ကိုရိုနာဗိုင်းရပ်စ်ကြောင့် မော်တော်ယာဉ်အပိုပစ္စည်း နယ်စက်ကနေတင်သွင်းမှုတုန့်ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မော်တော်ယာဉ်အပိုပစ္စည်း နယ်စက်ကနေတင်သွင်းမှုတုန့်ဆိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀
သိင်္ဂီ (VOM)

မော်တော်ယာဉ်အပိုပစ္စည်း ရောင်းအားတက်လာမှုနဲ့အတူ တဖက်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စက်ကနေ ပစ္စည်းတင်သွင်းမှု တုန့်ဆိုင်းနေပြီး ပစ္စည်းလိုအပ်ချက်တွေလည်း ရှိလာနိုင်တယ်လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်အပိုပစ္စည်း လုပ်ငန်းရှင်းများအသင်းကနေ သိရပါတယ်။

ဒါ့အပြင် မော်တော်ယာဉ်အပိုပစ္စည်းတွေကို တင်သွင်းတဲ့အခါမှာလည်း လမ်းမှာ(၂) ကြိမ်၊ (၃)ကြိမ်လောက် ဖွင့်ဖောက်စစ်ဆေးခံရတာတွေရှိနေတဲ့အတွက် ပစ္စည်းအဟောင်းတွေကို ပြန်တင်သွင်းရတဲ့အခါတွေမှာ ပျက်ဆီးမှုတွေရှိနေတယ်လို့ သိရပါတယ်။

“ ပြည်တွင်းအရောင်းအဝယ်တွေမှာ ကားက ပစ္စည်းပျက်သွားတယ်ဆိုရင် မဖြစ်မနေပြန်ပြီးဝယ်သုံးနေရတယ်။ ခရီးတွေကလည်း ယာဉ်တွေနဲ့သွားလာမှုကလည်း များလာတယ်။ ဆိုတဲ့အခါကျတော့ ကားတာရာတို့၊ ဘတ္ထရီတို့က ပိုရောင်းအားကောင်းလာတယ်။ ကားရဲ့သက်တမ်းပေါ်မူတည်ပြီးတော့ ပြန်လဲရတဲ့ပစ္စည်းတွေ ရှိလာတယ်။ ဆိုင်တစ်ဆိုင်ချင်းအနေနဲ့ ရောင်းအားက ကွာချင်ကွာသွားမယ်။ ပြည်တွင်းဈေးကွက်တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ပိုတိုးတက်လာတယ်။ နယ်စပ်ကနေ မော်တော်ယာဉ်အပိုပစ္စည်းတင်သွင်းမှု အခြေအနေမှာ တုန့်ဆိုင်းနေတယ် ”လို့ ရန်ကုန်တိုင်း၊ မော်တော်ယာဉ်အပိုပစ္စည်း လုပ်ငန်းရှင်များသင်း ဥက္ကဋ္ဌ ဦးသန်းထိုက်လွင်ကပြောပါတယ်။

မော်တော်ယာဉ်အပိုပစ္စည်းတွေကိုတော့ မြဝတီနယ်စပ်လမ်းကြောင်းနဲ့ သီလဝါဆိပ်ကမ်းရေလမ်းကြောင်းကနေ အဓိကတင်သွင်းနေတာ ဖြစ်ပါတယ်။လက်ရှိ ကားအပိုပစ္စည်းရောင်းလိုအားဈေးကွက်ဟာ ၂၀၂၀ ထဲမှာဆိုရင် ကားတာယာ နဲ့ ဘက်ထရီက ရောင်းအားမြင့်တက်လာတယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းကားဈေးကွက်အတွင်းမှာ ကားBrand အမျိုးမျိုး ဝင်လာတဲ့အတွက် ယာဉ်အပိုပစ္စည်း brand အမျိုးမျိုးကိုဝယ်ယူကာ ရင်းနှီးရတဲ့အခြေအနေတွေရှိနေတာဖြစ်ပြီး မော်တော်ယာဉ် အပိုပစ္စည်းရောင်းဝယ်ရေးဈေးကွက်မှာ အရင်းအနှီးကြီးတဲ့အတွက် အမြတ်ရရှိမှုနည်းတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Photo – Thanb Htay
#VOM #voiceofmyanmar #ရန်ကုန် #ကားအပိုပစ္စည်း #ကိုရိုနာဗိုင်းရပ်စ် #တင်သွင်းမှုတုန့်ဆိုင်း

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေမာ္ေတာ္ယာဥ္အပိုပစၥည္း နယ္စက္ကေနတင္သြင္းမႈတုန္႔ဆိုင္း

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၇-၂၀၂၀
သိဂႌ (VOM)

ေမာ္ေတာ္ယာဥ္အပိုပစၥည္း ေရာင္းအားတက္လာမႈနဲ႔အတူ တဖက္မွာလည္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ နယ္စက္ကေန ပစၥည္းတင္သြင္းမႈ တုန္႔ဆိုင္းေနၿပီး ပစၥည္းလိုအပ္ခ်က္ေတြလည္း ရွိလာႏိုင္တယ္လို႔ ရန္ကုန္တိုင္း ေမာ္ေတာ္ယာဥ္အပိုပစၥည္း လုပ္ငန္းရွင္းမ်ားအသင္းကေန သိရပါတယ္။

ဒါ့အျပင္ ေမာ္ေတာ္ယာဥ္အပိုပစၥည္းေတြကို တင္သြင္းတဲ့အခါမွာလည္း လမ္းမွာ(၂) ႀကိမ္၊ (၃)ႀကိမ္ေလာက္ ဖြင့္ေဖာက္စစ္ေဆးခံရတာေတြရိွေနတဲ့အတြက္ ပစၥည္းအေဟာင္းေတြကို ျပန္တင္သြင္းရတဲ့အခါေတြမွာ ပ်က္ဆီးမႈေတြ႐ွိေနတယ္လို႔ သိရပါတယ္။

“ ျပည္တြင္းအေရာင္းအဝယ္ေတြမွာ ကားက ပစၥည္းပ်က္သြားတယ္ဆိုရင္ မျဖစ္မေနျပန္ၿပီးဝယ္သုံးေနရတယ္။ ခရီးေတြကလည္း ယာဥ္ေတြနဲ႔သြားလာမွဳကလည္း မ်ားလာတယ္။ ဆိုတဲ့အခါက်ေတာ့ ကားတာရာတို႔၊ ဘတၳရီတို႔က ပိုေရာင္းအားေကာင္းလာတယ္။ ကားရဲ႕သက္တမ္းေပၚမူတည္ၿပီးေတာ့ ျပန္လဲရတဲ့ပစၥည္းေတြ ရွိလာတယ္။ ဆိုင္တစ္ဆိုင္ခ်င္းအေနနဲ႔ ေရာင္းအားက ကြာခ်င္ကြာသြားမယ္။ ျပည္တြင္းေဈးကြက္တစ္ခုအေနနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ ပိုတိုးတက္လာတယ္။ နယ္စပ္ကေန ေမာ္ေတာ္ယာဥ္အပိုပစၥည္းတင္သြင္းမွဳ အေျခအေနမွာ တုန႔္ဆိုင္းေနတယ္ ”လို႔ ရန္ကုန္တိုင္း၊ ေမာ္ေတာ္ယာဥ္အပိုပစၥည္း လုပ္ငန္းရွင္မ်ားသင္း ဥကၠ႒ ဦးသန္းထိုက္လြင္ကေျပာပါတယ္။

ေမာ္ေတာ္ယာဥ္အပိုပစၥည္းေတြကိုေတာ့ ျမဝတီနယ္စပ္လမ္းေၾကာင္းနဲ႔ သီလဝါဆိပ္ကမ္းေရလမ္းေၾကာင္းကေန အဓိကတင္သြင္းေနတာ ျဖစ္ပါတယ္။လက္ရွိ ကားအပိုပစၥည္းေရာင္းလိုအားေစ်းကြက္ဟာ ၂၀၂၀ ထဲမွာဆိုရင္ ကားတာယာ နဲ႔ ဘက္ထရီက ေရာင္းအားျမင့္တက္လာတယ္လုိ႔ သိရပါတယ္။

လက္႐ွိ ျပည္တြင္းကားေစ်းကြက္အတြင္းမွာ ကားBrand အမ်ိဳးမ်ိဳး ဝင္လာတဲ့အတြက္ ယာဥ္အပိုပစၥည္း brand အမ်ိဳးမ်ိဳးကိုဝယ္ယူကာ ရင္းႏွီးရတဲ့အေျခအေနေတြ႐ွိေနတာျဖစ္ၿပီး ေမာ္ေတာ္ယာဥ္ အပိုပစၥည္းေရာင္းဝယ္ေရးေစ်းကြက္မွာ အရင္းအႏွီးႀကီးတဲ့အတြက္ အျမတ္ရရွိမွဳနည္းတဲ့ အေျခအေနေတြလည္း ႐ွိေနတယ္လုိ႔ သိရပါတယ္။

Photo – Thanb Htay
#VOM #voiceofmyanmar #ရန္ကုန္ #ကားအပိုပစၥည္း #ကိုရိုနာဗိုင္းရပ္စ္ #တင္သြင္းမွဳတုန္႔ဆိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW