါ 99 MM ပစၥတို ၂ လက္ ႏွင့္ က်ည္ေဘာက္ သုံးေဘာက္ ႏွင့္ က်ည္ဆံ ၂၈ ေတာင့္ ကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
“ ကြၽန္ေတာ္တို႔ အထက္ကို တင္ျပထားၿပီး ၊အထက္က ၫႊန္ၾကားမႈအတိုင္း ဥပေဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီဆက္လက္ေဆာင္႐ြက္ေနပါတယ္” လိုု႕ မူဆယ္ ၿမိဳ႕မရဲစခန္းယာယီစခန္းမႈး ရဲအုပ္သန႔္ဇင္ဦးက ေျပာပါတယ္။

အလားတူ ဇန္နဝါရီလ ၂၀ ရက္ နံနက္ ၁၁ နာရီခြဲ႕ အခ်ိန္က မူဆယ္ၿမိဳ႕၊ ေတာ္႐ြက္ေလွဆိပ္သြားရာ လမ္းနား လမ္းေအာက္က ေရျပြန္ထဲကေန ဆာလာအိတ္နဲ႕ ထုပ္ထားတဲ႕ ပါရိအမ်ိဳးအစား ေသနတ္ ၁၀ လက္၊ က်ည္အိမ္ ကိုးခု၊ လြယ္ႀကိဳး ကိုးေခ်ာင္းနဲ႕ အမ္ ၂၂ ေသနတ္တစ္လက္သိမ္းမိခဲ႕ပါတယ္။

ဇန္နဝါရီလ ၂၁ရက္ေန႔ မနက္ ၉ နာရီခြဲကလည္း မူဆယ္ၿမိဳ႕၊ ေတာ္႐ြက္ရပ္ကြက္ အမႈိက္ပုံအနီးက ဆာလာ အိတ္နဲ႕ထုပ္ထားတဲ႕ အမ္ ၂၂ ေသနတ္ ႏွစ္လက္နဲ႕ က်ည္အိမ္ ႏွစ္ခုကို သိမ္းဆည္းမိထားတယ္လို႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ထားပါတယ္။

#voiceofmyanmar #VOM #မူဆယ္ #လက္နက္ေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW