မေ-၂၆-၂၀၂၆
VOM
မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ တောင်သူလယ်သမားတွေရဲ့ဘဝ ပိုမိုအဆင်ပြေဖို့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေကို ဗဟိုဘဏ်ကတဆင့် ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဘဏ်တွေကို လမ်းညွှန်ပြီး စိုက်ပျိုးစရိတ်ချေးငွေတွေကို အိမ်တိုင်ယာရောက် လိုက်လံဆောင်ရွက်ပေးနေပါတယ်။
KBZ Bank အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကို အားပေးကူညီပံ့ပိုးရန်၊ တောင်သူလယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံရဲ့ Inclusive Digital Economy ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ဖော်ဆောင်နေတာဖြစ်တဲ့ အစီအစဉ်လို့လည်း သိရပါတယ်။
မေ ၂၅ ရက်ကစပြီး ရန်ကုန်တိုင်း မန္တလေးတိုင်းတွေမှာ မိုးစပါးစိုက်ပျိုးဖို့ တဧက ၃သိန်းနုန်းချေးပေးတာမှာ ငွေသားတဝက် Kpay တဝက် စနစ်နဲ့ တောင်သူဦးကြီးတွေကို ထုတ်ချေးပေးနေပါတယ်။
အဲလိုထုတ်ချေးနေတဲ့နေရာမှာ တောင်သူတွေဟာ ချေးငွေကို ငွေသားထုတ်ရုံတင်မကဘဲ အေးဂျင့်ဆိုင်ကနေတစ်ဆင့် အခြား ငွေလွှဲ/ငွေသွင်း၊ ဘေလ်ဆောင်တာမျိုးတွေအထိပါ ပိုမိုအသုံးချလာကြသလား ၊ ဘယ်လိုအဆင်မပြေမှုတွေရှိနေမလဲ ၊ ဒီစနစ် ရေရှည်အောင်မြင်ဖို့နဲ့ တောင်သူတွေရော အေးဂျင့်တွေပါ ပိုမိုအဆင်ပြေစေဖို့ ဘဏ် သို့မဟုတ် ဗဟိုဘဏ်ဘက်က ဘာတွေ ထပ်မံပံ့ပိုးပေးဖို့ လိုအပ်မယ်ထင်သလဲဆိုတာတွေကိုသိနိုင်ဖို့ VOM သတင်းဌာနအနေနဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်ထဲက အင်ဒိုင်းရွာ၊ ရွှေလေးရွာနဲ့ တောင်လွှဲရွာတွေကို ကွင်းဆင်းပြီး သတင်းရယူထားတာကို တင်ပြပေးလိုက်ပါတယ်။
အစီအစဉ်တင်ဆက်သူ နေလင်း
ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်
