မီးလောင်သွားတဲ့မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း လပိုင်းအတွင်းစတင်ဖို့ရှိ

မီးလောင်သွားတဲ့မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း လပိုင်းအတွင်းစတင်ဖို့ရှိ

မန္တလေး၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀
ဖြူဖြူ(VOM)

မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာဈေးမြေနေရာမှာ အသစ်ပြန်လည်တည်ဆောက်တဲ့လုပ်ငန်းတွေကို လပိုင်းအတွင်းစတင်ဖို့ရှိတယ်လို့ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်ရဲ့ပြောပြချက်အရ သိရပါတယ်။

“အဆောင်အဦးတစ်ခုဟာ အနည်းဆုံး အနှစ် လေး၊ငါးဆယ်လောက် လိုက်လျောညီထွေရှိဖို့လိုတယ်။ ဒီဗိသုကာအမြင်တွေနဲ့ ဒီဈေးကို တည်ဆောက်သွားမှာ ဖြစ်တယ်။”လို့ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်ကပြောပါတယ်။

၂၀၁၆ ခုနှစ်၊ မတ်လက မီးလောင်ပျက်စီးခဲ့တဲ့ လမ်း ၃၀၊ ၇၂-၇၃ ကြားရှိ မင်္ဂလာဈေးဟာ လေးနှစ်နီးပါးကြာလာတဲ့အထိ တည်ဆောက်မှုမရှိတဲ့အတွက် မနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဈေးသူဈေးသားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် မူလဈေးဆိုင်ခန်းနေရာအတိုင်း ပြန်လည်ချထားပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဝန်ကြီးဦးဇာနည်အောင်ကတော့ အဲဒီဈေးနေရာဟာ အရင်လိုတည်နေရာမျိုးမှာ ရှိနေတာမဟုတ်ဘဲ အချက်အချာနေရာတစ်ခုဖြစ်လာတဲ့အပြင် အဆောက်အဦး ဒီဇိုင်းအတွက် ဈေးသူဈေးသားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူနေတိုက်ခန်းရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးရတာတွေ များတဲ့အတွက် ကြန့်ကြာရတာဖြစ်တယ်လို့ ဦးဇာနည်အောင်ကပြောပါတယ်။

မီးလောင်သွားတဲ့ မင်္ဂလာဈေးကြီးကို ပြန်လည်တည်ဆောက်ဖို့အတွက် မကြာမီ လုပ်ငန်းစတင်သွားမှာဖြစ်ပြီး အဆောက်အဦးတည်ဆောက်ရေးကိုလည်း National Building Guide (အမျိုးသားအဆောက်အဦး လမ်းညွှန်မှု)အတိုင်း စနစ်တကျလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #မင်္ဂလာဈေး #လပိုင်းအတွင်း #ပြန်လည်တည်ဆောက်မယ်

Zawgyi

မီးေလာင္သြားတဲ့မဂၤလာေစ်းကို ျပန္လည္တည္ေဆာက္ျခင္းလုပ္ငန္း လပိုင္းအတြင္းစတင္ဖို႔ရွိ

မႏၲေလး၊ ေဖေဖာ္ဝါရီ ၁၇-၂၀၂၀
ျဖဴျဖဴ(VOM)

မီးေလာင္ပ်က္စီးခဲ့တဲ့ မဂၤလာေစ်းေျမေနရာမွာ အသစ္ျပန္လည္တည္ေဆာက္တဲ့လုပ္ငန္းေတြကို လပိုင္းအတြင္းစတင္ဖို႔ရွိတယ္လို႔ မႏၲေလးတိုင္း လွ်ပ္စစ္စြမ္းအင္နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးဇာနည္ေအာင္ရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

“အေဆာင္အဦးတစ္ခုဟာ အနည္းဆုံး အႏွစ္ ေလး၊ငါးဆယ္ေလာက္ လိုက္ေလ်ာညီေထြရွိဖို႔လိုတယ္။ ဒီဗိသုကာအျမင္ေတြနဲ႔ ဒီေစ်းကို တည္ေဆာက္သြားမွာ ျဖစ္တယ္။”လို႔ မႏၲေလးတိုင္း လွ်ပ္စစ္စြမ္းအင္နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးဇာနည္ေအာင္ကေျပာပါတယ္။

၂၀၁၆ ခုႏွစ္၊ မတ္လက မီးေလာင္ပ်က္စီးခဲ့တဲ့ လမ္း ၃၀၊ ၇၂-၇၃ ၾကားရိွ မဂၤလာေစ်းဟာ ေလးႏွစ္နီးပါးၾကာလာတဲ့အထိ တည္ေဆာက္မႈမရွိတဲ့အတြက္ မေန႔ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔မွာ ေစ်းသူေစ်းသားေတြက ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ မူလေစ်းဆိုင္ခန္းေနရာအတိုင္း ျပန္လည္ခ်ထားေပးဖို႔ကိုလည္း ေတာင္းဆိုခဲ့ၾကပါတယ္။

ဝန္ႀကီးဦးဇာနည္ေအာင္ကေတာ့ အဲဒီေစ်းေနရာဟာ အရင္လိုတည္ေနရာမ်ိဳးမွာ ရွိေနတာမဟုတ္ဘဲ အခ်က္အခ်ာေနရာတစ္ခုျဖစ္လာတဲ့အျပင္ အေဆာက္အဦး ဒီဇိုင္းအတြက္ ေစ်းသူေစ်းသားေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြ၊ လူေနတိုက္ခန္းရွင္ေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးရတာေတြ မ်ားတဲ့အတြက္ ၾကန္႔ၾကာရတာျဖစ္တယ္လို႔ ဦးဇာနည္ေအာင္ကေျပာပါတယ္။

မီးေလာင္သြားတဲ့ မဂၤလာေစ်းႀကီးကုိ ျပန္လည္တည္ေဆာက္ဖို႔အတြက္ မၾကာမီ လုပ္ငန္းစတင္သြားမွာျဖစ္ၿပီး အေဆာက္အဦးတည္ေဆာက္ေရးကိုလည္း National Building Guide (အမ်ိဳးသားအေဆာက္အဦး လမ္းၫႊန္မႈ)အတိုင္း စနစ္တက်လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #မဂၤလာေစ်း #လပိုင္းအတြင္း #ျပန္လည္တည္ေဆာက္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW