ငွေပျော်စံပြကျေးရွာအနီး လိပ်ကျောက်တူးသူ ၃၅၀ ကျော်အဖမ်းခံရ

ငွေပျော်စံပြကျေးရွာအနီး လိပ်ကျောက်တူးသူ ၃၅၀ ကျော်အဖမ်းခံရ

မြစ်ကြီးနား-ဖေဖေါ်ဝါရီ-၁၇-၂၀၂၀
ရန်အောင်ထွန်း (VOM)

မြစ်ကြီးနားမြို့နယ် ၊ ငွေပျော်စံပြကျေးရွာအနီး အင်ခိုင်ဘွမ်တောင်က‌နေလိပ်ကျောက် တူးဖော်နေသူ ၃၅၇ ဦး အဖမ်းခံထားရတယ်လို့ မြစ်ကြီးနားမြို့နယ်ရဲမှူးက ပြောပါတယ်။

လိပ်ကျောက်တူးသူတွေကို ဖမ်းဆီးရာမှာ သစ်တောဦးစီးဌာန၊သတ္ထုတွင်းဦးစီးဌာန၊အမျိုးသားဥယာဉ်၊ရဲတပ်ဖွဲ့၊ တပ်မတော် တာဝန်ရှိသူတွေ ပူးပေါင်း ဖမ်းဆီးတာပါ။ ကချင်ပြညနယ်အစိုးရအဖွဲ့ဝင်ပြည်နယ်သယံဇာတဝန်ကြီးက ဖေဖော်ဝါရီ ၁၂ရက် နေ့မှာ အဲ့ဒီနေရာအထိ ကွင်းဆင်းခဲ့ပြီး ဆက်တူးဖော်ရောင်းချတာတွေ မလုပ်ဖို့ သတိပေးခဲတယ်လို့ သိရပါတယ်။ ၁၃ ရက်နေ့မှာတော့ သစ်တောတာဝန်ရှိသူတွေ လာရောက်ပညာပေး ဟောပြောတာတွေ ၊ သတိပေးဆိုင်းဘုတ်စိုက်ထူတာတွေ ပြုလုပ်ခံတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့နယ်ရဲမှူး ဦးမြင့်မိုးကတော့ ” သစ်တောက တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်တာပါ ၊ အခု ဖမ်းမိသူတွေကို ငွေပျော်စံပြကျေးရွာမှာပဲ ထိန်းသိမ်းထားပါတယ်ဗျ ။ ကျနော်တို့ကတော့ ဝန်ထမ်းတွေကို လုံခြုံရေးတာဝန်ယူပေးရတာပါ” လို့ ပြောပါတယ်။

အင်ခိုင်ဘွမ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေအတွင်းကျရောက်နေလို့ ဖမ်းဆီးသွားတာနဲ့ ပါတ်သက်ပြီး ” ဟုတ်တယ်ဗျာ ၃၅၀ ကျော်တယ် ဖမ်းထားတာ၊ ဒီနေ့တော့ ပြည်နယ် အစိုးရညွှန်ကြားမှုနဲ့တဲ့ ဖမ်းသွားတာပဲ ၊ သစ်တောပါတယ် ၊ ရဲပါတယ် ၊ စစ်သားတွေပါတယ် ။ ကျနော့်အနေနဲ့ကတော့ဗျာ ကချင်ပြည်နယ်အစိုးရအနေနဲ့ ကို့ပြည်နယ်သူ ပြည်နယ်သားပဲ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်မှားတာလေးတော့ ခွင့်လွှတ်ပြီးမှ နောက်ဆုံးအကြိမ် သတိပေး အသိပညာပေးပြီး ပြန်လွှတ်ပေးလျှင်တော့ ကောင်းမယ်ထင်တာပဲ” လို့ ငွေပျော်စံပြကျေးရွာ တာဝန်ခံက ပြောပါတယ်။

အဲ့ဒီနေရာမှာ ဖေဖော်ဝါရီ (၆)ရက်က စတင်ပြီး ဒေသခံ ၃၀၀၀ နီးပါး နေ့စဉ်တူးဖော် ရောင်းချနေခဲ့တာပါ။ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ လာရောက် အသိပေး တားမြစ်ခဲ့ပေမယ့် ဆက်လက်တူးဖော်နေကြလို့ ၁၇ ရက်နံနက် ပိုင်းမှာ စတင်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

#voiceofmyanmar #VOM #ငွေပျော်စံ #မြစ်ကြီးနား

Zawgyi

ေငြေပ်ာ္စံျပေက်း႐ြာအနီး လိပ္ေက်ာက္တူးသူ ၃၅၀ ေက်ာ္အဖမ္းခံရ

ျမစ္ၾကီးနား-ေဖေဖၚဝါရီ-၁၇-၂၀၂၀
ရန္ေအာင္ထြန္း (VOM)

ျမစ္ႀကီးနားၿမိဳ႕နယ္ ၊ ေငြေပ်ာ္စံျပေက်း႐ြာအနီး အင္ခိုင္ဘြမ္ေတာင္က‌ေနလိပ္ေက်ာက္ တူးေဖာ္ေနသူ ၃၅၇ ဦး အဖမ္းခံထားရတယ္လို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ရဲမႉးက ေျပာပါတယ္။

လိပ္ေက်ာက္တူးသူေတြကို ဖမ္းဆီးရာမွာ သစ္ေတာဦးစီးဌာန၊သတၳဳတြင္းဦးစီးဌာန၊အမ်ိဳးသားဥယာဥ္၊ရဲတပ္ဖြဲ႕၊ တပ္မေတာ္ တာဝန္ရွိသူေတြ ပူးေပါင္း ဖမ္းဆီးတာပါ။ ကခ်င္ျပညနယ္အစိုးရအဖြဲ႕ဝင္ျပည္နယ္သယံဇာတဝန္ႀကီးက ေဖေဖာ္ဝါရီ ၁၂ရက္ ေန႔မွာ အဲ့ဒီေနရာအထိ ကြင္းဆင္းခဲ့ၿပီး ဆက္တူးေဖာ္ေရာင္းခ်တာေတြ မလုပ္ဖို႔ သတိေပးခဲတယ္လို႔ သိရပါတယ္။ ၁၃ ရက္ေန႔မွာေတာ့ သစ္ေတာတာဝန္ရွိသူေတြ လာေရာက္ပညာေပး ေဟာေျပာတာေတြ ၊ သတိေပးဆိုင္းဘုတ္စိုက္ထူတာေတြ ျပဳလုပ္ခံတယ္လို႔ သိရပါတယ္။

ျမစ္ႀကီးနားၿမိဳ႕နယ္ရဲမႉး ဦးျမင့္မိုးကေတာ့ ” သစ္ေတာက တိုက္႐ိုက္ကိုင္တြယ္ ေဆာင္႐ြက္တာပါ ၊ အခု ဖမ္းမိသူေတြကို ေငြေပ်ာ္စံျပေက်း႐ြာမွာပဲ ထိန္းသိမ္းထားပါတယ္ဗ် ။ က်ေနာ္တို႔ကေတာ့ ဝန္ထမ္းေတြကို လုံၿခဳံေရးတာဝန္ယူေပးရတာပါ” လို႔ ေျပာပါတယ္။

အင္ခိုင္ဘြမ္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးနယ္ေျမအတြင္းက်ေရာက္ေနလို႔ ဖမ္းဆီးသြားတာနဲ႔ ပါတ္သက္ၿပီး ” ဟုတ္တယ္ဗ်ာ ၃၅၀ ေက်ာ္တယ္ ဖမ္းထားတာ၊ ဒီေန႔ေတာ့ ျပည္နယ္ အစိုးရၫႊန္ၾကားမႈနဲ႔တဲ့ ဖမ္းသြားတာပဲ ၊ သစ္ေတာပါတယ္ ၊ ရဲပါတယ္ ၊ စစ္သားေတြပါတယ္ ။ က်ေနာ့္အေနနဲ႔ကေတာ့ဗ်ာ ကခ်င္ျပည္နယ္အစိုးရအေနနဲ႔ ကို႔ျပည္နယ္သူ ျပည္နယ္သားပဲ ဘယ္လိုပဲျဖစ္ျဖစ္ ဒီတစ္ေခါက္မွားတာေလးေတာ့ ခြင့္လႊတ္ၿပီးမွ ေနာက္ဆုံးအႀကိမ္ သတိေပး အသိပညာေပးၿပီး ျပန္လႊတ္ေပးလွ်င္ေတာ့ ေကာင္းမယ္ထင္တာပဲ” လို႔ ေငြေပ်ာ္စံျပေက်း႐ြာ တာဝန္ခံက ေျပာပါတယ္။

အဲ့ဒီေနရာမွာ ေဖေဖာ္ဝါရီ (၆)ရက္က စတင္ၿပီး ေဒသခံ ၃၀၀၀ နီးပါး ေန႔စဥ္တူးေဖာ္ ေရာင္းခ်ေနခဲ့တာပါ။ ျပည္နယ္အစိုးရတာဝန္ရွိသူေတြ လာေရာက္ အသိေပး တားျမစ္ခဲ့ေပမယ့္ ဆက္လက္တူးေဖာ္ေနၾကလို႔ ၁၇ ရက္နံနက္ ပိုင္းမွာ စတင္ဖမ္းဆီးခဲ့တာလို႔ဆိုပါတယ္။

#voiceofmyanmar #VOM #ေငြေပ်ာ္စံ #ျမစ္ၾကီးနား

Related posts

Leave a Comment

VOM News

FREE
VIEW