မင်းကင်းမှာ ကားနှစ်စီးတိုက်မိလို့ သားအဖ၂ယောက်သေပြီး မိခင်ဖြစ်သူ ဒဏ်ရာရ

မင်းကင်းမှာ ကားနှစ်စီးတိုက်မိလို့ သားအဖ၂ယောက်သေပြီး မိခင်ဖြစ်သူ ဒဏ်ရာရ ကလေး ဖေဖော်ဝါရီ ၁၇-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ရှေ့ကမောင်းနေတဲ့ ကားကို နောက်က ကားက ဘရိတ်ပေါက် အရှိန်လွန်ပြီး ဝင်တိုက်မိရာကနေ မိသားစု သုံးဦးထဲက ဖခင်နဲ့ သမီးဖြစ်သူ ဟာ နေရာမှာ သေဆုံးခဲ့ပြီး မိခင် ဖြစ်သူ ဒဏ်ရာရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းကနေ သိရပါတယ်။ ဒီကနေ့ နေ့လယ် ၁၁နာရီကျော် အချိန်က မင်းကင်းမြို့ကနေ မြို့မကျေးရွာဖက်ကို မောင်းနှင်လာတဲ့ ကားနှစ်စီး ဟာ မင်းကင်းမြို့မ ကားလမ်း မိုင်တိုင်အမှတ် ၁၂ကီလိုမီတာ လောက်မှာ နောက်က မောင်းလာတဲ့ကားက အရှိန်လွန် ဝင်တိုက်ခဲ့တာပါ။ အဲ့ဒီလို တိုက်မိတာကြောင့် တောင်နံရံ နဲ့ ညှပ်သွားတဲ့ အတိုက်ခံခဲ့ရတဲ့ ကားခေါင်းခန်းမှာ လိုက်ပါလာတဲ့ ယာဉ်မောင်းဖြစ်သူ ကိုဝင်းမြတ်‌ဇော်…

Read More

ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဝင် သုံးဦးကို ဗိုလ်တထောင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆လထပ်မံချမှတ်

ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဝင် သုံးဦးကို ဗိုလ်တထောင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆လထပ်မံချမှတ် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀ စွဲ့ဝတီ(VOM) ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင် (၇) ဦးထဲမှ (၃) ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ – ၆၆(ဃ) နဲ့ ဗိုလ်တထာင်မြို့နယ် တရားရုံးက ဒီကနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လထပ်ပြီးတော့ချမှတ်ခဲ့ပါတယ်။ ဗိုလ်တထောင် တရားရုံးမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ပုဒ်မနှစ်ခုနဲ့ စွဲဆိုထားတာဖြစ်ပြီးတော့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊မဆုရတနာမြင့်၊ မကေခိုင်ထွန်း တို့ ခြောက်ဦးကို ပုဒ်မ၅၀၅က နဲ့ ထောင်ဒဏ် ၁နှစ်ချမှတ်ထားပြီးတော့ အခု ရုံးချိန်းမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ ကိုငြိမ်းချမ်းစိုး(ခ)…

Read More

ငွေပျော်စံပြကျေးရွာအနီး လိပ်ကျောက်တူးသူ ၃၅၀ ကျော်အဖမ်းခံရ

ငွေပျော်စံပြကျေးရွာအနီး လိပ်ကျောက်တူးသူ ၃၅၀ ကျော်အဖမ်းခံရ မြစ်ကြီးနား-ဖေဖေါ်ဝါရီ-၁၇-၂၀၂၀ ရန်အောင်ထွန်း (VOM) မြစ်ကြီးနားမြို့နယ် ၊ ငွေပျော်စံပြကျေးရွာအနီး အင်ခိုင်ဘွမ်တောင်က‌နေလိပ်ကျောက် တူးဖော်နေသူ ၃၅၇ ဦး အဖမ်းခံထားရတယ်လို့ မြစ်ကြီးနားမြို့နယ်ရဲမှူးက ပြောပါတယ်။ လိပ်ကျောက်တူးသူတွေကို ဖမ်းဆီးရာမှာ သစ်တောဦးစီးဌာန၊သတ္ထုတွင်းဦးစီးဌာန၊အမျိုးသားဥယာဉ်၊ရဲတပ်ဖွဲ့၊ တပ်မတော် တာဝန်ရှိသူတွေ ပူးပေါင်း ဖမ်းဆီးတာပါ။ ကချင်ပြညနယ်အစိုးရအဖွဲ့ဝင်ပြည်နယ်သယံဇာတဝန်ကြီးက ဖေဖော်ဝါရီ ၁၂ရက် နေ့မှာ အဲ့ဒီနေရာအထိ ကွင်းဆင်းခဲ့ပြီး ဆက်တူးဖော်ရောင်းချတာတွေ မလုပ်ဖို့ သတိပေးခဲတယ်လို့ သိရပါတယ်။ ၁၃ ရက်နေ့မှာတော့ သစ်တောတာဝန်ရှိသူတွေ လာရောက်ပညာပေး ဟောပြောတာတွေ ၊ သတိပေးဆိုင်းဘုတ်စိုက်ထူတာတွေ ပြုလုပ်ခံတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့နယ်ရဲမှူး ဦးမြင့်မိုးကတော့ ” သစ်တောက တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်တာပါ ၊ အခု ဖမ်းမိသူတွေကို ငွေပျော်စံပြကျေးရွာမှာပဲ ထိန်းသိမ်းထားပါတယ်ဗျ ။ ကျနော်တို့ကတော့ ဝန်ထမ်းတွေကို လုံခြုံရေးတာဝန်ယူပေးရတာပါ” လို့ ပြောပါတယ်။…

Read More

မီးလောင်သွားတဲ့မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း လပိုင်းအတွင်းစတင်ဖို့ရှိ

မီးလောင်သွားတဲ့မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း လပိုင်းအတွင်းစတင်ဖို့ရှိ မန္တလေး၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀ ဖြူဖြူ(VOM) မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာဈေးမြေနေရာမှာ အသစ်ပြန်လည်တည်ဆောက်တဲ့လုပ်ငန်းတွေကို လပိုင်းအတွင်းစတင်ဖို့ရှိတယ်လို့ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်ရဲ့ပြောပြချက်အရ သိရပါတယ်။ “အဆောင်အဦးတစ်ခုဟာ အနည်းဆုံး အနှစ် လေး၊ငါးဆယ်လောက် လိုက်လျောညီထွေရှိဖို့လိုတယ်။ ဒီဗိသုကာအမြင်တွေနဲ့ ဒီဈေးကို တည်ဆောက်သွားမှာ ဖြစ်တယ်။”လို့ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်ကပြောပါတယ်။ ၂၀၁၆ ခုနှစ်၊ မတ်လက မီးလောင်ပျက်စီးခဲ့တဲ့ လမ်း ၃၀၊ ၇၂-၇၃ ကြားရှိ မင်္ဂလာဈေးဟာ လေးနှစ်နီးပါးကြာလာတဲ့အထိ တည်ဆောက်မှုမရှိတဲ့အတွက် မနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဈေးသူဈေးသားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် မူလဈေးဆိုင်ခန်းနေရာအတိုင်း ပြန်လည်ချထားပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ ဝန်ကြီးဦးဇာနည်အောင်ကတော့ အဲဒီဈေးနေရာဟာ အရင်လိုတည်နေရာမျိုးမှာ ရှိနေတာမဟုတ်ဘဲ အချက်အချာနေရာတစ်ခုဖြစ်လာတဲ့အပြင် အဆောက်အဦး ဒီဇိုင်းအတွက် ဈေးသူဈေးသားတွေ၊…

Read More

ဘင်္ဂါလီတွေကို ဘာဆန်ချာကျွန်းမှာ နေရာမချတော့ပဲ ရခိုင်ပြည်နယ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

ဘင်္ဂါလီတွေကို ဘာဆန်ချာကျွန်းမှာ နေရာမချတော့ပဲ ရခိုင်ပြည်နယ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ် ဒါကာ၊ ဖေဖော်ဝါရီ-၁၇ -၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာ ခိုလှုံနေကြတဲ့ ဘင်္ဂါဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော် ဘာဆန်ချာကျွန်းပေါ်သို့ နေရာချထားမယ့်အစီအစဉ်ကို ဖျက်သိမ်းသွာမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မိုမန်က ဖေဖော်ဝါရီ ၁၆ ရက်မှာ ကြေညာလိုက်ပါတယ်။ ဘင်္ဂါလီဒုက္ခသည်တွေကို မူရင်းနေရပ်ဖြစ်တဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ပြန်ပို့ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်က တရုတ်သံအမတ်ကြီး သတင်းထောက်တွေကိုပြောပါတယ်။ ဘာဆန်ချာကျွန်းပေါ်ကို ဒုက္ခသည်တွေကို နေရာချထားတာမလုပ်တော့ပေမယ့် စီးပွားရေးဆိုင်ရာ နဲ့ ဘင်္ဂလားဒေ့ရှ်နေရာသစ်အဖြစ် ပြောင်းလဲဖို့ စီစဉ်နေပြီး အကြောင်းအမျိုးမျိုးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ နိုင်ငံသားတွေကိုလည်း အဲဒီကျွန်းမှာနေရာချထားပေးမယ်လို့ သူကပြောဆိုပါတယ်။ ဘာဆန်ချာကျွန်းပေါ်ကို ဘင်္ဂါလီဒုက္ခသည် တစ်သိန်း နေရာချထား ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၈ ခုနှစ်တွင် ကြေညာခဲ့ပေမယ့် လက်ရှိမှာတော့ အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မော်တော်ယာဉ်အပိုပစ္စည်း နယ်စက်ကနေတင်သွင်းမှုတုန့်ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မော်တော်ယာဉ်အပိုပစ္စည်း နယ်စက်ကနေတင်သွင်းမှုတုန့်ဆိုင်း ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀ သိင်္ဂီ (VOM) မော်တော်ယာဉ်အပိုပစ္စည်း ရောင်းအားတက်လာမှုနဲ့အတူ တဖက်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စက်ကနေ ပစ္စည်းတင်သွင်းမှု တုန့်ဆိုင်းနေပြီး ပစ္စည်းလိုအပ်ချက်တွေလည်း ရှိလာနိုင်တယ်လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်အပိုပစ္စည်း လုပ်ငန်းရှင်းများအသင်းကနေ သိရပါတယ်။ ဒါ့အပြင် မော်တော်ယာဉ်အပိုပစ္စည်းတွေကို တင်သွင်းတဲ့အခါမှာလည်း လမ်းမှာ(၂) ကြိမ်၊ (၃)ကြိမ်လောက် ဖွင့်ဖောက်စစ်ဆေးခံရတာတွေရှိနေတဲ့အတွက် ပစ္စည်းအဟောင်းတွေကို ပြန်တင်သွင်းရတဲ့အခါတွေမှာ ပျက်ဆီးမှုတွေရှိနေတယ်လို့ သိရပါတယ်။ “ ပြည်တွင်းအရောင်းအဝယ်တွေမှာ ကားက ပစ္စည်းပျက်သွားတယ်ဆိုရင် မဖြစ်မနေပြန်ပြီးဝယ်သုံးနေရတယ်။ ခရီးတွေကလည်း ယာဉ်တွေနဲ့သွားလာမှုကလည်း များလာတယ်။ ဆိုတဲ့အခါကျတော့ ကားတာရာတို့၊ ဘတ္ထရီတို့က ပိုရောင်းအားကောင်းလာတယ်။ ကားရဲ့သက်တမ်းပေါ်မူတည်ပြီးတော့ ပြန်လဲရတဲ့ပစ္စည်းတွေ ရှိလာတယ်။ ဆိုင်တစ်ဆိုင်ချင်းအနေနဲ့ ရောင်းအားက ကွာချင်ကွာသွားမယ်။ ပြည်တွင်းဈေးကွက်တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ပိုတိုးတက်လာတယ်။ နယ်စပ်ကနေ မော်တော်ယာဉ်အပိုပစ္စည်းတင်သွင်းမှု အခြေအနေမှာ တုန့်ဆိုင်းနေတယ် ”လို့ ရန်ကုန်တိုင်း၊ မော်တော်ယာဉ်အပိုပစ္စည်း…

Read More

ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့မှာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြ

ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့မှာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြ ပဲခူး၊ ဖေဖော်ဝါရီလ ၁၇-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာ ရှိ ဒေသခံပြည်သူတွေဟာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြခဲ့ကြပါတယ်။ ‟ရစ်ကန်ကြီးကျေးရွာရဲ့တရားဝင်လမ်းကြောင်းမှန်ပေါ့ ခေတ်အဆက်ဆက်က ဘာခင်းခင်းချပေးခဲ့တာကို အခုကွန်ကရစ်လမ်းခင်းမှ လူတစ်စုအကျိုးအတွက် တရားဝင်လမ်းမအတိုင်းမခင်းဘဲ လမ်းသွယ်ကခင်းလို့ ကျွန်တော်တို့ပြည်သူတွေက လုံးဝလက်မခံတာပါ၊ အများပြည်သူအကျိုးလည်း ထိခိုက်တဲ့အတွက် ကျွန်တော်တို့က ဌာနဆိုင်ရာနဲ့ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ၊ ပဲခူတိုင်းဝန်ကြီးချုပ်။ နိုင်ငံတော်သမ္မတအထိ တင်ပြထားတာ နှစ်ကြိမ်ရှိပါပြီ။ ဒါကိုယနေ့အချိန်ထိ ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်တာမရှိသေးလို့ အခုလိုဆန္ဒထုတ်ဖော်ရတာပါ”လို့ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးဆန်းဝင်းကပြောပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်မှာ ကဝမြို့နယ်ရစ်ကန်ကြီးကျေးရွာ ဂဝံလမ်းဟောင်းအပေါ် ကွန်ကရစ်လမ်းအရှည် (၁)မိုင် နဲ့ (၇)ဖာလုံခင်းဖို့ ဆောင်ရွက်ရာမှာ မူလလမ်းဟောင်းအတိုင်း မဆောင်ရွက်ဘဲ လွှတ်တော်ကိုယ်စားလှယ်ရဲ့သဘောဆန္ဒနဲ့ ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ လမ်းသွယ်ဘက်ကို ဆောင်ရွက်တဲ့အတွက် ဒေသခံပြည်သူတွေက ကန့်ကွက်ခဲ့ကြတာ…

Read More

ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူလိပ်တွေကို လက်နက်ကိုင်ဓါးပြတွေ လုယက်

ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူလိပ်တွေကို လက်နက်ကိုင်ဓါးပြတွေ လုယက် ဟောင်ကောင်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် အသုံးအဆောင်ပစ္စည်းတွေကို အလုအယက်ဝယ်ယူနေတဲ့အတွက် ပစ္စည်းတွေပြတ်လပ်ရှားပါးမှု ဖြစ်ပေါ်နေတဲ့ ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူလိပ် ရာပေါင်းများစွာကို လက်နက်ကိုင်ဓါးပြတွေက လုယက်ယူဆောင်သွားကြတယ်လို့ သိရပါတယ်။ မုန်းကွတ်ရှိ စူပါမားကတ်တစ်ခုပြင်ပမှာ ထရပ်ကားမောင်းသူတစ်ဦးကို ဓါးကိုင်ထားတဲ့ အမျိုးသားသုံးဦးက ဖမ်းဆီးခြိမ်းခြောက်ပြီး ဒေါ်လာ ၁၃၀ တန်ဖိုးရှိတဲ့ အိမ်သာသုံးစက္ကူလိပ်တွေကို ယူဆောင်သွားကြတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် အိမ်သာသုံးစက္ကုလိပ်တွေထောက်ပံ့မှုကို မထိခိုက်ကြောင်း အစိုးရက အာမခံထားပေမယ့်လည်း အဲဒီပစ္စည်းတွေဟာ ဟောင်ကောင်ပစ္စည်းပြတ်သလိုဖြစ်နေပါတယ်။ စူပါမားကတ်တွေမှာလည်း စက္ကူလိပ်တွေကို လိုအပ်သလောက် မြန်မြန်ဆန်ဆန် ပြန်မဖြည့်နိုင်ကြပဲ ဝယ်ယူသူများအနေနဲ့ တစ်ခါတစ်ရံတန်းစီရပြီး ဝယ်ရတာတွေ၊ ဆိုင်ဖွင့်ဖွင့်ချင်း ပစ္စည်းကုန်သွားမျိုးအထိ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် အိမ်သာသုံးစက္ကူလိပ်တွေနဲ့အတူ လက်သန့်စင်ဆေးရည်နဲ့ အခြားသန့်ရှင်းရေးသုံးပစ္စည်းတွေ အပါအဝင် ဆန် နဲ့ခေါက်ဆွဲ လိုမျိုး အခြေခံကုန်ပစ္စည်တွေလည်း ရှားပါးပြတ်လပ်မှုတွေ…

Read More

ရာမောင်တံတားအနီးမှာ တိုက်ပွဲတွေမရှိတော့ပေမယ့် ကားတွေသွားလာခွင့်မရရှိသေး

ရာမောင်တံတားအနီးမှာ တိုက်ပွဲတွေမရှိတော့ပေမယ့် ကားတွေသွားလာခွင့်မရရှိသေး မင်းပြား၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက်ခြမ်း၊ ဖားပျော်ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်မှာ ပြေးဆွဲနေတဲ့ ကားတွေပိတ်မိနေတာ လေးရက်ခန့်ရှိနေပြီဖြစ်ပါတယ်။ ရာမောင်တံတားကို ကားတွေဖြတ်သန်းသွားလာလို့မရတဲ့အတွက် လေးမြို့မြစ်ကို ဇက်ကူးတို့ယာဉ်တွေနဲ့ ပြတ်သန်းသွားလာနေကြရပြီး မြစ်တစ်ဖက်ကမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဇက်ကူးတို့ဆိပ်ကို ပိတ်ထားရတာကြောင့် ကုန်ကားတွေနဲ့ ခရီးသည်ကား အစီးရေ ၃၀၀ ဝန်းကျင်ပိတ်မိနေကြတာဖြစ်ပါတယ်။ “ကားတွေသွားလာလို့မရတာ ဒီနေ့နဲ့ဆို လေးရက်ရှိနေပြီဗျ။ ခရီးသည်တွေလည်း တော်တော်လေး အခက်အခဲနဲ့ကြုံနေကြရတယ်။ အန္တရာယ်ဖြစ်မှာကိုလည်း စိုးရိမ်ရတာပေါ့။ တိုက်ပွဲနယ်မြေအတွင်းမှာဆိုတော့ တချို့ကားတွေနဲ့ ခရီးသည်တွေကိုလည်း ထိခိုက်တာတွေရှိနေတယ်။”လို့ ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတစ်ခုက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ရပ်နားထားတဲ့ကားတချို့ကို ကျည်ထိမှန်တာတွေရှိခဲ့သလို လူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတဲ့အတွက် တစ်ဦးကတော့ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံမှာ ဆေးဝါကုသမှုတွေခံယူနေရတယ်လို့ သိရပါတယ်။…

Read More

ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ

ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ ကလေး ဖေဖော်ဝါရီ ၁၇-၂၀၂၀ ငြိမ်းသူမင်း(VOM) ကလေးမြို့၊ နည်းပညာတက္ကသိုလ်မှာ တတိယနှစ်တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။ ကလေးမြို့နယ်၊ ပျဉ်းခုံလေးကျေးရွာမှာနေထိုင်တဲ့ နည်းပညာတက္ကသိုလ်(တတိယနှစ်)တက်ရောက်နေတဲ့ အသက်(၁၉)နှစ်အရွယ် ကျောင်းသူကို တရွာတည်းအတူနေထိုင်တဲ့ ကလေးမြို့၊ (၉) မိုင်တက္ကသိုလ် ဒသနိက(ပထမနှစ်)အဖြစ် တက်ရောက်နေတဲ့ ကိုရောဘတ်ဇီးဆန်းဇဲလာ(၁၉) နှစ်က အ မ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့က တက္ကသိုလ်ကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တဲ့ ကိုရောဘတ်ဇီးဆန်းဇဲလာ(၁၉) နှစ်ဟာ ကျောင်းကိုလိုက်ပို့ပေးမယ်ဆိုပြီး တက္ကသိုလ်အနီးရှိ လယ်ကွင်းကိုခေါ်သွားကာ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ ကလေးမြို့မရဲစခန်းရဲ့ ပြောပြချက်အရ သိရပါတယ်။ “တိုင်တာကတော့ မနေ့က လာတိုင်တာပါ။ တရားခံကိုလည်း ဖမ်းဆီးရမိထားပြီးပါပြီ” လို့ ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်က အသက်(၁၉)နှစ်အရွယ် ကျောင်းသူကို…

Read More
VOM News

FREE
VIEW