ဂျပန်နိုင်ငံရဲ့စီးပွားရေး ငါးနှစ်အတွင်း အလျင်အမြန်ကျဆင်းနေ

ဂျပန်နိုင်ငံရဲ့စီးပွားရေး ငါးနှစ်အတွင်း အလျင်အမြန်ကျဆင်းနေ

တိုကျို၊ ဖေဖော်ဝါရီ-၁၇-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်နိုင်ငံရဲ့စီးပွားရေးဟာ အရောင်းခွန်တိုးမြင့်ကောက်ခံခြင်း၊ နိုင်ငံအတွင်း တိုင်ဖုန်းမုန်တိုင်းကြီးတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းနဲ့ ကမ္ဘာ့ဝယ်လိုအားနည်းပါးခြင်းတို့ကြောင့် ၂၀၁၉ခုနှစ်ကုန်ထိ ငါးနှစ်အတွင်း အလျှင်အမြန်ကျဆင်းနေပါတယ်။

နှစ်စဉ် စုစုပေါင်းပြည်တွင်ထုတ်ကုန် (ဂျီဒီပီ)ဟာ အောက်တိုဘာနဲ့ ဒီဇင်ဘာလတွေအတွင်း မျှော်မှန်းထားတာထက် ၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကြောင့်လည်း ယခုနှစ် သုံးလပတ်ကာလမှာ စီးပွားရေးဆက်လက်ကျဆင်းနိုင်ပါတယ်။

ဒီအခြေအနေတွေကြောင့် ကမ္ဘာ့တတိယစီးပွားရေးအင်အားကြီး ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေး ဆုတ်ယုတ်လာနိုင်ခြေကို စိုးရိမ်ပူပန်မှုများ မြင့်တက်နေတာဖြစ်ပါတယ်။

ဒီအတောအတွင်း နိုင်ငံရဲ့အရောင်းခွန်ကို ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ အောက်တိုဘာလမှာ တိုးမြင့်လိုက်ပြီးနောက် ဂျပန်ပြည်သူတွေရဲ့ ဝယ်လိုအားဟာ ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံရှိ စက်ရုံတွေပိတ်သိမ်းထားရခြင်းနဲ့ ဂျပန်နိုင်ငံသို့ တရုတ်ခရီးသွားအရေအတွက် အကြီးအကျယ်ကျဆင်းပြီးနောက် နိုင်ငံစီးပွားရေးပြန်လည် ကောင်းမွန်လာနိုင်ခြင်းရှိမရှိ ရင်းနှီးမြုပ်နှံသူတွေက စောင့်ကြည့်လျက်ရှိတယ်လို့ သိရပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #တိုကျို #ဂျပန်စီးပွားရေး #၅နှစ်အတွင်ကျဆင်း

Zawgyi

ဂ်ပန္နိုင္ငံရဲ႕စီးပြားေရး ငါးနွစ္အတြင္း အလ်င္အျမန္က်ဆင္းေန

တိုက်ိဳ၊ ေဖေဖာ္၀ါရီ-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္နိုင္ငံရဲ႕စီးပြားေရးဟာ အေရာင္းခြန္တိုးျမင္႔ေကာက္ခံျခင္း၊ နို္င္ငံအတြင္း တိုင္ဖုန္းမုန္တိုင္းၾကီးတစ္ခု ၀င္ေရာက္တိုက္ခတ္ခဲ႔ျခင္းနဲ႔ ကမၻာ႔၀ယ္လိုအားနည္းပါးျခင္းတို႔ေၾကာင္႔ ၂၀၁၉ခုနွစ္ကုန္ထိ ငါးနွစ္အတြင္း အလွ်င္အျမန္က်ဆင္းေနပါတယ္။

နွစ္စဥ္ စုစုေပါင္းျပည္တြင္ထုတ္ကုန္ (ဂ်ီဒီပီ)ဟာ ေအာက္တိုဘာနဲ႔ ဒီဇင္ဘာလေတြအတြင္း ေမွ်ာ္မွန္းထားတာထက္ ၆ ဒသမ ၃ ရာခိုင္နႈန္းက်ဆင္းခဲ႔ပါတယ္။ ဒါ႔အျပင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕နွံ႕မႈနဲ႔ပတ္သက္ျပီး စိုးရိမ္ပူပန္မႈေတြေၾကာင္႔လည္း ယခုနွစ္ သံုးလပတ္ကာလမွာ စိီးပြားေရးဆက္လက္က်ဆင္းနုိင္ပါတယ္။

ဒီအေျခအေနေတြေၾကာင္႔ ကမၻာ႔တတိယစိီးပြားေရးအင္အားၾကီး ဂ်ပန္နို္င္ငံအေနနဲ႔ စီးပြားေရး ဆုတ္ယုတ္လာနိုင္ေျခကို စိုးရိမ္ပူပန္မႈမ်ား ျမင္႔တက္ေနတာျဖစ္ပါတယ္။

ဒီအေတာအတြင္း နိုု္င္ငံရဲ႕အေရာင္းခြန္ကို ၈ ရာခိုင္နႈန္းမွ ၁၀ ရာခိုင္နႈန္းအထိ ေအာက္တိုဘာလမွာ တိုးျမင္႔လိုက္ျပီးေနာက္ ဂ်ပန္ျပည္သူေတြရဲ႕ ၀ယ္လုိအားဟာ ၂ ဒသမ ၉ ရာခိုင္နႈန္းအထိ က်ဆင္းခဲ႔ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ တရုတ္နိုင္ငံရိွ စက္ရံုေတြပိတ္သိမ္းထားရျခင္းနဲ႔ ဂ်ပန္နို္င္ငံသို႔ တရုတ္ခရီးသြားအေရအတြက္ အၾကီးအက်ယ္က်ဆင္းျပီးေနာက္ နိုင္ငံစီးပြားေရးျပန္လည္ ေကာင္းမြန္လာနုိင္ျခင္းရိွမရိွ ရင္းနွီးျမဳပ္နွံသူေတြက ေစာင္႔ၾကည္႔လ်က္ရိွတယ္လုိ႔ သိရပါတယ္။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #တိုက်ိဳ #ဂ်ပန္စီးပြားေရး #၅ႏွစ္အတြင္က်ဆင္း

Related posts

Leave a Comment

VOM News

FREE
VIEW