ကျောက်တော်မှာ လက်နက်ကြီးကျဉ်ကျပြီး ပြိုင်းတိုင်းရွာသား ၁ ဦးသေဆုံး

ကျောက်တော်မှာ လက်နက်ကြီးကျဉ်ကျပြီး ပြိုင်းတိုင်းရွာသား ၁ ဦးသေဆုံး

ကျောက်တော်၊ မတ် ၉- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာထဲကို မနေ့ မတ်လ ၈ ရက် ည၈ နာရီခွဲလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ ကျေးရွာတွင်းက နေအိမ် ၂ ဆောင် မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသွားတဲ့ အသက် ၆၈ နှစ်အရွယ် ဦးဦးကျော်လှ ဟာ မိမိနေအိမ်တွင်း ထိုင်နေစဉ် အိမ်အနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသံကြောင့် နှလုံးရပ်သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

” လက်နက်ကြီးကျည်က ဦးကျော်လှရဲ့ နေအိမ်အနီးမှာ လာပြီးပေါက်ကွဲတာ။ ဒါကြောင့် သူကအသက်လည်းကြီးနေပြီဆိုတော့ နှလုံးရပ်ပြီးသေသွားတယ်။ သူက ကိုယ့်အိမ်မှာထိုင်နေတာ။ နှလုံးရပ်ပြီးသေသွားတာ သူတစ်ယောက်ပဲ အခြားမိသားစုတွေ ဒဏ်ရာရတာမရှိဘူး။ လက်နက်ကြီးက ငန်းတောင်ဖက်ကလာတာ။” လို့ ပြိုင်းတိုင်းကျေးရွာဒေသခံ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျဉ်ကျရောက်တာကြောင့် ပြိုင်းတိုင်းရွာက နေအိမ် ၂ လုံးမီးလောင်သွားပြီး အဲ့ဒီနေအိမ်တွေဟာ ဦးအဖြူချေနဲ့ ဦးအောင်သာဦးတို့ရဲ့ နေအိမ်ဖြစ်တယ်လို့သိရပါတယ်။
အခုလို ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်မှု ပြိုင်းတိုင်းကျေးရွာမှာ မကြာခဏ ဆိုသလိုဖြစ်ပွားနေတာကြောင့် ဘေးလွှတ်ရာကို ထွက်ပြေးကြတဲ့ ဒေသခံတွေလည်းရှိပြီး အများစုမှာ ကျောက်တောမြို့ပေါ်နဲ့ အခြားနီးစပ်ရာ ရွာတွေကိုထွက်ပြေးကြတဲ့အတွက် လမ်းခရီးအခက်အခဲတွေလည်းရှိတယ်လို့ သိရပါတယ်။

ပြိုင်တိုင်းကျေးရွာ ဒေသခံတစ်ဦးပြောပြတာကတော့ ” မနေ့က ညနေ ၈ နာရီခွဲလောက်မှာ အိမ် ၂ လုံးမီးလောင်သွားတယ်။ လက်နက်ကြီးပစ်တာ အဲမှာ ရွာထဲကိုကျပြီး အိမ် ၂ လုံးမီးလောင်သွားတယ်။ ရွာမှာလည်း လူတွေမရှိတော့ဘူး။ ကြောက်လို့အကုန် ထွက်ပြေးသွားပြီ။ ရွာမှာက အမျိုးသမီးအနည်းအကျဉ်းလောက်နဲ့ အမျိုးသားတွေ တချို့တဝက်လောက်ပဲကျန်တော့တယ်။ ကျနော်တို့ရွာမှာက အိမ်ခြေ ၂၀၀ လောက်ရှိတယ်။” လို့ ပြောပါတယ်။

အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ပြိုင်းတိုင်းရွာဟာ ယခုရက်ပိုင်းအတွင်း တပ်မတော်နဲ့အေအေတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ငန်းတောင်နဲ့ ၁ မိုင်အကွာအဝေးလောက်မှာရှိပြီး ပစ်ခတ်မှုတွေကြောင့် ပြိုင်းတိုင်းကျေးရွာထဲကို လက်နက်ကြီးကျည်ကျပြီး ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့ကလည်း အမျိုးသမီး ကလေးတစ်ဦးနဲ့ လူကြီးတစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်လည်း ရှိဖူးပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားနေတာဟာ လွန်ခဲ့တဲ့၂၀၁၈ ခုနှစ် နှောင်းပိုင်းကနေစပြီး ၂၀၂၀ ခုနှစ် ယနေ့အချိန်ထိဖြစ်နေသလို အရပ်သားထိခိုက်မှုတွေလည်း တိုးလို့လာနေတယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #လက်နက်ကြီးကျည်ကျ #ရွာသားတစ်ဦးသေဆုံး

Zawgyi

ေက်ာက္ေတာ္မွာ လက္နက္ႀကီးက်ဥ္က်ၿပီး ၿပိဳင္းတိုင္းရြာသား ၁ ဦးေသဆံုး

ေက်ာက္ေတာ္၊ မတ္ ၉- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ၿပိဳင္းတိုင္းေက်းရြာထဲကို မေန႔ မတ္လ ၈ ရက္ ည၈ နာရီခြဲေလာက္က လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲၿပီး အသက္ ၆၈ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးေသဆံုးကာ ေက်းရြာတြင္းက ေနအိမ္ ၂ ေဆာင္ မီးေလာင္ပ်က္စီးသြားတယ္လုိ႔ သတင္းရ႐ွိပါတယ္။

ေသဆံုးသြားတဲ႔ အသက္ ၆၈ ႏွစ္အရြယ္ ဦးဦးေက်ာ္လွ ဟာ မိမိေနအိမ္တြင္း ထိုင္ေနစဥ္ အိမ္အနီး လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲသံေၾကာင့္ ႏွလံုးရပ္ေသဆံုးသြားတာျဖစ္တယ္လုိ႔ သိရပါတယ္။

” လက္နက္ႀကီးက်ည္က ဦးေက်ာ္လွရဲ႕ ေနအိမ္အနီးမွာ လာၿပီးေပါက္ကြဲတာ။ ဒါေၾကာင္႔ သူကအသက္လည္းႀကီးေနၿပီဆိုေတာ့ ႏွလံုးရပ္ၿပီးေသသြားတယ္။ သူက ကိုယ္႔အိမ္မွာထိုင္ေနတာ။ ႏွလံုးရပ္ျပီးေသသြားတာ သူတစ္ေယာက္ပဲ အျခားမိသားစုေတြ ဒဏ္ရာရတာမ႐ွိဘူး။ လက္နက္ႀကီးက ငန္းေတာင္ဖက္ကလာတာ။” လို႔ ၿပိဳင္းတိုင္းေက်းရြာေဒသခံ အမည္မေဖာ္လိုသူတစ္ဦးက ေျပာပါတယ္။

လက္နက္ႀကီးက်ဥ္က်ေရာက္တာေၾကာင္႔ ၿပိဳင္းတိုင္းရြာက ေနအိမ္ ၂ လံုးမီးေလာင္သြားၿပီး အဲ့ဒီေနအိမ္ေတြဟာ ဦးအျဖဴေခ်နဲ႔ ဦးေအာင္သာဦးတို႔ရဲ႕ ေနအိမ္ျဖစ္တယ္လို႔သိရပါတယ္။
အခုလို ပစ္ခတ္မႈေတြေၾကာင့္ အရပ္သားထိခိုက္မွဳ ၿပိဳင္းတိုင္းေက်းရြာမွာ မၾကာခဏ ဆိုသလိုျဖစ္ပြားေနတာေၾကာင့္ ေဘးလႊတ္ရာကို ထြက္ေျပးၾကတဲ႔ ေဒသခံေတြလည္း႐ွိၿပီး အမ်ားစုမွာ ေက်ာက္ေတာၿမိဳ႕ေပၚနဲ႔ အျခားနီးစပ္ရာ ရြာေတြကိုထြက္ေျပးၾကတဲ့အတြက္ လမ္းခရီးအခက္အခဲေတြလည္း႐ွိတယ္လို႔ သိရပါတယ္။

ၿပိဳင္တိုင္းေက်းရြာ ေဒသခံတစ္ဦးေျပာျပတာကေတာ့ ” မေန႔က ညေန ၈ နာရီခြဲေလာက္မွာ အိမ္ ၂ လံုးမီးေလာင္သြားတယ္။ လက္နက္ႀကီးပစ္တာ အဲမွာ ရြာထဲကိုက်ၿပီး အိမ္ ၂ လံုးမီးေလာင္သြားတယ္။ ရြာမွာလည္း လူေတြမ႐ွိေတာ့ဘူး။ ေၾကာက္လို႔အကုန္ ထြက္ေျပးသြားၿပီ။ ရြာမွာက အမ်ိဳးသမီးအနည္းအက်ဥ္းေလာက္နဲ႔ အမ်ိဳးသားေတြ တခ်ိဳ႕တဝက္ေလာက္ပဲက်န္ေတာ့တယ္။ က်ေနာ္တို႔ရြာမွာက အိမ္ေျခ ၂၀၀ ေလာက္႐ွိတယ္။” လို႔ ေျပာပါတယ္။

အိမ္ေျခ ၂၀၀ ေလာက္႐ွိတဲ႔ ၿပိဳင္းတိုင္းရြာဟာ ယခုရက္ပိုင္းအတြင္း တပ္မေတာ္နဲ႔ေအေအတို႔ တိုက္ပြဲျဖစ္ပြားေနတဲ႔ ငန္းေတာင္နဲ႔ ၁ မိုင္အကြာအေဝးေလာက္မွာ႐ွိၿပီး ပစ္ခတ္မႈေတြေၾကာင့္ ၿပိဳင္းတိုင္းေက်းရြာထဲကုိ လက္နက္ႀကီးက်ည္က်ၿပီး ၿပီးခဲ့တဲ့မတ္လ ၄ ရက္ေန႔ကလည္း အမ်ိဳးသမီး ကေလးတစ္ဦးနဲ႔ လူႀကီးတစ္ဦးဒဏ္ရာရ႐ွိခဲ့တဲ႔ျဖစ္စဥ္လည္း ႐ွိဖူးပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲျဖစ္ပြားေနတာဟာ လြန္ခဲ႔တဲ့၂၀၁၈ ခုႏွစ္ ေႏွာင္းပိုင္းကေနစၿပီး ၂၀၂၀ ခုႏွစ္ ယေန႔အခ်ိန္ထိျဖစ္ေနသလုိ အရပ္သားထိခိုက္မႈေတြလည္း တိုးလို႔လာေနတယ္လုိ႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #လက္နက္ႀကီးက်ည္က် #ရြာသားတစ္ဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW