ခရီးလမ်းကြန့်ကြာလို့ အပျက်အဆီးတွေရှိတာကြောင့် ချင်းတွင်းအထက်ပိုင်းဒေသထွက် ပဲတွေ စျေးကျ

မုံရွာ ဇူလိုင်-၁၀ -၂၀၂၆
MW(VOM )
ခရီးလမ်းကြန့်ကြာလို့ အပျက်အဆီးတွေရှိတာကြောင့် ချင်းတွင်းအထက်ပိုင်းဒေသထွက် ပဲတွေ စျေးကျနေတယ်လို့ မုံရွာပွဲစားတွေဆီကသိရပါတယ်။
“အညာထွက်သီးနှံတွေက ​ရေလမ်းပွင့်ရင်ရောက်ပါတယ်။ တန်ဆာခစျေးကြီးတော့ ကုန်းလမ်းကမသုံးကြဘူး။ တချို့မော်တော်တွေဆိုရင် သင်္ကြန်မတိုင်ခင်က ကုန်တွေတင်လိုက်တာ ဇွန်လကုန်မှရောက်လာတာပါ။ အချိန်ကြာတော့ ပိုးပါတာ။မှိုတက်တာတွေဖြစ်တယ်။ အဲဒါတွေကိုကုန်သည်နဲ့ မော်တော်ပိုင်စကားပြောကြရတယ်။ စျေးကွက်မှာရောင်းထွက်အောင် ပြန်သန့်စင်ရတဲ့စရိတ်တွေ တက်သွားတာပေါ့။ မြေထောက်ပဲတို့ ပုဂံပဲတွေမှာပိုးပါရင် ရောင်းမရတော့ဘူး။”လို့ ချင်းတွင်းအထက်ပိုင်းကုန်စည်ပွဲစားကပြောပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပဲကြီး၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲဆန်၊ နှမ်း၊ ပဲဖတ်၊ ကုလားပဲအုပ်စု၊ ပဲစဥ်းငုံသီးနှံတွေ စျေးကောင်းပြီး အရောင်းအဝယ်သွက်နေပေမယ့် အညာဒေသထွက် ပဲ စျေးတွေကျနေတာပါ။
“ဒီနှစ်က တောင်သူတွေ အထွက်နည်းကြတယ်။ ပြည်ပဝယ်လက်မရှိရင် ပဲစျေးကဆက်ကျနေအုံးမှာပါ။ ပြည်ပဝယ်လက်ရှိပြီး ပြည်တွင်းသုံးလည်းရှိတဲ့ပဲဆိုရင်တော့ စျေးတက်တာပေါ့။ အရင် တရုတ်ကဝယ်ရင် ကားလမ်းကနေတိုက်ရိုက်သွားလို့ရတယ်။ ၂ညအိပ်၃ရက်ဆိုရောက်ပြီ။ အခုကကားလမ်းကအဆင်မပြေဘူး။ ရေလမ်းကနေပို့ခိုင်းပြန်တော့ လချီကြာတယ်။ပို့ဆောင်စရိတ်ကြီးမြင့်တယ်။ အစစအရာရာ ကုန်ကျစရိတ်တွေများတယ်။အဲဒီအခက်အခဲတွေကြောင့် မဝယ်ကြတော့တာပါ။”လို့ ပြည်ပပို့ ပဲကုန်သည်က ဆိုပါတယ်။
အခုကာလမှာ ချင်းတွင်းမြစ်အထက်ပိုင်းကနေ နောက်ထပ်မြေပဲဆန်သာ စျေးကွက်ကိုလာဖို့ရှိပေမယ့် လမ်းခရီးအခြေအနေ၊ တန်ဆာခကြီးမြင့်တာတွေကြောင့် ကိုယ့်ဒေသမှာပဲ ဆီကြိတ်ရောင်းနေကြရတယ်လို့သိရပါတယ်။
ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်း၊ ဖောင်းပြင် ၊မင်းကင်း၊ ကလေးနယ်တွေကနေ မုံရွာစျေးကွက်ကို ရေလမ်းကြောင်းခရီးနဲ့ နှစ်စဥ် မတ်လမှာ
မြေထောက်ပဲ၊ ပဲယင်းနီ၊ ပဲယင်းဝါစတဲ့ပဲတွေ ဝင်ရောက်နေတာဖြစ်ပြီး နောက်နှစ် မတ်လရောက်မှသာ အဲဒီပဲတွေဟာ စျေးကွက်ကိုရောက်လာတော့မှာဖြစ်ပါတယ်။
“အရင်နှစ်ထက် အခုနှစ်က ပဲအထွက်လျော့တယ်။ စျေးတန်းမကောင်းဘူး။မြေထောက်ဖြူပဲဆိုရင် ပေါ်ခါစက တစ်တင်း၁၃၀၀၀၀ ကျော်စျေးရှိရာကနေအခုဆိုရင် ပြည်ပအဝယ်ကမရှိတော့ ၈၅၀၀၀ စျေးအထိကျသွားတယ်။ ပြည်တွင်းသုံးကမရှိဘူး။ မြေထောက်နီက ပဲပြုတ်သမားတွေသုံးကြတယ်။ မနှစ်က တောင်သူတစ်ယောက် တင်း၃၀၀ ရတဲ့သူက ဒီနှစ်တောင်သူတစ်ယောက်တင်း ၁၃၀ လောက်ပဲရနေတယ်။”လို့ မင်းကင်းနယ်ပဲတောင်သူလည်းဖြစ်ပွဲစားလည်းဖြစ်သူက ပြောပြပါတယ်။
တရုတ်ဝယ်လက်ဖြစ်တဲ့ ပဲယင်းကို လက်ရှိမှာ တရုတ်က မဝယ်တောတဲ့အတွက် စျေးကွက်အေးအရောင်းထိုင်းနေပြီး စျေးကျနေပါတယ်။ လတ်
တလောဇူလိုင်လဆန်းပိုင်း တစ်ပါတ် ၁၀ရက်အတွင်း ကြက်စာ၊ ဝက်စာစတဲ့ အစာသမားတွေ မုန့်လိုင်းသမားတွေ သုံးနေတာကြောင့် စျေးနည်းနည်းလေးပြန်တက်နေတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW