ဘင်္ဂါလီတွေကို ဘာဆန်ချာကျွန်းမှာ နေရာမချတော့ပဲ ရခိုင်ပြည်နယ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

ဘင်္ဂါလီတွေကို ဘာဆန်ချာကျွန်းမှာ နေရာမချတော့ပဲ ရခိုင်ပြည်နယ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

ဒါကာ၊ ဖေဖော်ဝါရီ-၁၇ -၂၀၂၀
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာ ခိုလှုံနေကြတဲ့ ဘင်္ဂါဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော် ဘာဆန်ချာကျွန်းပေါ်သို့ နေရာချထားမယ့်အစီအစဉ်ကို ဖျက်သိမ်းသွာမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မိုမန်က ဖေဖော်ဝါရီ ၁၆ ရက်မှာ ကြေညာလိုက်ပါတယ်။

ဘင်္ဂါလီဒုက္ခသည်တွေကို မူရင်းနေရပ်ဖြစ်တဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ပြန်ပို့ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်က တရုတ်သံအမတ်ကြီး သတင်းထောက်တွေကိုပြောပါတယ်။

ဘာဆန်ချာကျွန်းပေါ်ကို ဒုက္ခသည်တွေကို နေရာချထားတာမလုပ်တော့ပေမယ့် စီးပွားရေးဆိုင်ရာ နဲ့ ဘင်္ဂလားဒေ့ရှ်နေရာသစ်အဖြစ် ပြောင်းလဲဖို့ စီစဉ်နေပြီး အကြောင်းအမျိုးမျိုးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ နိုင်ငံသားတွေကိုလည်း အဲဒီကျွန်းမှာနေရာချထားပေးမယ်လို့ သူကပြောဆိုပါတယ်။

ဘာဆန်ချာကျွန်းပေါ်ကို ဘင်္ဂါလီဒုက္ခသည် တစ်သိန်း နေရာချထား ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၈ ခုနှစ်တွင် ကြေညာခဲ့ပေမယ့် လက်ရှိမှာတော့ အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ကျွန်းပေါ်နေရာချထားခြင်းမပြုဖို့ အားလုံးသဘောတူခဲ့ကြပြီး ကျွန်းကိုအခြားနည်းတစ်မျိုးမျိုး အသုံးပြုဖို့ အကြံပြုချက်များကို အစိုးရထံတင်ပြထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက မိုမန်က ပြောပါတယ်။

Ref :Anadolu
Photo: AFP
#voiceofmyanmar #VOM #ဘင်္ဂလီ #ဘင်္ဂလားဒေရှ်

Zawgyi

ဘဂၤါလီေတြကို ဘာဆန္ခ်ာကြ်န္းမွာ ေနရာမခ်ေတာ႔႔ပဲ ရခိုင္ျပည္နယ္ျပန္ပို႔ဖို႔ ဘဂၤလားေဒ႔ရွ္စီစဥ္

ဒါကာ၊ ေဖေဖာ္၀ါရီ-၁၇ -၂၀၂၀
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ႔ရွ္နိုင္ငံ ေကာ႔ဘဇားေဒသမွာ ခိုလံႈေနၾကတဲ႔ ဘဂၤါဒုကၡသည္ေတြကို ဘဂၤလားပင္လယ္ေအာ္ ဘာဆန္ခ်ာကြ်န္းေပၚသို႔ ေနရာခ်ထားမယ္႔အစီအစဥ္ကို ဖ်က္သိမ္းသြာမယ္လို႔ ဘဂၤလားေဒ႔ရွ္ နိုင္ငံျခားေရး၀န္ၾကီး မိုမန္က ေဖေဖာ္၀ါရီ ၁၆ ရက္မွာ ေၾကညာလိုက္ပါတယ္။

ဘဂၤါလီဒုကၡသည္ေတြကို မူရင္းေနရပ္ျဖစ္တဲ႔ ျမန္မာနိုင္ငံ ရခိုင္ျပည္နယ္ကို ျပန္ပို႔ေရးဟာ အဓိကရည္မွန္းခ်က္ျဖစ္တယ္လို႔ ဘဂၤလားေဒ႔ရွ္နိုင္ငံျခားေရး၀န္ၾကီး မိုမန္က တရုတ္သံအမတ္ၾကီး သတင္းေထာက္ေတြကိုေျပာပါတယ္။

ဘာဆန္ခ်ာကြ်န္းေပၚကို ဒုကၡသည္ေတြကို ေနရာခ်ထားတာမလုပ္ေတာ႔ေပမယ္႔ စီးပြားေရးဆိုင္ရာ နဲ႔ ဘဂၤလားေဒ႔ရွ္ေနရာသစ္အျဖစ္ ေျပာင္းလဲဖို႔ စီစဥ္ေနျပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ အိုးမဲ႕အိမ္မဲ႔ျဖစ္ေနတဲ႔ နုိင္ငံသားေတြကိုလည္း အဲဒီကြ်န္းမွာေနရာခ်ထားေပးမယ္လို႔ သူကေျပာဆိုပါတယ္။

ဘာဆန္ခ်ာကြ်န္းေပၚကို ဘဂၤါလီဒုကၡသည္ တစ္သိန္း ေနရာခ်ထား ေပးမယ္လို႔ ဘဂၤလားေဒ႔ရွ္နုိင္ငံက ၂၀၁၈ ခုနွစ္တြင္ ေၾကညာခဲ႔ေပမယ္႔ လက္ရိွမွာေတာ႔ အဲဒီအစီအစဥ္ကို ဖ်က္သိမ္းလိုက္တာျဖစ္ပါတယ္။

ဒုကၡသည္ေတြကို ကြ်န္းေပၚေနရာခ်ထားျခင္းမျပဳဖို႔ အားလံုးသေဘာတူခဲ႔ၾကျပီး ကြ်န္းကိုအျခားနည္းတစ္မ်ိဳးမ်ိဳး အသံုးျပဳဖို႔ အၾကံျပဳခ်က္မ်ားကို အစိုးရထံတင္ျပထားတယ္လို႔ ဘဂၤလားေဒ႔ရွ္နုိင္ငံျခားေရး၀န္ၾကီးက မိုမန္က ေျပာပါတယ္။

Ref :Anadolu
Photo: AFP
#voiceofmyanmar #VOM #ဘဂၤလီ #ဘဂၤလားေဒရွ္

Related posts

Leave a Comment

VOM News

FREE
VIEW