ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူလိပ်တွေကို လက်နက်ကိုင်ဓါးပြတွေ လုယက်

ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူလိပ်တွေကို လက်နက်ကိုင်ဓါးပြတွေ လုယက်

ဟောင်ကောင်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် အသုံးအဆောင်ပစ္စည်းတွေကို အလုအယက်ဝယ်ယူနေတဲ့အတွက် ပစ္စည်းတွေပြတ်လပ်ရှားပါးမှု ဖြစ်ပေါ်နေတဲ့ ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူလိပ် ရာပေါင်းများစွာကို လက်နက်ကိုင်ဓါးပြတွေက လုယက်ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

မုန်းကွတ်ရှိ စူပါမားကတ်တစ်ခုပြင်ပမှာ ထရပ်ကားမောင်းသူတစ်ဦးကို ဓါးကိုင်ထားတဲ့ အမျိုးသားသုံးဦးက ဖမ်းဆီးခြိမ်းခြောက်ပြီး ဒေါ်လာ ၁၃၀ တန်ဖိုးရှိတဲ့ အိမ်သာသုံးစက္ကူလိပ်တွေကို ယူဆောင်သွားကြတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် အိမ်သာသုံးစက္ကုလိပ်တွေထောက်ပံ့မှုကို မထိခိုက်ကြောင်း အစိုးရက အာမခံထားပေမယ့်လည်း အဲဒီပစ္စည်းတွေဟာ ဟောင်ကောင်ပစ္စည်းပြတ်သလိုဖြစ်နေပါတယ်။

စူပါမားကတ်တွေမှာလည်း စက္ကူလိပ်တွေကို လိုအပ်သလောက် မြန်မြန်ဆန်ဆန် ပြန်မဖြည့်နိုင်ကြပဲ ဝယ်ယူသူများအနေနဲ့ တစ်ခါတစ်ရံတန်းစီရပြီး ဝယ်ရတာတွေ၊ ဆိုင်ဖွင့်ဖွင့်ချင်း ပစ္စည်းကုန်သွားမျိုးအထိ ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် အိမ်သာသုံးစက္ကူလိပ်တွေနဲ့အတူ လက်သန့်စင်ဆေးရည်နဲ့ အခြားသန့်ရှင်းရေးသုံးပစ္စည်းတွေ အပါအဝင် ဆန် နဲ့ခေါက်ဆွဲ လိုမျိုး အခြေခံကုန်ပစ္စည်တွေလည်း ရှားပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Ref : CNA Photo: AFP
#VOM #voiceofmyanmar #ဟောင်ကောင် #အိမ်သာသုံးစက္ကူလိပ် #ဓါးပြတွေလုယက်

Zawgyi

ေဟာင္ေကာင္မွာ အိမ္သာသံုးစကၠဴလိပ္ေတြကို လက္နက္ကိုင္ဓါးျပေတြ လုယက္

ေဟာင္ေကာင္၊ ေဖေဖာ္၀ါရီ-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုရုိနာဗိုင္းရပ္စ္ျဖစ္ပြားမႈေၾကာင္႔ အသံုးအေဆာင္ပစၥည္းေတြကို အလုအယက္၀ယ္ယူေနတဲ့အတြက္ ပစၥည္းေတြျပတ္လပ္ရွားပါးမႈ ျဖစ္ေပၚေနတဲ႔ ေဟာင္ေကာင္မွာ အိမ္သာသံုးစကၠဴလိပ္ ရာေပါင္းမ်ားစြာကို လက္နက္ကိုင္ဓါးျပေတြက လုယက္ယူေဆာင္သြားၾကတယ္လုိ႔ သိရပါတယ္။

မုန္းကြတ္ရိွ စူပါမားကတ္တစ္ခုျပင္ပမွာ ထရပ္ကားေမာင္းသူတစ္ဦးကို ဓါးကိုင္ထားတဲ႔ အမ်ိဳးသားသံုးဦးက ဖမ္းဆီးျခိမ္းေျခာက္ျပီး ေဒၚလာ ၁၃၀ တန္ဖိုးရိွတဲ့ အိမ္သာသံုးစကၠဴလိပ္ေတြကို ယူေဆာင္သြားၾကတယ္လို႔ ရဲတပ္ဖြဲ႔ကေျပာပါတယ္။

ဗိုင္းရပ္စ္ျဖစ္ပြားေနတဲ႔ အေျခအေနေၾကာင္႔ အိမ္သာသံုးစကၠဳလိပ္ေတြေထာက္ပံ့မႈကို မထိခိုက္ေၾကာင္း အစိုးရက အာမခံထားေပမယ္႔လည္း အဲဒီပစၥည္းေတြဟာ ေဟာင္ေကာင္ပစၥည္းျပတ္သလိုျဖစ္ေနပါတယ္။

စူပါမားကတ္ေတြမွာလည္း စကၠဴလိပ္ေတြကို လိုအပ္သေလာက္ ျမန္ျမန္ဆန္ဆန္ ျပန္မျဖည္႔နိုင္ၾကပဲ ၀ယ္ယူသူမ်ားအေနနဲ႔ တစ္ခါတစ္ရံတန္းစီရျပီး ၀ယ္ရတာေတြ၊ ဆိုင္ဖြင္႔ဖြင္႔ခ်င္း ပစၥည္းကုန္သြားမ်ိဳးအထိ ျဖစ္ေပၚေနပါတယ္။

ဒါ႔အျပင္ အိမ္သာသံုးစကၠဴလိပ္ေတြနဲ႔အတူ လက္သန္႔စင္ေဆးရည္နဲ႔ အျခားသန္႔ရွင္းေရးသံုးပစၥည္းေတြ အပါအ၀င္ ဆန္ နဲ႔ေခါက္ဆြဲ လိုမ်ိဳး အေျခခံကုန္ပစၥည္ေတြလည္း ရွားပါးျပတ္လပ္မႈေတြ ျဖစ္ေပၚေနတယ္လို႔ သိရပါတယ္။

Ref : CNA Photo: AFP
#VOM #voiceofmyanmar #ေဟာင္ေကာင္ #အိမ္သာသံုးစကၠဴလိပ္ #ဓါးျပေတြလုယက္

Related posts

Leave a Comment

VOM News

FREE
VIEW