ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူလိပ်တွေကို လက်နက်ကိုင်ဓါးပြတွေ လုယက်

ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူလိပ်တွေကို လက်နက်ကိုင်ဓါးပြတွေ လုယက် ဟောင်ကောင်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် အသုံးအဆောင်ပစ္စည်းတွေကို အလုအယက်ဝယ်ယူနေတဲ့အတွက် ပစ္စည်းတွေပြတ်လပ်ရှားပါးမှု ဖြစ်ပေါ်နေတဲ့ ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူလိပ် ရာပေါင်းများစွာကို လက်နက်ကိုင်ဓါးပြတွေက လုယက်ယူဆောင်သွားကြတယ်လို့ သိရပါတယ်။ မုန်းကွတ်ရှိ စူပါမားကတ်တစ်ခုပြင်ပမှာ ထရပ်ကားမောင်းသူတစ်ဦးကို ဓါးကိုင်ထားတဲ့ အမျိုးသားသုံးဦးက ဖမ်းဆီးခြိမ်းခြောက်ပြီး ဒေါ်လာ ၁၃၀ တန်ဖိုးရှိတဲ့ အိမ်သာသုံးစက္ကူလိပ်တွေကို ယူဆောင်သွားကြတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် အိမ်သာသုံးစက္ကုလိပ်တွေထောက်ပံ့မှုကို မထိခိုက်ကြောင်း အစိုးရက အာမခံထားပေမယ့်လည်း အဲဒီပစ္စည်းတွေဟာ ဟောင်ကောင်ပစ္စည်းပြတ်သလိုဖြစ်နေပါတယ်။ စူပါမားကတ်တွေမှာလည်း စက္ကူလိပ်တွေကို လိုအပ်သလောက် မြန်မြန်ဆန်ဆန် ပြန်မဖြည့်နိုင်ကြပဲ ဝယ်ယူသူများအနေနဲ့ တစ်ခါတစ်ရံတန်းစီရပြီး ဝယ်ရတာတွေ၊ ဆိုင်ဖွင့်ဖွင့်ချင်း ပစ္စည်းကုန်သွားမျိုးအထိ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် အိမ်သာသုံးစက္ကူလိပ်တွေနဲ့အတူ လက်သန့်စင်ဆေးရည်နဲ့ အခြားသန့်ရှင်းရေးသုံးပစ္စည်းတွေ အပါအဝင် ဆန် နဲ့ခေါက်ဆွဲ လိုမျိုး အခြေခံကုန်ပစ္စည်တွေလည်း ရှားပါးပြတ်လပ်မှုတွေ…

Read More

ရာမောင်တံတားအနီးမှာ တိုက်ပွဲတွေမရှိတော့ပေမယ့် ကားတွေသွားလာခွင့်မရရှိသေး

ရာမောင်တံတားအနီးမှာ တိုက်ပွဲတွေမရှိတော့ပေမယ့် ကားတွေသွားလာခွင့်မရရှိသေး မင်းပြား၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက်ခြမ်း၊ ဖားပျော်ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်မှာ ပြေးဆွဲနေတဲ့ ကားတွေပိတ်မိနေတာ လေးရက်ခန့်ရှိနေပြီဖြစ်ပါတယ်။ ရာမောင်တံတားကို ကားတွေဖြတ်သန်းသွားလာလို့မရတဲ့အတွက် လေးမြို့မြစ်ကို ဇက်ကူးတို့ယာဉ်တွေနဲ့ ပြတ်သန်းသွားလာနေကြရပြီး မြစ်တစ်ဖက်ကမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဇက်ကူးတို့ဆိပ်ကို ပိတ်ထားရတာကြောင့် ကုန်ကားတွေနဲ့ ခရီးသည်ကား အစီးရေ ၃၀၀ ဝန်းကျင်ပိတ်မိနေကြတာဖြစ်ပါတယ်။ “ကားတွေသွားလာလို့မရတာ ဒီနေ့နဲ့ဆို လေးရက်ရှိနေပြီဗျ။ ခရီးသည်တွေလည်း တော်တော်လေး အခက်အခဲနဲ့ကြုံနေကြရတယ်။ အန္တရာယ်ဖြစ်မှာကိုလည်း စိုးရိမ်ရတာပေါ့။ တိုက်ပွဲနယ်မြေအတွင်းမှာဆိုတော့ တချို့ကားတွေနဲ့ ခရီးသည်တွေကိုလည်း ထိခိုက်တာတွေရှိနေတယ်။”လို့ ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတစ်ခုက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ရပ်နားထားတဲ့ကားတချို့ကို ကျည်ထိမှန်တာတွေရှိခဲ့သလို လူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတဲ့အတွက် တစ်ဦးကတော့ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံမှာ ဆေးဝါကုသမှုတွေခံယူနေရတယ်လို့ သိရပါတယ်။…

Read More

ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ

ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ ကလေး ဖေဖော်ဝါရီ ၁၇-၂၀၂၀ ငြိမ်းသူမင်း(VOM) ကလေးမြို့၊ နည်းပညာတက္ကသိုလ်မှာ တတိယနှစ်တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။ ကလေးမြို့နယ်၊ ပျဉ်းခုံလေးကျေးရွာမှာနေထိုင်တဲ့ နည်းပညာတက္ကသိုလ်(တတိယနှစ်)တက်ရောက်နေတဲ့ အသက်(၁၉)နှစ်အရွယ် ကျောင်းသူကို တရွာတည်းအတူနေထိုင်တဲ့ ကလေးမြို့၊ (၉) မိုင်တက္ကသိုလ် ဒသနိက(ပထမနှစ်)အဖြစ် တက်ရောက်နေတဲ့ ကိုရောဘတ်ဇီးဆန်းဇဲလာ(၁၉) နှစ်က အ မ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့က တက္ကသိုလ်ကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တဲ့ ကိုရောဘတ်ဇီးဆန်းဇဲလာ(၁၉) နှစ်ဟာ ကျောင်းကိုလိုက်ပို့ပေးမယ်ဆိုပြီး တက္ကသိုလ်အနီးရှိ လယ်ကွင်းကိုခေါ်သွားကာ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ ကလေးမြို့မရဲစခန်းရဲ့ ပြောပြချက်အရ သိရပါတယ်။ “တိုင်တာကတော့ မနေ့က လာတိုင်တာပါ။ တရားခံကိုလည်း ဖမ်းဆီးရမိထားပြီးပါပြီ” လို့ ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်က အသက်(၁၉)နှစ်အရွယ် ကျောင်းသူကို…

Read More

ဂျပန်နိုင်ငံရဲ့စီးပွားရေး ငါးနှစ်အတွင်း အလျင်အမြန်ကျဆင်းနေ

ဂျပန်နိုင်ငံရဲ့စီးပွားရေး ငါးနှစ်အတွင်း အလျင်အမြန်ကျဆင်းနေ တိုကျို၊ ဖေဖော်ဝါရီ-၁၇-၂၀၂၀ မျိုးဆက် (VOM) ဂျပန်နိုင်ငံရဲ့စီးပွားရေးဟာ အရောင်းခွန်တိုးမြင့်ကောက်ခံခြင်း၊ နိုင်ငံအတွင်း တိုင်ဖုန်းမုန်တိုင်းကြီးတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းနဲ့ ကမ္ဘာ့ဝယ်လိုအားနည်းပါးခြင်းတို့ကြောင့် ၂၀၁၉ခုနှစ်ကုန်ထိ ငါးနှစ်အတွင်း အလျှင်အမြန်ကျဆင်းနေပါတယ်။ နှစ်စဉ် စုစုပေါင်းပြည်တွင်ထုတ်ကုန် (ဂျီဒီပီ)ဟာ အောက်တိုဘာနဲ့ ဒီဇင်ဘာလတွေအတွင်း မျှော်မှန်းထားတာထက် ၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကြောင့်လည်း ယခုနှစ် သုံးလပတ်ကာလမှာ စီးပွားရေးဆက်လက်ကျဆင်းနိုင်ပါတယ်။ ဒီအခြေအနေတွေကြောင့် ကမ္ဘာ့တတိယစီးပွားရေးအင်အားကြီး ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေး ဆုတ်ယုတ်လာနိုင်ခြေကို စိုးရိမ်ပူပန်မှုများ မြင့်တက်နေတာဖြစ်ပါတယ်။ ဒီအတောအတွင်း နိုင်ငံရဲ့အရောင်းခွန်ကို ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ အောက်တိုဘာလမှာ တိုးမြင့်လိုက်ပြီးနောက် ဂျပန်ပြည်သူတွေရဲ့ ဝယ်လိုအားဟာ ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံရှိ စက်ရုံတွေပိတ်သိမ်းထားရခြင်းနဲ့ ဂျပန်နိုင်ငံသို့ တရုတ်ခရီးသွားအရေအတွက်…

Read More

ဟုမ္မလင်းနဲ့ခန္တီးမြို့ကို နာဂဒေသအတွင်းထည့်သွင်းဖို့ တောင်းဆိုမှု ရှမ်းတိုင်းရင်းသားတွေ ကန့်ကွက်

ဟုမ္မလင်းနဲ့ခန္တီးမြို့ကို နာဂဒေသအတွင်းထည့်သွင်းဖို့ တောင်းဆိုမှု ရှမ်းတိုင်းရင်းသားတွေ ကန့်ကွက် ကလေး၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀ ငြိမ်းသူမင်း(VOM) ဒေါ်အောင်ဆန်းစုကြည် ရဲ့နာဂဒေသခရီးစဉ်တစ်ခုဖြစ်တဲ့ လေရှီးမြို့ကလူထုတွေ့ဆုံပွဲမှာ နာဂတိုင်းရင်းသား ဦးကေရှီမူး တောင်းဆိုချက်ဖြစ်တဲ့ ခန္တီးမြို့နဲ့ဟုမ္မလင်းမြို့တွေကို နာဂဒေသအတွင်း မှာထည့်ပေးဖို့ တောင်းဆိုချက်ကို ရှမ်းတိုင်းရင်းသားတွေက အပြင်းအထန်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ(၁၄)ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ရှမ်းစာပေနဲ့ယဉ်ကျေးမှုကော်မတီ (ဟုမ္မလင်းမြို့) ၊ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ နဲ့ ရှမ်းတိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-မုံရွာ)တို့ကနေပြီးတော့ ထုတ်ပြန်ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရှမ်းစာပေ နဲ့ ယဉ်ကျေးမှုကော်မတီ (ဟုမ္မလင်းမြို့)ဥက္ကဌ စိုင်းချစ်ညွန့် က “ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့အချိန် နဂိုအတိုင်း နေနေတာက အကောင်းဆုံးပဲ၊ အေးအေးချမ်းချမ်း တစ်ယောက်နဲ့တစ်ယောက် အခုလို လာဖွလိုက်တော့ ဒေသခံရှမ်းတွေ နဲ့ ခင်မင်ရင်းနှီးနေတဲ့ နာဂတွေ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲစရာ ဖြစ်သွားတယ်။ ဒါငြိမ်းချမ်းရေးကို ပျက်ပြားစေတယ်”…

Read More

ကျောက်တော်မှာရောက်နေတဲ့ ပလက်ဝဒေသခံတွေ တိုက်ပွဲကြောင့်ပိတ်မိနေ

ကျောက်တော်မှာရောက်နေတဲ့ ပလက်ဝဒေသခံတွေ တိုက်ပွဲကြောင့်ပိတ်မိနေ ကျောက်တော်၊ ဖေဖော်ဝါရီ ၁၇- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ အခြားမြို့နယ်တွေကနေလာတဲ့ ဒေသခံပြည်သူ ၁၀၀ ကျော်လောက်ဟာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ရက်ပေါင်း ၁၀ရက်ကျော်ကြာ ပိတ်မိနေတယ်လို့ သိရပါတယ်။ အခုလိုမျိုး ပလက်ဝက ဒေသခံပြည်သူ ၁၀၀ ကျော်လောက်ပိတ်မိနေတာဟာ ရေကြောင်းခရီးသွားလာခွင့်တွေကို ပိတ်ပင်ထားပြီး ကုန်းလမ်းကလည်း ကားတွေသွားလာဖို့ အခက်အခဲရှိနေတယ်လု့ိ သိရပါတယ်။ ” ပိတ်မိနေတာကတော့ မှန်တယ်။ စက်လှေတွေကိုလည်း သွားခွင့်မပေးဘူး။ ကုန်းလမ်းကလည်း ကားတွေနဲ့သွားခွင့်မရ ဖြစ်နေတာကြောင့် ပလက်ဝက လူတွေအခက်အခဲကြုံနေကြတယ်။ ၁၀၀ ကျော်လောက်တောင်ရှိတယ်လို့ မနေ့က ကျောက်တော်ကိုသွာတော့ ကြားခဲ့ရတာ။” လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။ ပလက်ဝက လူပေါင်း ၁၀၀ ကျော်ထဲက တချို့လူတွေဟာ ကျောက်တော်မြို့ပေါ်က တည်းခိုခန်းတွေမှာ တည်းခိုနေထိုင်နေရပြီး…

Read More

ကလေးမြို့မှာ လူနေအိမ်တစ်လုံးအတွင်းကနေ သေနတ်များနဲ့ ကျည်ဆံအမြောက်အများ ဖမ်းဆီးရမိ

ကလေးမြို့မှာ လူနေအိမ်တစ်လုံးအတွင်းကနေ သေနတ်များနဲ့ ကျည်ဆံအမြောက်အများ ဖမ်းဆီးရမိ ကလေး၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့၊ သဇင်ရပ်ကွက် ၊ နယ်မြေ(၂)ထဲက လူနေအိမ်တစ်လုံးကို ဖေဖော်ဝါရီ(၁၅)ရက်ညပိုင်းမှာ ရဲတပ်ဖွဲ့က သတင်းအရဝင်ရောက်ရှာဖွေရာကနေ သေနတ်လေးလက် နဲ့ ကျည်ဆံအမြောက်အများ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။ အဲ့ဒီလို ရှာဖွေရာမှာ ဦးဝုန်းဂေါ့ကျင်းဆိုသူရဲ့ နေအိမ်ထဲကနေ သေနတ်လေးလက်၊ အဲ့ဒီသေနတ်တွေမှာ အသုံးပြုရတဲ့ ကျည်အိမ်တွေ နဲ့ ကျည်ဆံအမြောက်အများကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ “အရင်အမှုကနေ ဆက်စပ်ပြီးတော့ ဖမ်းဆီးရမိခဲ့တာပါ။ လူကိုလည်း ဖမ်းဆီးရမိထားပြီးပါပြီ” လို့ ကလေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးဝုန်းဂေါ့ကျင်း (၄၉)နှစ်ကို ကလေးမြို့မရဲစခန်း မှာ ဖမ်းဆီးထားကာ လက်နက်ဥပဒေပုဒ်မ-၁၉(စ) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း…

Read More

ဘူးသီးတောင်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသား ၂၁ဦး အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့စီစဉ်

ဘူးသီးတောင်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသား ၂၁ဦး အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့စီစဉ် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ -၂၀၂၀ စွဲ့ဝတီ (VOM) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသားကျောင်းသူ ၂၁ဦးကို ဘယ်နေရာပဲ ရောက်ရောက် အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သိရပါတယ်။ “ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေကို ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာမှာ စာမေးပွဲဖြေနိုင်ဖို့ကို မြို့နယ်မှူးတွေကို ညွှန်ကြားပြီးဖြစ်ပါတယ်။ အခက်အခဲမရှိဖြေနိုင်အောင် မြို့နယ်ပညာရေးမှူးတွေကို ပြောထားပြီးပါပြီ”လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရပြီးဆေးရုံတင်ထားရတဲ့ကလေး ၂၁ယောက် အတွက် ထောက်ပံ့ငွေကိုလည်း တစ်ယောက်ကို ငါးသောင်းစီနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ပေးအပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်…

Read More

ပဲခူး ဇောင်းယျားကုန်းက လူသတ်မှု

ပဲခူး ဇောင်းယျားကုန်းက လူသတ်မှု ပဲခူး ဖေဖော်ဝါရီ ၁၆-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း ပဲခူးမြို့ ဇောင်းယျားကုန်းကျေးရွာနဲ့ သာဂလကျေးရွာကြား ကွင်းအမှတ်(၆၁၆)ရှိ လယ်စောင့်တဲမှာ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ရက် နေ့လယ် ၁၂နာရီခန့်က ကြက်ချေးအိတ်ထည့်တဲ့ကိစ္စစကားများရာက ကိုင်းခုတ်ဓားနဲ့ခုတ်သတ်လို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ ပဲခူးအမှတ်(၂)ရဲစခန်းကသိရပါတယ်။ ပဲခူးမြို့ဇောင်းကုန်းကျေးရွာ နေဦးမိုးလွင်ရဲ့သား အသက်(၁၉)နှစ်ရှိ ကိုမျိုးထက် နွားကျောင်းနေစဉ် ကွင်းအမှတ်(၆၁၆)အတွင်းရှိ လယ်စောင့်တဲရှေ့မှာ ပဲခူးမြို့ဇောင်းကုန်းကျေးရွာ နေ ဦးသိန်းဟန်ရဲ့သား အသက်(၄၇)နှစ်ရှိ ဦးနိုင်ဝင်းနဲ့ တစ်ရွာတည်းနေဦးမောင်ချိုရဲ့သားအသက်(၃၀)နှစ်ရှိ မွန်ရှမ်းတို့မှာ ကြက်ချီးအိတ်ထည့်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်တစ်ခွန်းအော်ဟစ်စကားများရန်ဖြစ်ပြီး ဦ နိုင်ဝင်းက မွန်ရှမ်းကိုအရိုး(၃) လက်မခွဲခန့် ၊ အသွား(၁၅)လက်မခန့်။အရိုးအသွား(၂၂)လက်မခွဲခန့်ရှိ ကိုင်းခုတ်ဓားနဲ့ခုတ်ခဲ့တဲ့အတွက် မွန်းရှမ်းမှာ ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ ဇက်ပိုးပြတ်ရှ ဒဏ်ရာ(၁)ချက် ၊ နှာခေါင်းပြတ်ရှဒဏ်ရာ(၁)ချက်ညာ၊ ပါးပြတ်ရှဒဏ်ရာ(၁)ချက်၊ ဘယ်ဖက်ပါးပြတ်ရှဒဏ်ရာ(၁)ချက် ၊ ဘယ်နားရွက်ပြတ်ရှဒဏ်ရာ(၁)ချက်တို့နဲ့အတူ လဲကျနေတာကိုတွေ့ရှိရတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။ အဲဒီ…

Read More

Voice Of Myanmar အွန်လိုင်းသတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၁၆ ရက်ညနေခင်းသတင်းအစီအစဉ်

Voice Of Myanmar အွန်လိုင်းသတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၁၆ ရက်ညနေခင်းသတင်းအစီအစဉ် ဒီကနေ့ကြည့်ရှုနားဆင်ရမယ့် သတင်းတွေထဲမှာ ဖေဖေါ်ဝါရီ ၂ရက်နေ့က တရုတ်နိုင်ငံဝူဟန်မြို့ကနေပြန်ခေါ်လာတဲ့ မြန်မာကျောင်းသား ၅၉ ယောက်ကို မန္တလေးက ကန်တော်နဒီဆေးရုံမှာ ၁၄ ရက်ကြာ စောင့်ကြည့်ခဲ့တာဟာ ဒီကနေ့ ပြည့်ပြီမို့ သူတို့သွားလိုတဲ့ နေရပ်ရင်းတွေကို ပြန်ခွင့်ပြုလိုက်သလို တရုတ်ပြည်ထိသွားခေါ်ပြီးစောင့်ရှောက်ပေးတဲ့ ကျမ္မာရေးဝန်ထမ်း ၃ ယောက်ကို ဂုဏ်ပြုဆုချီးမြှင့်တဲ့ သတင်း။ ၂၀၁၆ ခုနှစ် မတ်လ၂၆ ရက်က မီးလောင်သွားတဲ့ မန္တလေးက မင်္ဂလာဈေးကြီးမှာ ဈေးရောင်းကြတဲ့ ဆိုင်ခန်းရှင်တွေဟာ သူတို့ ယာယီဈေးမှာနေရတာကြာတဲ့ကိစ္စနဲ့ ဈေးပြန်ဆောက်ရင် မြေညီထပ်နဲ့ မိမိတို့ မူလနေရာတွေမှာဘဲပြန်လိုချင်ကြောင်း ၊ မန္တလေးတိုင်းအစိုးရအနေနဲ့ ပေးထားတဲ့ကတိအတိုင်းအမြန်ဆောင်ရွက်ပေးဖို့ စတဲ့ ကြွေးကြော်သံတွေနဲ့ ယာယီဈေးကနေ မင်္ဂလာဈေးဟောင်းနေရာထိ ဆန္ဒပြတဲ့ သတင်း။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေဖို့အတွက် အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့…

Read More
VOM News

FREE
VIEW