ဆူးငှက် ဝန်ထမ်းလုပ်သက် ဘာမှမကြာ —————————— တကယ်တော့ ဒေါ်သြဘာသောင်း၏ ကဗျာလွတ် ကကွက်များ မှတ်တမ်းတင်ရန်အတွက် မခင်ဝင်းနွယ်ကို တာဝန်ပေးစဉ်က “အငြိမ်းစားအကနည်းပြဆရာမကြီး ဒေါ်သြဘာသောင်း၏ အခြေခံ ကကြိုးကကွက် များမှအစ ကနည်းကဟန် အမျိုးမျိုးတို့ကို ရုပ်ရှင်ရုပ်သေတို့ဖြင့် ကပြမှတ်တမ်းတင်၍ တဆင့် ဖြန့်ဖြူးသင်ကြားရာ၌ ဒေါ်သြဘာသောင်း၏ ကကြိုးကဟန်များကို သင်ရိုးအတိုင်း သင်ကြား ကပြနိုင်သူ မခင်ဝင်းနွယ်ကို ယဉ်ကျေးမှုကောင်စီ အက်ဥပဒေပုဒ်မ ၁၁(၁)အရ ယဉ်ကျေးမှုကဇာတ်အဖွဲ့တွင် ကဟန်ပြအမျိုးသမီးအဖြစ်” ခန့်ထားခဲ့သည်။ ဤသို့ဖြင့် ၁၉၇၀ ခုနှစ် ဇွန်လ အထိ ကြားတွင် ၂နှစ်ခန့် နား၍ ကဗျာလွတ်ပထမအဆင့်မှ ပဉ္စမအဆင့်အထိ ကကွက်ပေါင်း ၁၂၅ ကွက်ကို ပန်းချီကောက်ကြောင်း၊ ဓာတ်ပုံတို့ဖြင့် ရန်ကုန်နှင့် မန္တလေးတို့၌ မှတ်တမ်းတင်ခဲ့ရာ ပန်းချီအနေနှင့် ၁၆၁၇ ပုံ၊ ဓာတ်ပုံဖြင့် ပထမအဆင့်၌ ၂၈၅ ပုံ၊…
Read MoreDay: May 26, 2026
သီပေါမြို့ပြင်မှာ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့ပေမယ့် မြို့ပေါ် မှာ ပုံမှန်အခြေအနေမှာရှိ
မေ ၂၅ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ်ထဲမှာ မနေ့က မေ ၂၄ ရက်နေ့ ညနေပိုင်းက ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရှော့တိုက်ဒုံးက သီပေါမြို့အပြင်ဘက် နောင်အိမ်တောင်နဲ့ ရွာသစ်ရွာဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ၊ ပေါက်ကွဲမှုကြောင့် လူနဲ့အဆောက်အဦး ထိခိုက်ပျက်စီးမှုတော့ မရှိဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” နောင်အိမ်တောင် နဲ့ရွာသစ်က သီပေါနဲ့ နည်နည်းလှမ်းတယ်။ ပြောရရင်ပြည်ထောင်စုလမ်းမကြီးဘေးကိုမဟုတ်ဘူး ။ပြောရမယ်ဆိုရင် အရင်ကရှိတယ် မိုးတေတံတားရှိတယ်။ မိုးတေတံတားရဲ့ ဟိုဘက်မှာ TNLA ရှိတယ်။ ဒီဘက်မှာ စစ်တပ်ရှိတယ်။အဲဒီတော့ အနီးဆုံးကတော့ ပလောင်လည်းနီးတယ်။ MNDAA လည်းနီးတယ်။ လာရာလမ်းကြောင်းက ဘယ်လိုပစ်တယ်ဆိုတာတော့ မသိဘူး ။ ” လို့ ဒေသခံကပြောပါတယ်။ သီပေါမြို့နယ် ထဲမှာ ရှော့တိုက်ဒုံးကျရောက်ခဲ့ပေမယ့်…
Read Moreမြိုင်မြို့နယ်အတွင်း စစ်ရေးအခြေအနေကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရ
မေ ၂၅ – ၂၀၂၆ SN (VOM) မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ လက်ရှိမှာ အစိုးရတပ်က လေကြောင်းကနေ ထပ်မံ အင်အားဖြည့်တင်းပြီး မြိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ တောတောင်တွေနဲ့ ဘေးလွတ်မယ်ထင်တဲ့ အနီးအနားက ကျေးရွာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ “မိုးရာသီလည်း ရောက်လာပြီဆိုတော့ စစ်ရှောင်တွေ အမိုးအကာအောက်ရောက်ဖို့၊ ယာယီတဲတွေဆောက်ဖို့ အရေးတကြီး လိုတယ်။ ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ ဖျားနာပျောက်ဆေးလိုမျိုး ဆေးဝါးတွေလည်း လိုတယ်။ ရေရှားပါးတဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရတာဆိုတော့ ရေသန့်တွေလည်း လိုပါတယ်။ ဒါပေမယ့် အစိုးရတပ်က ဒီ ပခုက္ကူခရိုင်ထဲမှာ ‘ဖြတ်လေးဖြတ်’ ဗျူဟာနဲ့ ပိတ်ဆို့ထားတာဆိုတော့ စစ်ရှောင်တွေရဲ့ လိုအပ်ချက်ကို…
Read Moreအမြန်လမ်းမှာ ယာဥ်တိမ်းမှောက်လို့ အမျိုးသမီးနှစ်ယောက်သေပြီး လေးယောက်ဒဏ်ရာရ
မေ ၂၅ ၊ ၂၀၂၆ GG (VOM) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၃/၆) နဲ့ (၃၃၃/၇)ကြားမှာ အိမ်စီးကားတစီးတိမ်းမှောက်ပြီး နှစ်ယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှာ အသက် ၄၀ အရွယ်နဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးနှစ်ယောက်တို့ သေဆုံးခဲ့တာဖြစ်ပြီး အမျိုးသားသုံးယောက်နဲ့ အမျိုးသမီး တယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ထိခိုက်ဒဏ်ရာ ရရှိတဲ့လေးယောက်ထဲမှာ အမျိုးသမီးတယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး.စိုးရိမ်ရတဲ့အခြေအနေရှိကြောင်းနဲ့ ဒဏ်ရာရသူတွေကို တံတားဦးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ” ကားဘီးပေါက်ပြီး လမ်းဘေးထိုးကျတာပါ။ အိမ်စီးကားပါပဲ ။ ရန်ကုန်ကနေ မန္တလေးဘက်ကိုသွားတဲ့ကားပါ ။ သေဆုံးသူကနှစ်ယောက်ပါ။ဒဏ်ရာရလေးယောက်ထဲမှာ စိုးရိမ်ရသူလည်းပါတယ်။.မစိုးရိမ်ရ ဒဏ်ရာရသူလည်းပါတယ်။” အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဆိုပါ ယာဥ်တိမ်းမှောက်ခဲ့တဲ့ကားက ရန်ကုန်ဘက်ကနေ မန္တလေးကို သွားတဲ့ အိမ်စီးကားဖြစ်တယ်လို့ သိရပါတယ်။…
Read More၂၀၂၆ ခုနှစ် ငါးလနီးပါးအတွင်းမှာ Mytel အပါအဝင် အစိုးရနဲ့ဆက်စပ်တဲ့ အကောင့် ၁၄၀၀ နီးပါးကို Facebook ကနေ ဖယ်ရှားခဲ့
မေ ၂၅ ၊ ၂၀၂၆ CC (VOM) Mytel ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့ အကောင့်တွေ နဲ့ တယ်လီကွန်းကွန်ရက် MECtel အရောင်းကိုယ်စားလှယ်တွေရဲ့ အကောင့်တွေနဲ့ စာမျက်နှာတွေ ၊ MRTV နဲ့ MWD သတင်းတွေကို ပြန်လည်ဖော်ပြတဲ့ အကောင့် ၁၀၉ ခုကို Facebook စာမျက်နှာကနေ ထပ်မံဖယ်ရှားခဲ့တယ်လို့ မေ ၂၅ ရက်နေ့ Just For Myanmar (JFM) ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။ ဒါကြောင့် လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ မေလ ၂၅ ရက်အတွင်း၊ ငါးလနီးပါးကာလမှာ Mytel အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေ ၊ ဂရုတွေနဲ့ ပရိုဖိုင်း အကောင့် ၊ အစိုးရတပ်နဲ့ ဆက်စပ်နေတဲ့လုပ်ငန်း အကောင့် စာမျက်နာ ပေါင်း ၁၄၀၀…
Read Moreလူမှုရေးပင်စင်ကို ဖုန်းငွေလွှဲစနစ်နဲ့ တစ်နှစ်ကို ကျပ် ခြောက်သောင်း ထောက်ပံ့မယ်
မေ ၂၅ – ၂၀၂၆ SS (VOM) အသက် (၈၅) နှစ်ပြည့်ပြီးတဲ့ သက်ကြီးရွယ်အိုတွေအတွက် လူမှုရေးပင်စင်ကို ဖုန်းငွေလွှဲစနစ်နဲ့ တနှစ်စာ ကျပ် ခြောက်သောင်း ထောက်ပံ့မယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထားပါတယ်။ ဒီအစီအစဉ်အတွက် အကျုံးဝင်သူတွေကတော့ ခရစ်သက္ကရာဇ် ၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက် (မြန်မာသက္ကရာဇ် ၁၃၀၂ ခုနှစ်၊ တန်ခူး လဆန်း ၆ ရက်) မတိုင်မီ မွေးဖွားပြီး အသက် ၈၅ နှစ် ပြည့်ပြီးသူတွေဖြစ်ကာ ထောက်ပံ့ကြေး ရရှိဖို့အတွက် နေရပ်လိပ်စာရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး (ဒါမှမဟုတ်) လူမှုဝန်ထမ်းရုံးတွေမှာ လာမယ့် မေ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။ တနှစ်စာ ရရှိမယ့်ငွေပမာဏကို တလ ၅၀၀၀ ကျပ်နှုန်းနဲ့ သုံးလပတ်…
Read Moreအာဆီယံနှင့် မြန်မာ့နိုင်ငံရေး ရေစီးကြောင်း
MT(VOM) ကမ္ဘာ့မြေပုံကို ဖြန့်ကြည့်လိုက်လျှင် အရှေ့တောင်အာရှဟူသော ဒေသကြီးသည် ပထဝီနိုင်ငံရေးအရ အရှေ့နှင့် အနောက်ကို ဆက်သွယ်ပေးထားသည့် တံတားကြီးတစ်စင်းသဖွယ် ဖြစ်နေသည်ကို တွေ့ရပေမည်။ သမိုင်းဆိုသည်မှာ ရပ်တန့်နေသော ရေအိုင်မဟုတ်၊ အစဉ်အမြဲ စီးဆင်းနေသော မြစ်တစ်စင်း ဖြစ်သည့်အလျောက် ထိုဒေသတွင်းရှိ နိုင်ငံများ၏ ကံကြမ္မာသည်လည်း ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းနှင့်အတူ နိမ့်ချည်မြင့်ချည် ရှိခဲ့လေသည်။ ထိုရေစီးကြောင်းထဲတွင် မြန်မာနှင့် အာဆီယံ (ASEAN) တို့၏ ဆက်ဆံရေး သမိုင်းစဉ်သည် ဆွဲဆောင်မှုအရှိဆုံး၊ အချိုးအကွေ့ အများဆုံးနှင့် လေ့လာစရာကောင်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေသည်။ စစ်အေးခေတ်၊ စီးတိုး (SEATO) နှင့် ကြားနေရေး ခံတပ် (၁၉၅၄ အလွန်ကာလများ) အာဆီယံ မပေါ်ပေါက်မီကပင် အရှေ့တောင်အာရှသည် အင်အားကြီးနိုင်ငံများ၏ စစ်တုရင်ခုံ ဖြစ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီးမှာ လစ်ဘရယ်ဒီမိုကရေစီ အလံထူထား သော အနောက်အုပ်စု နှင့် ကွန်မြူနစ်…
Read Moreကျောက်ဖြူမြို့က သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေ
မေ ၂၆ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လက်ရှိမှာ ကျောက်ဖြုမြို့နယ်၊ စနဲမြို့အနီးက တောင်မော်ဦး ရေတပ်စခန်းဝန်းကျင်နဲ့ သိုင်းချောင်း၊ ဇိုင်ချောင်းတဝိုက်မှာ တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေပြီး အစိုးရတပ်က လေကြောင်းကနေ လေယာဉ်၊ ဒရုန်းတွေ အသုံးပြုကာ ရေကြောင်းကနေလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။ “တိုက်ပွဲတွေက ဒီလဆန်းပိုင်းကစပြီး ပြင်းထန်လာတာ။ ဒရုန်းတွေ၊ လက်နက်ကြီးတွေကျလို့ ရွာတော်တော်များများလည်း ပျက်စီးသွားပြီ။ စစ်ရှောင်တွေအတွက် ပြန်မယ်ဆိုရင်တောင် နေစရာ အိမ်မရှိတော့တဲ့ အခြေအနေပါ။ အများစုက ဘာပစ္စည်းမှ ယူချိန်မရဘဲ အဝတ်တထည် ကိုယ်တခုနဲ့ ရှောင်လာရတဲ့သူတွေချည်းပဲ။ မိုးသည်းနေတဲ့ကြားမှာ…
Read More