သူတို့အိမ် အခန်း (၁၆၅)

ဆူးငှက်   ကျွန်တော ်စတင် တွေ့ဖူးသော စာပေဆရာများ ———————————————- ကျွန်တော်သည် စာရေးခြင်းကို တစ်ဦးတည်း သဘောထားနှင့်သာ ရေးသားဖြစ်ခဲ့သည်။ ထိုစဉ်က ရေးဖော်ရေးဖက်လည်း မရှိခဲ့ပေ။ တခါတရံမှသာ ကျွန်တော်နှင့် ဆုံတွေ့နေကျ ကိုသိန်းဆွေနှင့်သာ ပြဖြစ်သည်။ ပြသည်ဆိုသည်ကလည်း မဂ္ဂဇင်းတွင်ပါမှ ပြဖြစ်ခြင်းဖြစ်သည်။ သဘင်မဂ္ဂဇင်တွင် ထိုပြဇာတ်စာမူပါလာသောအခါ ထိုစဉ်က မန္တလေးတွင် နံမည်ကြီး အငြိမ့်တစ်ငြိမ့်ဖြစ်သည့် ငြိမ်းချမ်းရေးခင်စောထွေး အငြိမ့်၏ ပြဇာတ်ဒါရိုက်တာနှင့် စာရေးဆရာ ချမ်းမြေ့အေး က ဆရာညီပုလေးကို ထိုပြဇာတ်ရေးသူ ဘယ်သူလဲဆိုတာ စုံစမ်းသည်။ ထိုအခါ ဆရာညီပုလေးက ကျွန်တော်ဆိုတာ ညွှန်လိုက်သဖြင့် ဆရာချမ်းမြေ့အေး က ကျွန်တော့် အလုပ်ရုံထိ လာရောက်တွေ့ဆုံသည်။ တွေ့ဆုံရင်း ဆရာချမ်းမြေ့အေးက ကျွန်တော့်ကို ဆရာညီပုလေးက လမ်းကြုံလျှင် လူထုတိုက်သို့ ဝင်ခဲ့ရန် ဖိတ်ကြားကြောင်း ပြောပြသည်။ ကျွန်တော် ဝမ်းသာသွားသည်။ ထို့ကြောင့်…

Read More

မြန်မာ့လေကြာင်းလိုင်းက ရန်ကုန် – လွိုင်ကော် ခရီးစဥ်ကို အမြန်ဆုံး ပြန်လည် ပြေးဆွဲပေးမယ်

နေပြည်တော်၊ ဇူလိုင်- ၈ -၂၀၂၆ KKL(VOM) မြန်မာ့လေကြာင်းလိုင်း အနေနဲ့ ရန်ကုန်-လွိုင်ကော် ခရီးစဥ်ကို ပြေးဆွဲနိုင်ဖို့ လေယာဥ်ပြေးလမ်းနဲ့ လေဆိပ်ဝန်ဆောင်မှုအားလုံး ပြီးစီးနေတဲ့အတွက် အမြန်ဆုံးပြေးဆွဲပေးဖို့ လုပ်ဆောင်နေပြီလို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးကပြောပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့က လွိုင်ကော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ရွှေရဲ့ ရပ်နားထားခဲ့တာအချိန်ကာလကြာမြင့်နေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ရန်ကုန်လွိုင်ကော် အသွားအပြန်ခရီးကို မည်သည့်အချိန်မှာ မည်သည့်နှုန်းထားနဲ့ ပြန်ပြေးဆွဲပေးဖို့ သိရှိလိုတဲ့မေးမြန်းမှုအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး က အမြန်ဆုံးပြန်လည်ပြေးဆွဲပေးဖို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။ ပို့ဆောင်ရေးဒုဝန်ကြီးကတော့ ၂၀၁၃ – ၂၀၁၄ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ လွိုင်ကော်လေဆိပ်ပြေးလမ်းတိုးချဲ့ဆောင်ရွက်ခဲ့တဲ့အခြအနေနဲ့ လက်ရှိ လွိုင်ကော်လေဆိပ်ကို လေယဥ်ပြေးဆွဲနိုင်အောင်ဆောင်ရွက်ပြီးစီးတဲ့အခြေအနေတွေကိုရှင်းလင်းမှုနဲ့အတူ လုံခြုံရေးနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရ ကပြန်လည်ခွင့်ပြုထားတဲ့အခြေအနေတွေကို ဖြေကြားပြီးတဲ့နောက် အမြန်ဆုံးပြန်လည်ပြေးဆွဲပေးမယ်လို့ဆိုပြီးတော့ ရန်ကုန်လွိုင်ကော်ခရီးစဥ်အတွက် ၃၂၀၀၀၀ ကျသင့်မယ်လို့ ပို့ဆောင်ရေးဒုတိယဝန်ကြီးက နှုန်းထားကိုပါ တစ်ဆက်ထဲ…

Read More

ပြန်လည်စိစစ်နေမှုတွေကြောင့် Grade – 12 အမှတ်စာရင်း ထုတ်ပြန်ရက် နောက်ကျနိုင်

ဇူလိုင် ၈ – ၂၀၂၆ SS (VOM) ပြန်လည်စိစစ်မှုတွေ လုပ်ဆောင်နေရတာကြောင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade – 12 အမှတ်စာရင်း ထုတ်ပြန်ရက် နောက်ကျနိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းကို ပြီးခဲ့တဲ့နှစ်တွေက အောင်စာရင်းထွက်ပြီး သုံးရက်ဝန်းကျင်လောက်မှာ ထုတ်ပေးခဲ့တာဖြစ်ပေမယ့် အခုနှစ်မှာတော့ အောင်စာရင်းထွက်ပြီး ၁၀ ရက်တာကာလ ကြာမြင့်လာတဲ့အချိန်အထိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အမှတ်စာရင်း ထုတ်ပေးမယ့်ရက် အတိအကျကို သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။ “အမှတ်စာရင်း ထုတ်မပေးနိုင်သေးတာက ပြန်စိစစ်နေရတာတွေကြောင့်ပါ။ ဘာတွေကို စိစစ်နေရလဲဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ အတန်းကျော် ရှိနေတာတွေ၊ repeat & repeat ပေါ့၊ အထပ်ထပ် သင်ကြားမှု ရှိနေတာတွေကို စိစစ်နေရတာတွေကြောင့်ပါ” လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ လက်ရှိရရှိထားတဲ့ သတင်း အချက်အလက်တွေအရ ၂၀၂၆…

Read More

ကျာဖျန့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၁၉၂ ဦး “ဝ” တပ်ဖွဲ့က ဖမ်းဆီး ပြီး တရုတ်ဘက်ကို လွှဲပြောင်း

ဇူလိုင် ၈၊ ၂၀၂၆ NN(VOM) “ဝ”တပ်ဖွဲ့ တရားရေးကော်မတီက ဒေသအတွင်းဆောင်ရွက်ခဲ့တဲ့ အထူး စစ်ဆင်ရေးအတွင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၁၉၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေထံ ကိုမနေ့က လွှဲပြောင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိသူ ၁၉၂ ယောက်ထဲက ၁၃၂ ယောက်ကို “ဝ”တပ်ဖွဲ့ တရားရေး ကော်မတီရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အထူးအဖွဲ့က သီးခြား ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ ကျန် အယောက် ၆၀ ကိုတော့ “ဝ”တရားရေးကော်မတီနဲ့ တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ “ဒေသ တစ်ခုလုံး အတိုင်အတာနဲ့ ဖမ်းမိတာဖြစ်ပါတယ်။ ဆက်ပြီးတော့ လည်း ဖမ်းဖို့ရှိတယ်” လို့ “ဝ” တပ်ဖွဲ့တာဝန်ရှိသူ တယောက်ကပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အခြားဒေသတွေမှာ လိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်း ရှင်းလင်းနေတာကြောင့် “ဝ” ဒေသထဲကို တရားမဝင်…

Read More

စားဆီခွဲတမ်းလျှော့ချလိုက်လို့ ဆီစာအုပ်ရှိပြီး ဧည့်စာရင်းနဲ့နေသူတွေလည်း ဆီမရတော့ ဆီစျေး ၁၈၀၀၀ အထိမြင့်တက်လာ

ဇူလိုင် ၈ ၊ ၂၀၂၆ GG (VOM) အစိုးရက စားအုန်းဆီ ခွဲတမ်းကို လျှော့ချလိုက်တာကြောင့် စာအုပ်နဲ့ဆီထုတ် တွေမှာ ဆီရရှိမှု နည်းသွားတဲ့အပြင် တချို့မြို့နယ်တွေမှာဆိုရင် ဆီစာအုပ်ရှိပြီး ဧည့်စာရင်းနေထိုင်သူဖြစ်ပါက ဆီထုတ်မပေးတော့တဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ဇူလိုင်ကစပြီး စားအုန်းဆီခွဲတမ်းကို လျှော့ချလိုက်တာဖြစ်လို့ ဆီခွဲတမ်း ရရှိမှု လျော့သွားတဲ့အတွက် စားသုံးသူတွေကို ဆီရောင်းချပေးရာမှာလည်း အလေးချိန်လျော့သွားတာ ၊ ဆီစာအုပ်ရှိပေမယ့်လည်း အိမ်ထောင်စုဇယား ရှိသူတွေကိုသာ ဆီထုတ်ပေးတဲ့ ပုံစံပြောင်းလဲတာတွေကို စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။ ရန်ကုန်တိုင်းမှာဆိုရင် ရွှေပြည်သာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကအထိ ဆီစာအုပ်ရှိသူတိုင်းကို ဆီခွဲတမ်းထုတ်ပေးခဲ့ပေမယ့် အခုဇူလိုင်လကစပြီး ဆီစာအုပ်ရှိပေမယ့်လည်း ဧည့်စာရင်းနဲ့နေထိုင်သူဖြစ်ပါက ဆီစာအုပ်ပြန်သိမ်းပြီး ဆီထုတ်မပေးတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။ ” အခုရွှေပြည်သာမှာ ဧည့်စာရင်းနဲ့ နေသူတွေရဲ့ ဆီစာအုပ်တွေကို ပြန်သိမ်းပြီး…

Read More

ဒုဋ္ဌဝတီ တံတားကျိုးလို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ တံတားဦးနဲ့ မန္တလေးကို RBE ရထားခရီးစဉ် ပြေးဆွဲပေးနေ

မန္တလေး၊ ဇူလိုင်- ၈- ၂၀၂၆ SA(VOM) မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒုဋ္ဌဝတီ တံတားကျိုးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေတဲ့ မန္တလေးနဲ့ တံတားဦးကို RBE ရထားခရီးစဉ်အသစ် ဇူလှိုင် ၁ ရက်က စတင်ပြီး ပြေးဆွဲပေးနေတယ်လို့ မန္တလေးဘူတာကြီးကနေ သိရပါတယ်။ ” မန္တလေးဘူတာကြီးကနေမှစပြီး စီးတာ တံတားဦးဘူတာကိုရောက်တယ်၊ တံတားဦးကနေမှ လက်မှတ်ပြန်ဝယ်ပြီး ပြန်ထွက်ခဲ့တာ ၁၅ မိနစ်လောက်တော့ကြာတယ်၊ မန္တလေးသူတွေဆိုတော့ လိုင်းကားကတော့ တသက်လုံးက မကြိုက်တာပဲ၊ ရထားစီးရတာတော့ အခုအနေအထားလေးက တော်တော်အဆင်ပြေတယ်၊ ရထားလေးလည်းသန့်တယ်၊ ပန်ကာတွေဘာတွေလည်း ဖွင့်ပေးတယ်၊ တော်တော်ကိုအဆင်ပြေပါတယ် သပ်သပ်ရပ်ရပ်ကလေးဆိုတော့၊ ကလေးတွေရော အားလုံးပေါင်း လက်မှတ် ၉ ဆောင်ဝယ်လိုက်တာ အငယ်လေး ၄ နှစ်နဲ့ ၆ နှစ် နှစ်ယောက်အတွက်ကတော့ လူကြီးလက်မှတ်ဝယ်ရတယ်၊ တစောင်ကို ၁၅၀၀…

Read More

မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းအပေါ် လေ့လာဆန်းစစ်ကြည့်ခြင်း

    ဇွန်၈၊ ၂၀၂၆။ NN+Shy V(VOM)   တရုတ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်း Belt and Road (BRI) နဲ့ ဆက်စပ်တဲ့ မူဆယ်-မန္တလေး အမြန်ရထားလမ်းဟာ ပင်လယ်ထွက်ပေါက်မရှိတဲ့ တရုတ် နိုင်ငံတောင်ပိုင်း ပြည်နယ်တွေအတွက် မြန်မာနိုင်ငံကတစ်ဆင့် အိန္ဒိယသမုဒ္ဒ ရာ ထွက်ပေါက်ရစေမယ့် လမ်းကြောင်းတစ်ခု ဖြစ်လို့ တရုတ်နိုင်ငံအတွက် အထူးအရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။   တရုတ်နိုင်ငံ ဘေဂျင်း-ကူမင်း-ရွှေလီကနေ မြန်မာနိုင်ငံရဲ့ ချက်အခြာကျတဲ့ မန္တလေးမြို့အထိ ချိတ်ဆက်မယ့် ရထားလမ်းစီမံကိန်းဖြစ်တယ်လို့ တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။   တရုတ်အတွက် ဒီလမ်းကြောင်းကို အသုံးပြုနိုင်ခဲ့ရင် တရုတ်ဒေသတွင်း ကုန် သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးတွေမှာလည်း ပိုမိုလွယ်ကူလျင်မြန်လာ စေမှာ ဖြစ်ပါတယ်။   ဒါကြောင့် တရုတ်အစိုးရဘက်က မြန်မာအစိုးရအဆက်ဆက်တိုင်း ဒီစီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့အတွက် တိုက်တွန်းနေတာလို့…

Read More

ကမ္ဘာတ၀ှမ်း အမျိုးသားရေးပါတီများ အောင်မြင်လာမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

  KT     သြစတြေးလျတွင်နေထိုင်သည့် မြန်မာအချို့ က သြဇီ မဘသ ပါတီဟု ခေါ်၀ေါ်ကြသည့် One Nation ပါတီသည် မေလ ၂၀၂၆ ခုနှစ် နယူးဆောက်၀ေးပြည်နယ်ရှိ ဖာရာ မဲဆန္ဒနနယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရပြီး ပြိုင်ဘက်ပါတီများ နှစ် ၇၀ ကျော် စိုးမိုးမှုကို ရပ်တန့်ခဲ့ပါသည်။   နိုင်ငံခြားသား ရွှေ့ပြောင်းလာသူဦးရေကို ကန့်သတ်လျော့ချရေး၊ ဂျူး-ခရစ်ယာန် တန်ဖိုးများ ကာကွယ်ရေးနှင့် သြစတြေလျ အမျိုးသားရေး၀ါဒကို ဦးစားပေးသည့် One Nation ပါတီသည် ယခင်က မထင်မရှား ပါတီလေးတစ်ခု သာရှိခဲ့ပြီး၊ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် တဟုန်ထိုးလူကြိုက်များလာကာ နောက်လာမည့် ဖက်ဒရယ် ရွေးကောက်ပွဲတွင် အာဏာရ လေဘာပါတီကို တိုက်ရိုက်ချိန်းခြောက်နိုင်စွမ်းရှိလာပြီး၊ အစိုးရဖွဲ့ရန် အိမ်မက်မက်ခွင့်ရရှိလာခဲ့ပါသည်။   ဇွန်လအစောပိုင်းက  ပြုလုပ်ခဲ့သည့် စစ်တမ်းများတွင်…

Read More

သူတို့အိမ် အခန်း (၁၆၄)

ဆူးငှက် နိုင်ငံတကာက ဗဟုဝါဒအသံ —————————— ထိုစဉ်ကာလ ပြည်တွင်း နိုင်ငံရေး အခြေအနေကလည်း သိပ်မကောင်းလှ။ အစိုးရတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသော ကာလလည်း ဖြစ်၏။ နိုင်ငံခြားချေးငွေ များအောက် နစ်ကာ မရှူနိုင် မကယ်နိုင်ဖြစ်နေသည်။ နိုင်ငံခြားချေးငွေက ဒေါ်လာ ကုဋေ ၃၀၀လောက်ရှိနေပြီး ပို့ကုန် တန်ဖိုးအားလုံး၏ ၆၀ % က နိုင်ငံခြားကြွေး တိုးရင်းဆပ်ရငွေ ဖြစ်သွားသည်။ ထိုနှစ်တွင် အစိုးရလက်ထဲ၌ နိုင်ငံခြားသုံးငွေ အရံရွှေကလည်း ဒေါ်လာသန်း ၅၀ဖိုးလောက်ပဲ ကျန်တော့သည်တဲ့။ ပြည်တွင်း လှည့်လည် သုံးစွဲငွေကြေး ပမာဏသည်လည်း ၁၉၆၂ခုနှစ်က ကျပ်သန်းပေါင်း ၁၁၉၄.၂ ရှိရာက ၁၉၇၄ခုနှစ်တွင် ကျပ်သန်းပေါင်း ၃၅၇၇.၁ အထိ ဖြစ်လာပြီး ၁၉၈၅ခုနှစ်တွင် ကျပ်သန်းပေါင်း ၁၃၀၃၇.၁ အထိရှိလာသည်။ ကုန်ဈေးနှုန်းများမှာလည်း တက်သထက် တက်လာသည်။ နိုင်ငံတကာ အနေအထားကလည်း…

Read More

အခန်း (၁၆၃)

ဆူးငှက်   လခစား ဓာတ်ပုံ၊ စက်ချုပ်ခုံနှင့် ———————————– ဟေမာဇလ အိမ်မှာ ကျွန်တော်က လခစားဝန်ထမ်း၊ အောက်ဒိုးဓာတ်ပုံ ရိုက်သည်။ အတူနေ တူမက စက်ချုပ်သည်။ နောက်တူမ တစ်ယောက် က အသုတ်စုံရောင်းသည်။ အမျိုးသမီးက စာအုပ်ငှားသည်။ ထို့ကြောင့် ကျွန်တော်နှင့် ဓာတ်ပုံရိုက်ဖက် ကိုသိန်းဆွေက “လခစား ဓာတ်ပုံ၊ စက်ချုပ်ခုံနှင့် အသုတ်စုံစား စာအုပ်ငှားမလေ..” ဟု စာချိုးခဲ့သည်။ သည်တော့ ကျွန်တော်ကလည်း ထိုစဉ်ကာလ ဆွေမျိုးမိတ်သင်္ဂဟများက ကလေးရပြီလားဟု မေးကြလေတော့.. ဒီလိုနဲ့ အိမ်ထောင်ကျတာ လာမယ့် ဖေဖော်ဝါရီမှာ တစ်ခါလည်ပေါ့၊ အိမ်ထောင်ကျစ ၆ လ ကတည်းက (မိတ်ဆွေများရဲ့) မေးကြတဲ့စကား ကလေး ရပြီလား.. တဲ့၊ မိတ်ဆွေများ ခင်ဗျား.. ကျွန်တော်ဟာ လခစား တစ်ယောက်ပါ၊ အောက်တန်းကျလှတဲ့ အောက်တန်းစာရေး လခနဲ့…

Read More
VOM News

FREE
VIEW