ဇူလိုင် ၁၀-၂၀၂၆ KKA(VOM) မန္တလေးတိုင်း၊သပိတ်ကျင်း၊စဉ့်ကူး၊မတ္တရာစတဲ့ တပ်မတော်က ပြန်လည်ထိန်းချုပ်ထားတဲ့မြို့နယ်တွေအတွင်း ပြန်လည်ဝင်ရောက်လာတဲ့ စစ်ရှောင်ပြည်သူလူထုတွေ စစ်ကျန် ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်း အန္တရာယ်ကနေ ကင်းဝေးဖို့ အသိပညာပေး နှိုးဆော်တာတွေကို ကျောင်းဆရာ၊ဆရာမတွေနဲ့လူမှုရေး ပရဟိတအသင်းတွေက လုပ်ဆောင်ပေးနေတယ်လို့ စဉ့်ကူးမြို့နယ် လူမှုကူညီရေးအသင်း အဖွဲ့ဝင် ဦးထွန်းဝင်းအောင်က VOM ကိုပြောပါတယ်။ နှစ်ရှည်လများ နေရပ်စွန့်ခွာပြီး ပြန်လည်ရောက်ရှိလာကြတဲ့ အဲဒီမြို့နယ်တွေက ပြည်သူတွေအနေနဲ့ စစ်ကျန်လက်နက်ပစ္စည်တွေရဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် အခုလို ပသိပညာပေးတာတွေ လုပ်နေရတာဖြစ်တယ်လို့ ဦးထွန်းဝင်းအောင်ကဆိုပါတယ်။ “အဓိကကတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ အနီးတဝိုက်နေရာက ကျေးရွာတွေကို သွားရောက် ဟောပြောတာတွေလုပ်ပါတယ်။မပေါက်ကွဲသေးတဲ့ ဗုံးသီး၊ကျည်၊လက်နက်တွေ တွေ့ရင် မကိုင်၊ မဆော့ကြဖို့၊ မထုခွဲဖို့၊မီ းမရှို့ဖို့နဲ့တွေ့ခဲ့ရင်လည်း ကျေးရွာတာဝန်ခံတွေဆီ အကြောင်းကြားဖို့တွေပြောရပါတယ်။”လို့ ဦးထွန်းဝင်းအောင်ကပြောပါတယ်။ စစ်ကျန် မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းအန္တရယ်ကို စဉ့်ကူးမြို့နယ်နဲ့မတ္တရာမြို့နယ်တွေက အများဆုံးခံစားနေရတာဖြစ်တဲ့အတွက် အသိပညာပေး ဟောပြောတာတွေကိုလည်း ခပ်စိပ်စိပ်လုပ်နေရတယ်လို့ ပညာပေးရေး လုပ်ဆောင်မှုမှာပါဝင်တဲ့…
Read MoreDay: July 11, 2026
အမြင့်စျေးနဲ့တောင် ဝယ်ရခက်တဲ့ စားအုန်းဆီစျေးကွက်ကြောင့် မြေပဲဆီနဲ့ နှမ်းဆီကို ရနိုင်သလောက်ဝယ်ယူနေကြရ
မုံရွာ ဇူလိုင်-၁၀ -၂၀၂၆ MW(VOM ) အစိုးရက စားအုန်းဆီ ခွဲတမ်းကို လျှော့ချလိုက်တာကြောင့် စားအုန်းဆီစျေးတက်သွားသလို လိုသလောက်ဝယ်မရတော့တာကြောင့် အမြင့်စျေးနဲ့အသာစီးရောင်းနေတဲ့ မြေပဲဆီနဲ့ နှမ်းဆီကို ရနိုင်သလောက်ဝယ်ယူနေကြရတယ်လို့ မုံရွာစားသုံးဆီ အသုံးလိုနေသူတွေဆီက သိရပါတယ်။ “အခုရက်ပိုင်း ရပ်ကွက်ရုံးမှာ သက်သာတဲ့စျေးနဲ့ စားအုန်းဆီ၂ဘူးရောင်းပေးတယ်ဆိုတော့ တယ်ဟုတ်ပါလားဆိုပြီးဝမ်းသာနေတာ။ အဲဒီတစ်ခါရောင်းပေးပြီး အသံမကြားရပြန်ဘူး။ အခုစားအုန်းဆီစျေးက ၁၈၀၀၀ လောက်ပေးဝယ်နေရတာ။ ဝယ်ချင်သလောက် ဝယ်မရဘူး။ မရှိမဖြစ် မုန့်ကြော်ဖို့ဝယ်ရတာဆိုတော့ ရှာဝယ်နေရတာပါ။ များသောအားဖြင့် မရောင်းကြတာများနေတာ”လို့ ဆီကြော်မုန့်ရောင်းသူကပြောပါတယ်။ မုံရွာစျေးကွက်မှာ ပြီးခဲ့တဲ့တစ်ပါတ်တာအတွင်း မြေပဲဆန်စျေးဟာ တစ်ပိသာကို ကျပ်၂၀၀၀ လောက်အထိစျေးတက်သွားတဲ့အပြင် ရောင်းဖို့မြေပဲဆန်က ရှားပါးနေတဲ့အတွက် ဝယ်သူများနေပေမယ့် ရောင်းသူမရှိဖြစ်နေတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ မြေပဲဆန်တစ်ပိသာကို အရင်တစ်ပါတ်က ၁၁၅၀၀ ကျပ်ရှိရာက အခုအပါတ်မှာ ၁၃၅၀၀ စျေးရှိလာတာဖြစ်ပါတယ်။ “အခုဟာက တစ်ရက်တစ်စျေးဖြစ်နေတာပါ။ စျေးကတော်တော်မငြိမ်တာပါ။ဆီအရောင်းအများကြီးတွေ လက်မခံနိုင်သေးဘူး။ ပဲကဝယ်မရဘူး။ အခုကပုံမှန်အချိန်မဟုတ်ဘူးဖြစ်နေတာ။…
Read Moreဗိုလ်ချုပ်ရုပ်ထုတွေအကုန် ဖယ်ရှားခြင်းမဟုတ်ဘဲ ပုံသဏ္ဌာန်မမှန်ကန်တဲ့ ရုပ်ထုတွေကိုသာ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အသိပေး
ဇူလိုင် ၁၀ ၊ ၂၀၂၆ GG (VOM) ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံးကို ဖယ်ရှားတာမျိုးမဟုတ်ဘဲ အချိုးအစားနှင့်ပုံသဏ္ဌာန် မမှန်ကန်တဲ့ ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဒီကနေ့ ဇူလိုင် ၁၀ ရက်မှာ သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဒီကနေ့အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို စိစစ်ခဲ့ရာမှာ တချို့ ရုပ်ထုတွေ ရဲ့ အချိုးအစား၊ ပုံသဏ္ဌာန်နဲ့ အနုပညာဖော်ပြမှုတွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်တဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အနေအထားတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့၊ အထိမ်းအမှတ်ရုပ်ထုတွေကို အရိုအသေမဲ့သလို မဖြစ်စေဖို့နဲ့ နောင်လာနောက်သားတွေ အနေနဲ့ မြန်မာ့သမိုင်း အမွေ အနှစ်တွေကို မှန်ကန်သင့်လျော်တဲ့ ပုံစံနဲ့ ဆက်လက်လေ့လာနိုင်ဖို့…
Read Moreမြန်မာနိုင်ငံက မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနေ
ဇူလိုင် ၁၀ – ၂၀၂၆ SS (VOM) မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ ကချင်ပြည်နယ် ကံပိုင်တည်မြို့နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက မိုင်းပေါက်၊ မိုင်းခတ်မြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့အတူ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီကနေ့ မနက် ၉ နာရီ၊ မိနစ် ၄၀ ဝန်းကျင်မှစတင်ကာ ညောင်ဝိုင်းရပ်ကွက်၊ ညောင်ဝိုင်းကွက်သစ်ရှိ နေအိမ်တွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပွားနေပြီး နယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာ ရွှေတောင်ဦးဘုရားကုန်းပေါ် ကူညီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာလည်း မိုးသည်းထန်မှုကြောင့် ဒီကနေ့မနက် ၉ နာရီခွဲဝန်းကျင်ကစပြီး ကန်သာယာရပ်ကွက်ရှိ…
Read Moreအောင်လံမှာ ပြည်သူ့စစ်အဖွဲ့ဝင်နဲ့မိသားစုတွေ ပစ်ခတ်ခံရလို့ နှစ်ယောက်သေဆုံး နှစ်ယောက်ဒဏ်ရာရ
ဇူလိုင် ၁၀ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဥယျာဥ်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင်နဲ့ သူ့မိသားစုဝင်တွေ သေနတ်နဲ့ ပစ်ခတ်ခံရလို့ နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ဖြစ်စဥ်က မနေ့က ဇူလိုင် ၉ ရက်နေ့ ၊ မနက်ပိုင်းမှာ ဥယျာဉ်ကျေးရွာမှာ နေထိုင်တဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ဦးသက်နိုင်စိုး(ခ)ကြွက်နီ အပါအဝင် သူ့မိသားစုဝင်တွေကို ဝင်ရောက်ပြီး ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေက နေအိမ်အထိ ဝင်ရောက် ပစ်ခတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ ပစ်ခတ်မှုအတွင်းမှာ ပြည်သူ့စစ်အဖွဲ့ဝင် ဦးသက်နိုင် နဲ့ ယောက္ခမဖြစ်သူ ဒေါ်စန်းစန်းအေးတို့ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်အေးစုလှိုင် နဲ့ အဖေဖြစ်သူ ဦးလှငွေတို့ကတော့ ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။…
Read More