ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့မှာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြ

ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့မှာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြ

ပဲခူး၊ ဖေဖော်ဝါရီလ ၁၇-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာ ရှိ ဒေသခံပြည်သူတွေဟာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြခဲ့ကြပါတယ်။

‟ရစ်ကန်ကြီးကျေးရွာရဲ့တရားဝင်လမ်းကြောင်းမှန်ပေါ့ ခေတ်အဆက်ဆက်က ဘာခင်းခင်းချပေးခဲ့တာကို အခုကွန်ကရစ်လမ်းခင်းမှ လူတစ်စုအကျိုးအတွက် တရားဝင်လမ်းမအတိုင်းမခင်းဘဲ လမ်းသွယ်ကခင်းလို့ ကျွန်တော်တို့ပြည်သူတွေက လုံးဝလက်မခံတာပါ၊ အများပြည်သူအကျိုးလည်း ထိခိုက်တဲ့အတွက် ကျွန်တော်တို့က ဌာနဆိုင်ရာနဲ့ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ၊ ပဲခူတိုင်းဝန်ကြီးချုပ်။ နိုင်ငံတော်သမ္မတအထိ တင်ပြထားတာ နှစ်ကြိမ်ရှိပါပြီ။ ဒါကိုယနေ့အချိန်ထိ ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်တာမရှိသေးလို့ အခုလိုဆန္ဒထုတ်ဖော်ရတာပါ”လို့ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးဆန်းဝင်းကပြောပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်မှာ ကဝမြို့နယ်ရစ်ကန်ကြီးကျေးရွာ ဂဝံလမ်းဟောင်းအပေါ် ကွန်ကရစ်လမ်းအရှည် (၁)မိုင် နဲ့ (၇)ဖာလုံခင်းဖို့ ဆောင်ရွက်ရာမှာ မူလလမ်းဟောင်းအတိုင်း မဆောင်ရွက်ဘဲ လွှတ်တော်ကိုယ်စားလှယ်ရဲ့သဘောဆန္ဒနဲ့ ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ လမ်းသွယ်ဘက်ကို ဆောင်ရွက်တဲ့အတွက် ဒေသခံပြည်သူတွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီမိန်းလမ်းမကြီးကို နိုင်ငံတော်အစိုးရဘတ်ဂျက်ငွေနဲ့ ကွန်ကရစ်လမ် းခင်းခွင့်ကြထားပြီး ရွာလယ်လမ်းရောက်တဲ့အခါ ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ လမ်းသွယ်ဘက်ကို ဆက်လက်ဆောင်ရွက်နေပြီး ရွာလမ်းမကြီးကိုဆက်မခင်းတော့တာလို့ သိရပါတယ်။

ရွာလမ်းမကြီးဟာ တစ်ရွာလုံးအဓိကထားတဲ့လမ်းဖြစ်ပြီး နေ့စဉ်ကျောင်းသူ/သားတွေ အသုံးပြုနေတဲ့လမ်းဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်က သူရဲ့သဘောဆန္ဒနဲ့ အများပြည်သူကိုအလေးမထားဘဲ လူနည်းစုနဲ့အစည်းအဝေးလုပ် အတည်ပြုသွားတဲ့အတွက် ဒေသခံတွေမနေနဲ့ ကျေနပ်မှုမရှိကြဘူးလို့ သိရပါတယ်။

‟လူနည်းစုကတော့ မကျေနပ်တာပေါ့လေ၊ လမ်းရွေးတာကို ကျွန်တော်တို့ကတော့ တရားဝင် အများသဘောတူဆုံးဖြတ်ပြီး အဲဒီလမ်းကိုရွေးလိုက်တာပါ၊ အဲဒီရွာက ကျွန်တေ်ာတို့ကိုထောက်ခံတဲ့ အများစုက ဘာတွေလုပ်ကြမလဲမသိဘူး၊ ကျွန်တော်ကတော့ အများသဘောတူ ဆုံးဖြတ်ထားတာပါ၊ တံတားရှိတဲ့ နေရာလမ်းကိုယူပြီး ဟိုဘက်(၁၅)ရွာကထောက်ခံထားတာ၊ အဲဒီတော့ အဲဒီနေရာကို ကျွန်တော်တို့က ကွန်ကရစ်လမ်းခင်းဖို့ရွေးလိုက်တာ၊ ဌာနဆိုင်ရာတွေ အများကြီးရဲ့သဘောဆန္ဒနဲ့ရွေးလိုက်တာပါ၊ ကျွန်တော်တို့အစိုးရက ဘာပဲဖြစ်ဖြစ် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိတယ်လေ၊ ဒါကိုတော့ ကျွန်တော်ကအပြစ်မပြောပါဘူး။ သူတို့လိုချင်တာ တောင်းတာပေါ့နော်၊ လမ်းဟောင်းမှာလည်း တံတားရခဲ့ရင် အဲဒီလမ်းကိုလည်း အဆင့်မြှင့်တင်ပေးမယ်လို့လည်း အစည်းအဝေးဆုံးဖြတိထားတာပါ”လို့ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းကVOMကိုပြောပါတယ်။

ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာကိုခင်းမယ့် ကွန်ကရစ်လမ်းကို တရားဝင်လမ်းကြောင်းအမှန်အတိုင်း ခင်းပေးရေး ဒို့အရေး၊ ပြညိသူ့ဆန္ဒကို မျက်ကွယ်ပြုသူ ကဝမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးရံပုံငွေကို မမှန်မကန်လမ်းလွှဲအသုံးပြုနေသူ ဌာနဆိုင်ရာတာဝန်ရှိသူအားလုံး အရေးယူပေးပါ စတဲ့ကြွေးကြော်သံတွေနဲ့ ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့ကနေ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှေ့ထိ လမ်းလျောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အခုလိုဆန္ဒပြတာကို သက်ဆိုင်ရာတွေအနေနဲ့ ဆက်လက် ဥပက္ခာပြုနေမယ်ဆိုလျှင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြသွားမယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #ပဲခူး #ကဝမြို့နယ် #ကိုယ်စားလှယ် #ဒေသခံတွေဆန္ဒပြ

Zawgyi

ပဲခူးတိုင္းလႊတ္ေတာ္႐ုံးေရွ႕မွာ ကဝၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကို ဆႏၵျပ

ပဲခူး၊ ေဖေဖာ္ဝါရီလ ၁၇-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕၊ တိုင္းေဒသႀကီးလႊတ္ေတာ္႐ုံးေရွ႕မွာ ဒီကေန႔မနက္ပုိင္းက ကဝၿမိဳ႕နယ္၊ ရစ္ကန္ႀကီးေက်း႐ြာ ရိွ ေဒသခံျပည္သူေတြဟာ ကဝၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကို ဆႏၵျပခဲ့ၾကပါတယ္။

‟ရစ္ကန္ႀကီးေက်း႐ြာရဲ႕တရားဝင္လမ္းေၾကာင္းမွန္ေပါ့ ေခတ္အဆက္ဆက္က ဘာခင္းခင္းခ်ေပးခဲ့တာကို အခုကြန္ကရစ္လမ္းခင္းမွ လူတစ္စုအက်ိဳးအတြက္ တရားဝင္လမ္းမအတိုင္းမခင္းဘဲ လမ္းသြယ္ကခင္းလို႔ ကၽြန္ေတာ္တို႔ျပည္သူေတြက လုံးဝလက္မခံတာပါ၊ အမ်ားျပည္သူအက်ိဳးလည္း ထိခိုက္တဲ့အတြက္ ကၽြန္ေတာ္တို႔က ဌာနဆိုင္ရာနဲ႔ တိုင္းေဒသႀကီးလႊတ္ေတာ္ဉကၠ႒၊ ပဲခူတိုင္းဝန္ႀကီးခ်ဳပ္။ ႏိုင္ငံေတာ္သမၼတအထိ တင္ျပထားတာ ႏွစ္ႀကိမ္ရွိပါၿပီ။ ဒါကိုယေန႔အခ်ိန္ထိ ကြင္းဆင္းစစ္ေဆး အေရးယူေဆာင္႐ြက္တာမရွိေသးလို႔ အခုလိုဆႏၵထုတ္ေဖာ္ရတာပါ”လို႔ ဆႏၵထုတ္ေဖာ္ပြဲဦးေဆာင္သူ ဦးဆန္းဝင္းကေျပာပါတယ္။

၂၀၁၈-၂၀၁၉ ဘဏၰာႏွစ္မွာ ကဝၿမိဳ႕နယ္ရစ္ကန္ႀကီးေက်း႐ြာ ဂဝံလမ္းေဟာင္းအေပၚ ကြန္ကရစ္လမ္းအရွည္ (၁)မိုင္ နဲ႔ (၇)ဖာလုံခင္းဖို႔ ေဆာင္႐ြက္ရာမွာ မူလလမ္းေဟာင္းအတိုင္း မေဆာင္႐ြက္ဘဲ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕သေဘာဆႏၵနဲ႔ ကိုယ္ထူကိုယ္ထလုပ္ထားတဲ့ လမ္းသြယ္ဘက္ကို ေဆာင္႐ြက္တဲ့အတြက္ ေဒသခံျပည္သူေတြက ကန႔္ကြက္ခဲ့ၾကတာ ျဖစ္ပါတယ္။

အဲ့ဒီမိန္းလမ္းမႀကီးကို ႏိုင္ငံေတာ္အစိုးရဘတ္ဂ်က္ေငြနဲ႔ ကြန္ကရစ္လမ္ းခင္းခြင့္ၾကထားၿပီး ႐ြာလယ္လမ္းေရာက္တဲ့အခါ ကိုယ္ထူကိုယ္ထလုပ္ထားတဲ့ လမ္းသြယ္ဘက္ကို ဆက္လက္ေဆာင္႐ြက္ေနၿပီး ႐ြာလမ္းမႀကီးကိုဆက္မခင္းေတာ့တာလို႔ သိရပါတယ္။

႐ြာလမ္းမႀကီးဟာ တစ္႐ြာလုံးအဓိကထားတဲ့လမ္းျဖစ္ၿပီး ေန႔စဥ္ေက်ာင္းသူ/သားေတြ အသုံးျပဳေနတဲ့လမ္းျဖစ္တဲ့အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္က သူရဲ႕သေဘာဆႏၵနဲ႔ အမ်ားျပည္သူကိုအေလးမထားဘဲ လူနည္းစုနဲ႔အစည္းအေဝးလုပ္ အတည္ျပဳသြားတဲ့အတြက္ ေဒသခံေတြမေနနဲ႔ ေက်နပ္မႈမရွိၾကဘူးလို႔ သိရပါတယ္။

‟လူနည္းစုကေတာ့ မေက်နပ္တာေပါ့ေလ၊ လမ္းေ႐ြးတာကို ကၽြန္ေတာ္တို႔ကေတာ့ တရားဝင္ အမ်ားသေဘာတူဆုံးျဖတ္ၿပီး အဲဒီလမ္းကိုေ႐ြးလိုက္တာပါ၊ အဲဒီ႐ြာက ကၽြန္ေတ္ာတို႔ကိုေထာက္ခံတဲ့ အမ်ားစုက ဘာေတြလုပ္ၾကမလဲမသိဘူး၊ ကၽြန္ေတာ္ကေတာ့ အမ်ားသေဘာတူ ဆုံးျဖတ္ထားတာပါ၊ တံတားရွိတဲ့ ေနရာလမ္းကိုယူၿပီး ဟိုဘက္(၁၅)႐ြာကေထာက္ခံထားတာ၊ အဲဒီေတာ့ အဲဒီေနရာကို ကၽြန္ေတာ္တို႔က ကြန္ကရစ္လမ္းခင္းဖို႔ေ႐ြးလိုက္တာ၊ ဌာနဆိုင္ရာေတြ အမ်ားႀကီးရဲ႕သေဘာဆႏၵနဲ႔ေ႐ြးလိုက္တာပါ၊ ကၽြန္ေတာ္တို႔အစိုးရက ဘာပဲျဖစ္ျဖစ္ လြတ္လပ္စြာဆႏၵထုတ္ေဖာ္ခြင့္ရွိတယ္ေလ၊ ဒါကိုေတာ့ ကၽြန္ေတာ္ကအျပစ္မေျပာပါဘူး။ သူတို႔လိုခ်င္တာ ေတာင္းတာေပါ့ေနာ္၊ လမ္းေဟာင္းမွာလည္း တံတားရခဲ့ရင္ အဲဒီလမ္းကိုလည္း အဆင့္ျမႇင့္တင္ေပးမယ္လို႔လည္း အစည္းအေဝးဆုံးျဖတိထားတာပါ”လုိ႔ ကဝၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသန္းကVOMကိုေျပာပါတယ္။

ကဝၿမိဳ႕နယ္၊ ရစ္ကန္ႀကီးေက်း႐ြာကိုခင္းမယ့္ ကြန္ကရစ္လမ္းကုိ တရားဝင္လမ္းေၾကာင္းအမွန္အတိုင္း ခင္းေပးေရး ဒို႔အေရး၊ ျပညိသူ႔ဆႏၵကို မ်က္ကြယ္ျပဳသူ ကဝၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ အလိုမရွိ၊ ႏိုင္ငံေတာ္ႏွင့္ တိုင္းေဒသႀကီးရံပုံေငြကို မမွန္မကန္လမ္းလႊဲအသုံးျပဳေနသူ ဌာနဆိုင္ရာတာဝန္ရွိသူအားလုံး အေရးယူေပးပါ စတဲ့ေႂကြးေၾကာ္သံေတြနဲ႔ ပဲခူးတိုင္းလႊတ္ေတာ္႐ုံးေရွ႕ကေန တိုင္းေဒသႀကီးအစိုးရ အဖြဲ႕႐ုံးေရွ႕ထိ လမ္းေလ်ာက္ဆႏၵျပခဲ့တာျဖစ္ပါတယ္။

အခုလုိဆႏၵျပတာကို သက္ဆိုင္ရာေတြအေနနဲ႔ ဆက္လက္ ဥပကၡာျပဳေနမယ္ဆိုလ်ွင္ ေနျပည္ေတာ္ရိွ ျပည္သူ႔လႊတ္ေတာ္႐ုံးေရွ႕ထိ ဆႏၵျပသြားမယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ပဲခူး #ကဝၿမိဳ႕နယ္ #ကိုယ္စားလွယ္ #ေဒသခံေတြဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW