ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဝင် သုံးဦးကို ဗိုလ်တထောင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆လထပ်မံချမှတ်

ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဝင် သုံးဦးကို ဗိုလ်တထောင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆လထပ်မံချမှတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀
စွဲ့ဝတီ(VOM)

ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင် (၇) ဦးထဲမှ (၃) ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ – ၆၆(ဃ) နဲ့ ဗိုလ်တထာင်မြို့နယ် တရားရုံးက ဒီကနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လထပ်ပြီးတော့ချမှတ်ခဲ့ပါတယ်။

ဗိုလ်တထောင် တရားရုံးမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ပုဒ်မနှစ်ခုနဲ့ စွဲဆိုထားတာဖြစ်ပြီးတော့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊မဆုရတနာမြင့်၊ မကေခိုင်ထွန်း တို့ ခြောက်ဦးကို ပုဒ်မ၅၀၅က နဲ့ ထောင်ဒဏ် ၁နှစ်ချမှတ်ထားပြီးတော့ အခု ရုံးချိန်းမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ ကိုငြိမ်းချမ်းစိုး(ခ) ချစ်ယုံ၊ မဆုရတနာမြင့်၊ မကေခိုင်ထွန်း တို့ ခုနှစ်ဦးကို ပုဒ်မ ၆၆ ဃနဲ့ ထပ်ပြီးတော့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

“အမိန့်အခြေအနေကတော့ မကေခိုင်ထွန်း၊ မဆုရတနာမြင့် ၊ ကိုပိုင်ဖြိုးမင်းရယ်က ဆက်သွယ်ရေးဥပဒေ ပုဒ်မနဲ့ညှိုစွန်းတဲ့အတွက် ခြောက်လကျပါတယ်။ ကျန်တဲ့ လေးယောက်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မနဲ့ မငြိစွန်းတဲ့ အတွက် တရားသေလွှတ်ပါတယ်။ သူတို့ အဓိကထားတာကတော့ ဒေါင်းတို့မျိုးဆက် ပေ့ချ်ကနေ ဗီဒီယိုကို ရှယ်ထားတဲ့ ဟာကို အဓိကထားတာပါ။ ကျန်တဲ့ လေးယောက်က အဲဒါကို မရှယ်ဘူး။ သုံးယောက်က အဲဒါကို ရှယ်တယ်။ အဲဒါကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ငြိစွန်းတယ်ဆိုပြီးတော့ ခြောက်လထပ်ချလိုက်တာပါ”လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုး(ခ) ချစ်ယုံက ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်း၊ မဆုရတနာမြင့်၊ ကိုပိုင်ဖြိုးမင်းတို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ ညှိုစွန်းတယ်လို့ ဆုံးဖြတ်တဲ့အတွက် အလုပ်နဲ့ ထောက်ဒဏ်ခြောက်လ ချမှတ်လိုက်ပြီး ကျန်တဲ့ ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင် ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ ကိုငြိမ်းချမ်းစိုး(ခ) ချစ်ယုံတို့ကို တရားသေလွှတ်လိုက်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ကတော့ တရားစွဲဆိုခဲ့တဲ့အပေါ်မှာတော့ ကျွန်တော်တို့ကို ဘယ်လိုပဲ ထောင်တွေ ချချ ကျွန်တော်တို့ရဲ့ ဝေဖန်မူတွေကတော့ ရပ်သွားမှာမဟုတ်ဘူး။ ကျွန်တော် ပြည်သူတွေကို သူတို့ကို ထိခိုက်လာမယ်။ အာဏာကိုထိခိုက်လာမယ်။ လုပ်ပိုင်ခွင့်ကို ထိခိုက်လာမယ်ဆိုရင် ဒီလိုမျိုးတုံပြန့်ပေမဲ့ ကျွန်တော်တို့က ကြောက်ခြင်း လန့်ခြင်း ရှိမှာပဲ ဒီမိုကရေစီအရေးအတွက် ကျွန်တော်တို့က အမြဲတမ်းတွန်းအားပေးနေမှာဖြစ်ပါတယ်။ ဘယ်နေရာ ရောက်ရောက်ပါ”လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်းက ပြောပါတယ်။

လက်ရှိမှာသံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ မကေခိုင်ထွန်းတို့ ငါးဦးကို မရမ်းကုန်းမြို့နယ် တရားရုံးက ပုဒ်မ – ၅၀၅(က) နဲ့ထောင်ဒဏ် (၁) နှစ်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ၊ မဆုရတနာမြင့်တို့ လေးဦးကို မရမ်းကုန်းမြို့နယ် တရားရုံးကပုဒ်မ – ၆၆(ဃ) နဲ့ ထောင်ဒဏ် (၆) လ ၊ သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊မဆုရတနာမြင့်၊ မကေခိုင်ထွန်း တို့ ခြောက်ဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးက ပုဒ်မ – ၅၀၅(က) ဖြင့် ထောင်ဒဏ် (၁) နှစ်နဲ့ အခု ဗိုလ်တထောင် တရားရုံးမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ မဆုရတနာမြင့်၊ မကေခိုင်ထွန်း တို့ သုံးဦးကို ပုဒ်မ ၆၆ ဃနဲ့ ထောင်ဒဏ်ခြောက်လ စတဲ့ အမိန့်တွေကို ချမှတ်ထားပြီးတော့ ရန်ကုန်မှာ တရားစွဲဆိုထားတဲ့အမူ လေးခုအတွက် အားလုံးအမိန့်ချပြီးဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို တရားစွဲဆိုထားတဲ့ အမူတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ၊ ဖျာပုံ၊ မအူပင်၊ ပုသိမ် စတဲ့ တရားရုံးတွေမှာတော့ အခုချိန်အထိ ရုံးထုတ် စစ်ဆေးနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဒေါင်းတို့မျိုးဆက်စီရင်ချက်ချ

Zawgyi

ေဒါင္းတို႔ မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ သုံးဦးကို ဗိုလ္တေထာင္တရား႐ုံးက အလုပ္နဲ႔ ေထာင္ဒဏ္ ၆လထပ္မံခ်မွတ္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၇-၂၀၂၀
စြဲ႕၀တီ(VOM)

ေဒါင္းတို႔ မ်ိဳးဆက္ သံခ်ပ္အဖြဲ႕၀င္ (၇) ဦးထဲမွ (၃) ဦးကို ဆက္သြယ္ေရး ဥပေဒ ပုဒ္မ – ၆၆(ဃ) နဲ႔ ဗိုလ္တထာင္ၿမိဳ႕နယ္ တရား႐ုံးက ဒီကေန႔မွာ အလုပ္နဲ႔ ေထာင္ဒဏ္ ေျခာက္လထပ္ၿပီးေတာ့ခ်မွတ္ခဲ့ပါတယ္။

ဗိုလ္တေထာင္ တရား႐ုံးမွာ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ေတြကို ပုဒ္မႏွစ္ခုနဲ႔ စြဲဆိုထားတာျဖစ္ၿပီးေတာ့ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕၀င္ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း(ခ) ဒီေရ၊ ကိုေဇာ္လင္းထြဋ္(ခ)ဖိုးသား၊မဆုရတနာျမင့္၊ မေကခိုင္ထြန္း တို႔ ေျခာက္ဦးကို ပုဒ္မ၅၀၅က နဲ႔ ေထာင္ဒဏ္ ၁ႏွစ္ခ်မွတ္ထားၿပီးေတာ့ အခု ႐ုံးခ်ိန္းမွာ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း(ခ) ဒီေရ၊ ကိုေဇာ္လင္းထြဋ္(ခ)ဖိုးသား၊ ကိုၿငိမ္းခ်မ္းစိုး(ခ) ခ်စ္ယုံ၊ မဆုရတနာျမင့္၊ မေကခိုင္ထြန္း တို႔ ခုႏွစ္ဦးကို ပုဒ္မ ၆၆ ဃနဲ႔ ထပ္ၿပီးေတာ့ အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

“အမိန႔္အေျခအေနကေတာ့ မေကခိုင္ထြန္း၊ မဆုရတနာျမင့္ ၊ ကိုပိုင္ၿဖိဳးမင္းရယ္က ဆက္သြယ္ေရးဥပေဒ ပုဒ္မနဲ႔ညႇိဳစြန္းတဲ့အတြက္ ေျခာက္လက်ပါတယ္။ က်န္တဲ့ ေလးေယာက္က ဆက္သြယ္ေရး ဥပေဒ ပုဒ္မနဲ႔ မျငိစြန္းတဲ့ အတြက္ တရားေသလႊတ္ပါတယ္။ သူတို႔ အဓိကထားတာကေတာ့ ေဒါင္းတို႔မ်ိဳးဆက္ ေပ့ခ်္ကေန ဗီဒီယိုကို ရွယ္ထားတဲ့ ဟာကို အဓိကထားတာပါ။ က်န္တဲ့ ေလးေယာက္က အဲဒါကို မရွယ္ဘူး။ သုံးေယာက္က အဲဒါကို ရွယ္တယ္။ အဲဒါေၾကာင့္ ဆက္သြယ္ေရးဥပေဒပုဒ္မနဲ႔ ျငိစြန္းတယ္ဆိုၿပီးေတာ့ ေျခာက္လထပ္ခ်လိုက္တာပါ”လို႔ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ကိုၿငိမ္းခ်မ္းစိုး(ခ) ခ်စ္ယုံက ေျပာပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ မေကခိုင္ထြန္း၊ မဆုရတနာျမင့္၊ ကိုပိုင္ၿဖိဳးမင္းတို႔ကို ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆ ဃနဲ႔ ညႇိဳစြန္းတယ္လို႔ ဆုံးျဖတ္တဲ့အတြက္ အလုပ္နဲ႔ ေထာက္ဒဏ္ေျခာက္လ ခ်မွတ္လိုက္ၿပီး က်န္တဲ့ ကိုပိုင္ရဲသူ၊ ကိုေဇယ်ာလြင္ ၊ ကိုေဇာ္လင္းထြဋ္(ခ)ဖိုးသား၊ ကိုၿငိမ္းခ်မ္းစိုး(ခ) ခ်စ္ယုံတို႔ကို တရားေသလႊတ္လိုက္တယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔ကေတာ့ တရားစြဲဆိုခဲ့တဲ့အေပၚမွာေတာ့ ကြၽန္ေတာ္တို႔ကို ဘယ္လိုပဲ ေထာင္ေတြ ခ်ခ် ကြၽန္ေတာ္တို႔ရဲ႕ ေဝဖန္မူေတြကေတာ့ ရပ္သြားမွာမဟုတ္ဘူး။ ကြၽန္ေတာ္ ျပည္သူေတြကို သူတို႔ကို ထိခိုက္လာမယ္။ အာဏာကိုထိခိုက္လာမယ္။ လုပ္ပိုင္ခြင့္ကို ထိခိုက္လာမယ္ဆိုရင္ ဒီလိုမ်ိဳးတုံျပန႔္ေပမဲ့ ကြၽန္ေတာ္တို႔က ေၾကာက္ျခင္း လန႔္ျခင္း ရွိမွာပဲ ဒီမိုကေရစီအေရးအတြက္ ကြၽန္ေတာ္တို႔က အၿမဲတမ္းတြန္းအားေပးေနမွာျဖစ္ပါတယ္။ ဘယ္ေနရာ ေရာက္ေရာက္ပါ”လို႔ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ကိုပိုင္ၿဖိဳးမင္းက ေျပာပါတယ္။

လက္ရွိမွာသံခ်ပ္အဖြဲ႕ဝင္ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း(ခ) ဒီေရ၊ ကိုေဇာ္လင္းထြဋ္ (ခ) ဖိုးသား၊ မေကခိုင္ထြန္းတို႔ ငါးဦးကို မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးက ပုဒ္မ – ၅၀၅(က) နဲ႔ေထာင္ဒဏ္ (၁) ႏွစ္၊ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း(ခ)ဒီေရ၊ မဆုရတနာျမင့္တို႔ ေလးဦးကို မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးကပုဒ္မ – ၆၆(ဃ) နဲ႔ ေထာင္ဒဏ္ (၆) လ ၊ သံခ်ပ္အဖြဲ႕ဝင္ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း(ခ) ဒီေရ၊ ကိုေဇာ္လင္းထြဋ္(ခ)ဖိုးသား၊မဆုရတနာျမင့္၊ မေကခိုင္ထြန္း တို႔ ေျခာက္ဦးကို ဗိုလ္တေထာင္ၿမိဳ႕နယ္ တရား႐ုံးက ပုဒ္မ – ၅၀၅(က) ျဖင့္ ေထာင္ဒဏ္ (၁) ႏွစ္နဲ႔ အခု ဗိုလ္တေထာင္ တရား႐ုံးမွာ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ကိုပိုင္ၿဖိဳးမင္း(ခ) ဒီေရ၊ မဆုရတနာျမင့္၊ မေကခိုင္ထြန္း တို႔ သုံးဦးကို ပုဒ္မ ၆၆ ဃနဲ႔ ေထာင္ဒဏ္ေျခာက္လ စတဲ့ အမိန႔္ေတြကို ခ်မွတ္ထားၿပီးေတာ့ ရန္ကုန္မွာ တရားစြဲဆိုထားတဲ့အမူ ေလးခုအတြက္ အားလုံးအမိန႔္ခ်ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

တပ္မေတာ္က ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ေတြကို တရားစြဲဆိုထားတဲ့ အမူေတြထဲမွာ ဧရာ၀တီတိုင္းေဒသႀကီး ေဒးဒရဲ၊ ဖ်ာပုံ၊ မအူပင္၊ ပုသိမ္ စတဲ့ တရား႐ုံးေတြမွာေတာ့ အခုခ်ိန္အထိ ႐ုံးထုတ္ စစ္ေဆးႏိုင္ျခင္း မရွိေသးဘူးလို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ေဒါင္းတို႕မ်ိဳးဆက္စီရင္ခ်က္ခ်

Related posts

Leave a Comment

VOM News

FREE
VIEW