မင်းကင်းမှာ ကားနှစ်စီးတိုက်မိလို့ သားအဖ၂ယောက်သေပြီး မိခင်ဖြစ်သူ ဒဏ်ရာရ

မင်းကင်းမှာ ကားနှစ်စီးတိုက်မိလို့ သားအဖ၂ယောက်သေပြီး မိခင်ဖြစ်သူ ဒဏ်ရာရ

ကလေး ဖေဖော်ဝါရီ ၁၇-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ရှေ့ကမောင်းနေတဲ့ ကားကို နောက်က ကားက ဘရိတ်ပေါက် အရှိန်လွန်ပြီး ဝင်တိုက်မိရာကနေ မိသားစု သုံးဦးထဲက ဖခင်နဲ့ သမီးဖြစ်သူ ဟာ နေရာမှာ သေဆုံးခဲ့ပြီး မိခင် ဖြစ်သူ ဒဏ်ရာရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းကနေ သိရပါတယ်။

ဒီကနေ့ နေ့လယ် ၁၁နာရီကျော် အချိန်က မင်းကင်းမြို့ကနေ မြို့မကျေးရွာဖက်ကို မောင်းနှင်လာတဲ့ ကားနှစ်စီး ဟာ မင်းကင်းမြို့မ ကားလမ်း မိုင်တိုင်အမှတ် ၁၂ကီလိုမီတာ လောက်မှာ နောက်က မောင်းလာတဲ့ကားက အရှိန်လွန် ဝင်တိုက်ခဲ့တာပါ။

အဲ့ဒီလို တိုက်မိတာကြောင့် တောင်နံရံ နဲ့ ညှပ်သွားတဲ့ အတိုက်ခံခဲ့ရတဲ့ ကားခေါင်းခန်းမှာ လိုက်ပါလာတဲ့ ယာဉ်မောင်းဖြစ်သူ ကိုဝင်းမြတ်‌ဇော် ၂၄နှစ် နဲ့ သူ့ရဲ့သမီး ဖြစ်သူ
၂နှစ်အရွယ်မမေမြတ်နဒီထွန်း တို့ဟာ အခင်းဖြစ်နေရာ မှာ သေဆုံးခဲ့ပြီးတော့ ယာဉ်မောင်းရဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းနွယ် ကတော့ ဒဏ်ရာ ရှိခဲ့တာပါ။

“တရာခံကိုတော့ မမိသေးပါဘူး။ ဖမ်းဆီးဖို့ ဆောင်ရွက်နေတယ်။ ဒဏ်ရာရသူကိုတော့ ဆေးရုံပို့ထားပြီးပါပြီ”လို့ မင်းကင်းမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ် နဲ့ ပတ်သက်လို့ အသက် ၃၀အရွယ်ယာဉ်မောင်း ဦးအောင်ဖြိုးဦး ကို မင်းကင်းမြို့မရဲစခန်း မှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄ က၊၃၃၇/၃၃၈ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရနိုင်ဖို့ဆောာင်ရွှက်နေတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

#vocieofmyanamr #VOM #မင်းကင်းယာဉ်တိုက်မှု

zawgyi

မင္းကင္းမွာ ကားႏွစ္စီးတိုက္မိလို႕ သားအဖ၂ေယာက္ေသျပီး မိခင္ျဖစ္သူ ဒဏ္ရာရ

ကေလး ေဖေဖာ္ဝါရီ ၁၇-၂၀၂၀
ျငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္မွာ ေရွ႕ကေမာင္းေနတဲ့ ကားကို ေနာက္က ကားက ဘရိတ္ေပါက္ အရွိန္လြန္ၿပီး ဝင္တိုက္မိရာကေန မိသားစု သုံးဦးထဲက ဖခင္နဲ႔ သမီးျဖစ္သူ ဟာ ေနရာမွာ ေသဆုံးခဲ့ၿပီး မိခင္ ျဖစ္သူ ဒဏ္ရာရတဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့တယ္လို႔ ကေလးၿမိဳ႕မ ရဲစခန္းကေန သိရပါတယ္။

ဒီကေန႔ ေန႔လယ္ ၁၁နာရီေက်ာ္ အခ်ိန္က မင္းကင္းၿမိဳ႕ကေန ၿမိဳ႕မေက်း႐ြာဖက္ကို ေမာင္းႏွင္လာတဲ့ ကားႏွစ္စီး ဟာ မင္းကင္းၿမိဳ႕မ ကားလမ္း မိုင္တိုင္အမွတ္ ၁၂ကီလိုမီတာ ေလာက္မွာ ေနာက္က ေမာင္းလာတဲ့ကားက အရွိန္လြန္ ဝင္တိုက္ခဲ့တာပါ။

အဲ့ဒီလို တိုက္မိတာေၾကာင့္ ေတာင္နံရံ နဲ႔ ညႇပ္သြားတဲ့ အတိုက္ခံခဲ့ရတဲ့ ကားေခါင္းခန္းမွာ လိုက္ပါလာတဲ့ ယာဥ္ေမာင္းျဖစ္သူ ကိုဝင္းျမတ္‌ေဇာ္ ၂၄ႏွစ္ နဲ႔ သူ႔ရဲ႕သမီး ျဖစ္သူ
၂ႏွစ္အ႐ြယ္မေမျမတ္နဒီထြန္း တို႔ဟာ အခင္းျဖစ္ေနရာ မွာ ေသဆုံးခဲ့ၿပီးေတာ့ ယာဥ္ေမာင္းရဲ႕ ဇနီးျဖစ္သူ ေဒၚႏွင္းႏြယ္ ကေတာ့ ဒဏ္ရာ ရွိခဲ့တာပါ။

“တရာခံကိုေတာ့ မမိေသးပါဘူး။ ဖမ္းဆီးဖို႔ ေဆာင္႐ြက္ေနတယ္။ ဒဏ္ရာရသူကိုေတာ့ ေဆး႐ုံပို႔ထားၿပီးပါၿပီ”လို႔ မင္းကင္းၿမိဳ႕မရဲစခန္းက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အဲ့ဒီျဖစ္စဥ္ နဲ႔ ပတ္သက္လို႕ အသက္ ၃၀အ႐ြယ္ယာဥ္ေမာင္း ဦးေအာင္ၿဖိဳးဦး ကို မင္းကင္းၿမိဳ႕မရဲစခန္း မွာ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ က၊၃၃၇/၃၃၈ျဖင့္ အမႈဖြင့္ထားျပီး ဖမ္းဆီးရနိုင္ဖို႕ေဆာာင္႐ြွက္ေနတယ္လို႔ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

#vocieofmyanamr #VOM #မင္းကင္းယာဥ္တိုက္မွု

Related posts

Leave a Comment

VOM News

FREE
VIEW