သပိတ်ကျင်း၊စဉ့်ကူးနဲ့ မတ္တရာက နေရပ်ပြန် စစ်ရှောင်‌တွေအတွက် စစ်ကျန်လက်နက် အန္တရယ်အသိပညာပေးတာတွေပြုလုပ်နေ

ဇူလိုင် ၁၀-၂၀၂၆
KKA(VOM)
မန္တလေးတိုင်း၊သပိတ်ကျင်း၊စဉ့်ကူး၊မတ္တရာစတဲ့ တပ်မတော်က ပြန်လည်ထိန်းချုပ်ထားတဲ့မြို့နယ်​တွေအတွင်း ပြန်လည်ဝင်ရောက်လာတဲ့ စစ်ရှောင်ပြည်သူလူထုတွေ စစ်ကျန် ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်း အန္တရာယ်ကနေ ကင်းဝေးဖို့ အသိပညာပေး နှိုးဆော်တာတွေကို ကျောင်းဆရာ၊ဆရာမတွေနဲ့လူမှုရေး ပရဟိတအသင်းတွေက လုပ်ဆောင်ပေးနေတယ်လို့ စဉ့်ကူးမြို့နယ် လူမှုကူညီရေးအသင်း အဖွဲ့ဝင် ဦးထွန်းဝင်းအောင်က VOM ကိုပြောပါတယ်။
နှစ်ရှည်လများ နေရပ်စွန့်ခွာပြီး ပြန်လည်ရောက်ရှိလာကြတဲ့ အဲဒီမြို့နယ်တွေက ပြည်သူ‌တွေအနေနဲ့ စစ်ကျန်လက်နက်ပစ္စည်တွေရဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် အခုလို ပသိပညာပေးတာတွေ လုပ်နေရတာဖြစ်တယ်လို့ ဦးထွန်းဝင်းအောင်ကဆိုပါတယ်။
“အဓိကကတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ အနီးတဝိုက်နေရာက ကျေးရွာ‌တွေကို သွားရောက် ဟောပြောတာတွေလုပ်ပါတယ်။မပေါက်ကွဲသေးတဲ့ ဗုံးသီး၊ကျည်၊လက်နက်တွေ တွေ့ရင် မကိုင်၊ မဆော့ကြဖို့၊ မထုခွဲဖို့၊မီ းမရှို့ဖို့နဲ့တွေ့ခဲ့ရင်လည်း ကျေးရွာတာဝန်ခံတွေဆီ အကြောင်းကြားဖို့တွေပြောရပါတယ်။”လို့ ဦးထွန်းဝင်းအောင်ကပြောပါတယ်။
စစ်ကျန် မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းအန္တရယ်ကို စဉ့်ကူးမြို့နယ်နဲ့မတ္တရာမြို့နယ်တွေက အများဆုံးခံစားနေရတာဖြစ်တဲ့အတွက် အသိပညာပေး ဟောပြောတာတွေကိုလည်း ခပ်စိပ်စိပ်လုပ်နေရတယ်လို့ ပညာပေးရေး လုပ်ဆောင်မှုမှာပါဝင်တဲ့ ကျောင်းဆရာမ ဒေါ်ဝင်းမေကဆိုပါတယ်။
စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ရေမျက်၊ ဟင်္သာမ၊ ငွေတောင်စတဲ့ကျေးရွာတွေမှာ စစ်ကျန်ဗုံးသီး ဗုံးဆံထုခွဲလို့ ဒဏ်ရာရတာ၊ဆော့ကစားရင်းပေါက်ကွဲလို့ ဒဏ်ရာရတာ ဇွန်လအတွင်းမှာ ၈ကြိမ်း ဖြစ်ခဲ့ပြီး ကျောင်းနေအရွယ် ကလေး ၃ဦး၊အသက် ၃၀ကျော် အမျိုးသား ၂ ဦး၊အမျိုးသမီး ၁ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့တာတွေရှိပါတယ်။အလားတူ မတ္တရာမြို့နယ်မှာလည်း ဇွန် လတစ်လအတွင်းမှာပဲ ရေနံ့သာ၊ဆည်တော်၊ပန်းသလဲ၊ရွှေပုထိုး၊စကျင်စတဲ့ကျေးရွာတွေနဲ့အရှေ့ခြမ်းကျေးရွာတွေမှာ ၁၁ကြိမ် ဖြစ်ပွားခဲ့ပြီး ကလေး လူကြီးအပါအဝင် ၁၄ဦး ထိခိုက်ဒဏ်ရာ ရရှိတာတွေ ရှိခဲ့တယ်လို့သိရပါတယ်။သပိတ်ကျင်းမြို့နယ်အတွင်းက ဖြစ်ရပ်တွေကိုတော့ VOM အနေနဲ့ မသိရှိရသေးပါဘူး။
အဲဒီလိုဖြစ်ပွားခဲ့တာ‌တွေကြောင့် အခုလို အသိပညာပေး ဟော‌ ပြောတာ၊လက်ကမ်းစာစောင် ဖြန့်‌ ဝေတာတွေကို ဇူလိုင်လကနေ စတင်ပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။အခုလိုလုပ်ဆောင်နိုင်အောင် ICRCအဖွဲ့က ဆရာ၊ဆရာမတွေ၊ကျေးရွာတာဝန်ခံတွေ လူမှုရေးအသင်းအဖွဲ့ဝင်တွေကို သင်တန်းပေးထားခဲ့တာလည်းဖြစ်ပါတယ်။
နယ်မြေအတွင်း လှုပ်ရှားနေတဲ့ လုံခြုံရေးအဖွဲ့တွေအနေနဲ့ ပြည်သူလူထု ဘေးအန္တရာယ် မဖြစ်စေ‌ရေးအတွက် စစ်ကျန် လက်နက်ခဲယမ်းတွေကို ရှင်းလင်းဖယ်ရှာပေးဖို့နဲ့ ရှိနိုင်တဲ့နေရာတွေကိုလည်း အမှတ်အသားတွေ ပြုလုပ်ထားပေးစေချင်တယ်လို့ ဒေသခံအချို့ကိုပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW