COVID-19ကပ်ရောဂါကြောင့် ထီ ဖွင့်ရက်ရွှေ့ပေးဖို့ တောင်းဆို

COVID-19ကပ်ရောဂါကြောင့် ထီ ဖွင့်ရက်ရွှေ့ပေးဖို့ တောင်းဆို ပဲခူး။ မတ် ၃၀-၂၀၂၀ ဝေဇင်ကြည် (VOM) COVID-19ကပ်ရောဂါကြောင့် ထီ အရောင်းအဝယ်ပါးနေပြီး အခက်အခဲ တွေဖြစ်နေလို့ ထီဖွင့်ရက်ရွှေ့ပေးဖို့ နိုင်ငံတော်ကို တင်ပြတောင်းဆိုထားတယ်လို့ ထီ ကုန်သည်ကြီးများအသင်းက ပြောပါတယ်။ ‟ကိုဗစ်ကပ်ရောဂါ တခြားနိုင်ငံမှာစဖြစ်နေတည်းက ရုံးကို ထီ ကုန်သည်များအသင်းက စာတွေတင်ကြတယ်။ ထီဖွင့်ပွဲရက်ကို သင့်တော်တဲ့ရက်ကို ရွှေ့ဆိုင်းဖို့ စာတင်တယ် ဟိုရက်ကျနိုးနိုး၊ ဒီရက်ကျနိုးနိုးနဲ့၊ ခုထိ ကျမလာဘူး။ ဒီနေ့၃၀တော့ ထီဖွင့်ပွဲကို ပုံမှန်အတိုင်းဘဲ ဖွင့်မယ်လို့သိရတယ်။ အခု ကုန်သည်တင်မက လှည်းနဲ့ရောင်းတဲ့သူတွေ၊ ဆိုင်နဲ့ရောင်းတဲ့သူတွေဆီမှာလည်။ ထီတွေကျန်နေတယ်” လို့ ထီကုန်သည်ကြီးများ အသင်း ဒုဥက္ကဠ ဦးဖုန်းနိုင်က ပြောပါတယ်။ WHOက ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါကို ကမ္ဘာ့ ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့အချိန်မှာ စီမံရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဆီကို လိပ်မူပြီး…

Read More

လင်မယားခြင်းစကားများပြီး ရွှေဘိုမြို့မဈေးကြီးကို မီးရှို့မှုဖြစ်ပွား

လင်မယားခြင်းစကားများပြီး ရွှေဘိုမြို့မဈေးကြီးကို မီးရှို့မှုဖြစ်ပွား ရွှေဘို၊ မတ် ၃၀-၂၀၂၀ ရှိုင်းအောင် (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့မှာ လင်မယားခြင်းစကားများပြီး ဓါတ်ဆီဘူးကိုင်ကာ ရွှေဘိုမြို့မဈေးကြီးကို မီးရှို့မှု ဒီကနေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ရွှေဘိုမြို့မဈေးကြီးကို ဓာတ်ဆီဘူးကိုင်ကာ မီးရှို့သူမှာ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး ရဲတပ်ဖွဲဝင်နဲ့ ဈေးတာဝန်ရှိသူတွေ လိုက်လံဖမ်းဆီးရာ မြို့မဈေးအရှေ့ဘက် အလယ်ပေါက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ “သူ့အမျိုးသမီးနဲ့ စကားများရန်ဖြစ်ပြီးတော့ လုပ်မိလုပ်ရာ လုပ်လိုက်တာပါ” လို့ ရွှေဘိုမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မီးရှို့မှုကြောင့် ဈေးကြီးအတွင်းက ပစ္စည်းအနည်းငယ်မီးလောင်ကျွမ်းခဲ့တဲ့အတွက် ရွှေဘိုမြို့မဈေးကြီး မီးရှိူ့တဲ့ အသက်(၅၃)နှစ်အရွယ်အမျိုးသားကို ရွှေဘိုမြို့မရဲစခန်းမှ (ပ) ၂၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #ရွှေဘို #မြို့မဈေး #မီးရှို့မှု Zawgyi လင်မယားခြင်းစကားများပြီး ရွှေဘိုမြို့မဈေးကြီးကို မီးရှို့မှုဖြစ်ပွား…

Read More

COVID-19ကူးစက်ခံရမှာကြောက်ပေမယ့်လည်း မိသားစုစားဝတ်နေရေးအဆင်ပြေဖို့ အလုပ်သမားတွေဆန္ဒပြ

COVID-19ကူးစက်ခံရမှာကြောက်ပေမယ့်လည်း မိသားစုစားဝတ်နေရေးအဆင်ပြေဖို့ အလုပ်သမားတွေဆန္ဒပြ ရန်ကုန် ၊ မတ် ၃၀-၂၀၂၀ သိဂီ ၤ(VOM) COVID 19 ရောဂါကူးစက်ခံရမှာကို ကြောက်ပေမယ့်လည်း မိသားစုစားဝတ်နေရေး အဆင်မပြေတာကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်အချို့က အလုပ်သမားတွေကဟာ စက်ရုံတွေကို ဆန္ဒပြသပိတ်မှောက်တောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။ လက်ရှိရွှေလင်ဗန်းစက်မှုဇုန်ထဲက မြန်မု(Myan Mode)အထည်ချုပ်စက်ရုံနဲ့ Xiang Yi စက်ရုံကို မတ်လ ၂၈ ရက်နေ့ကတည်းကစတင်သပိတ်မှောက်ခဲ့ပြီး ဒီကေနေ့ မတ်လ ၃၀ ရက်နေ့အထိ အလုပ်သမားတွေဟာ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆိုနေပါတယ်။ ဒီစက်ရုံနှစ်ခုဟာ ကိုဗစ် ၁၉ရောဂါအကြောင်းပြပြီး အလုပ်သမားတွေကို အလုပ်ဖြုတ်ခြင်း၊ အလုပ်ထုတ်မယ့်အကြောင်းကို ကြိုတင်အသိမပေးခြင်း၊ အလုပ်သမားခံစားခွင့်တွေကို အပြည့်အဝမပေးဘဲ အလုပ်ကနေ ထုတ်ပယ်လိုက်တာကြောင့် အလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြနေတာ ဖြစ်ပါတယ်။ “အဓိက အလုပ်ပြန်ခန့်ဖို့ပါ။ ကိုဗစ် ၁၉ ကြောင့် စားဝတ်နေရေးအဆင်မပြေမှုရှိတယ်။ ဘယ်စက်ရုံကမှလည်း ခေါ်မှာမဟုတ်ဘူး။…

Read More

ဖြိုးကိုကိုတင့်ဆန်းတို့ကို ထောင်ဒဏ်နှစ်(၃၀)နဲ့ (၇)လချမှတ်

ဖြိုးကိုကိုတင့်ဆန်းတို့ကို ထောင်ဒဏ်နှစ်(၃၀)နဲ့ (၇)လချမှတ် နေပြည်တော်၊ မတ် ၃၀-၂၀၂၀ ကိုထွန်း(VOM) မူးယစ်မှု၊ လက်နက်မှုများနှင့် စွဲချက်တင်ခံရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်းကို ဒီကနေ့မတ်လ ၃၀ ရက်နေ့တွင် ထောင်ဒဏ်(၃၀)နှစ်နဲ့ ခုနှစ်လချမှတ်လိုက်ပါတယ်။ ယနေ့ မတ်လ ၃၀ ရက်၊ နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးမှာ ဖြိုးကိုကိုတင့်ဆန်အမှုနဲ့ပတ်သက်ပြီး အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဖြိုးကိုကိုတင့်ဆန်းဟာ ၁၁၈/၂၀၁၇ သေနတ်တွေ့ရှိမှု၊ ၁၉(က)ဖြင့် ထောင်ဒဏ် ၁၀ နှစ်အများဆုံးချမှတ်ခံရတာ ဖြစ်ပြီး အဲ့ဒီအမှုကို ၂ နှစ်နှင့် ၃ လကျော် အချိန်ကြာမြင့်စွာ စစ်ခဲ့တာဖြစ်တဲ့အပြင် ရုံးချိန်းပေါင်း ၁၀၉ ချိန်း စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ကနေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇင်မင်းထိုက်ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆံများ၊…

Read More

တည်းခိုခန်းမှာတည်းနေတဲ့ တရုတ်လူမျိုးတွေကို ရပ်ကွက်ကလက်မခံတဲ့အတွက် စောင့်ကြည့်လူနာထားတဲ့နေရာကိုပို့ထား

တည်းခိုခန်းမှာတည်းနေတဲ့ တရုတ်လူမျိုးတွေကို ရပ်ကွက်ကလက်မခံတဲ့အတွက် စောင့်ကြည့်လူနာထားတဲ့နေရာကိုပို့ထား မန္တလေး၊ မတ် ၂၉-၂၀၂၀ Voice Of Myanmar မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းက ၊ တည်းခိုခန်းတစ်ခုမှာ ၊ တရုတ်နိုင်ငံကနေလာတည်းနေတဲ့ တရုတ်လူမျိုး(၂)ဦးကို COVID-19သံသယရှိတယ်လို့ဆိုကာ ရပ်ကွက်ကနေလက်မခံတဲ့အတွက် စောင့်ကြည့်လူနာတွေထားတဲ့ နဒီမြန်မာဟိုတယ်ကို ဒီကနေ့ညပိုင်းမှာ ပို့ဆောင်ခဲ့ရပါတယ်။ “ဒီလူနာကတော့ ၂ယောက်ပေါ့၊ ရပ်ကွက်က ကျန်းမာရေး၀န်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ဖုန်းလှမ်းဆက်တာပါ၊ လူနာတင်ကားနဲ့ မန္တလေးမြို့သံဃာဆေးရုံ(စောင့်ကြည့်လူနာထားတဲ့နေရာ)ကို ပို့ဆောင်ခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် နဒီမြန်မာဟိုတယ်ကို ပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်”လို့ နန်းတော်ရှေ့ လူမူကယ်ဆယ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းထွန်းအောင်ကပြောပါတယ်။ မျက်မြင်တွေ့ရှိတဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက” ကျွန်မတို့ ရပ်ကွက်ထဲမှာတည်းနေတာ၊ မတ်လ ၁၉ရက်နေ့ကတည်းကရောက်တာလို့တော့သိတယ်၊ ဒီနေ့မှာပဲ ရပ်ကွက်ကလက်မခံသလိုလုပ်တော့ ကျန်းမာရေး၀န်ထမ်းတွေရောက်လာပြီး လူနာတင်ကားနဲ့သယ်သွားတာ”လို့ ပြောပါတယ်။ အဲ့ဒီ တရုတ်လူမျိုး(၂)ဦးကို ရပ်ကွက်က စတင်လက်မခံတဲ့အချိန် အဲ့ဒီရပ်ကွက်မှာ ရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ပွားခဲ့ပြီး ကျန်းမာရေး၀န်ထမ်းတွေက လူနာတင်ကားခေါ်ကာ သက်ဆိုင်ရာကို…

Read More

Quarantineလုပ်ခံရတဲ့အမျိုးသားတစ်ဦး ထွက်ပြေးခဲ့တဲ့အတွက် အမှုဖွင့်အရေးယူထား

Quarantineလုပ်ခံရတဲ့အမျိုးသားတစ်ဦး ထွက်ပြေးခဲ့တဲ့အတွက် အမှုဖွင့်အရေးယူထား ဝက်လက်၊ မတ် ၃၀-၂၀၂၀ ရှိုင်းအောင် (VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာ အထက်တန်းကျောင်းခွဲမှာ COVID- 19 ရောဂါမပြန့်ပွားစေဖို့ ၁၄ ရက်စောင့်ကြည့်လူနာအဖြစ်ထားရှိတဲ့သူတစ်ဦး ထွက်ပြေးခဲ့တဲ့အတွက် အဲ့ဒီလူနာကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအမျိုးသားဟာ ထိုင်းနိုင်ငံကနေ ပြန်လာတာဖြစ်ပြီး မတ်လ ၂၇ ရက်နေ့၊ ညပိုင်းအချိန်မှာ စောင့်ကြည့်သူတွေထားတဲ့ အထက်တန်းကျောင်းခွဲကို ရောက်လာတာဖြစ်ပါတယ်။ “မတ်လ ၂၈ ရက်နေ့ည ၈ နာရီလောက်မှာ လက်ပံလှက သူ့ယောက္ခမတွေရှိတဲ့ဆီ ထွက်ပြေးတော့ နောက်တစ်ရက် မတ်လ ၂၉ ရက်နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေနဲ့ ပြန်ခေါ်ခဲ့တယ်” လို့ ဝက်လက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်း က ပြောပါတယ်။ ထွက်ပြေးခဲ့တဲ့ အမျိုးသားကို ၂၀၁၃ ခုနှစ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ…

Read More

မန္တလေးလေဆိပ်ကဝန်ထမ်းတွေကို အိမ်ကနေတာဝန်ထမ်းဆောင်ဖို့ ညွန်ကြား

မန္တလေးလေဆိပ်ကဝန်ထမ်းတွေကို အိမ်ကနေတာဝန်ထမ်းဆောင်ဖို့ ညွန်ကြား မန္တလေး မတ် ၃၀-၂၀၂၀ ဖြူဖြူ (VOM) လတ်တလောဖြစ်ပေါ်နေတဲ့ COVID 19 ရောဂါကြောင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်က ဝန်ထမ်းတွေကို ဧပြီလ ၁ ရက်ကစပြီး အိမ်ကနေသာ လုပ်ငန်းတာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားထားတယ်လို့ လေဆိပ်ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်ကျော်က ပြောပါတယ်။ “သူတို့ကို အိမ်ကနေပဲ viber တို့ email တို့ဖွင့်ခိုင်းထားပြီး အလုပ်လုပ်ကြဖို့ ပြောထားတာပေါ့။ လိုအပ်တဲ့သူတွေလောက်ပဲ အလှည့်ကျနဲ့ ရုံးတက်ခိုင်းထားတာပါ။ ဝန်ထမ်းလျှော့ချလိုက်တဲ့သဘောပဲ၊ လျှော့ချတယ်ဆိုတာ အလုပ်ထုတ်လိုက်တာ၊ လစာမဲ့ ခွင့်ပေးလိုက်တာမျိုး မဟုတ်ပါဘူး။”လို့ ဦးတင်မောင်ကျော်ကပြောပါတယ်။ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အုပ်ချုပ်ရေးပိုင်း၊ စီမံခန့်ခွဲမှုပိုင်း၊ လုံခြုံရေးပိုင်း၊ ဝန်ဆောင်မှုပိုင်းတွေ ခွဲခြားသတ်မှတ်ထားပြီး ဝန်ထမ်းစုစုပေါင်း ၇၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ကနဦး စည်းဝေးဆုံးဖြတ်ချက်အရ ဧပြီလ ၃၀ ရက်အထိ ရုံးတက်စရာမလိုဘဲ အိမ်ကနေသာ…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံသား နှစ်သိန်းအထိ သေဆုံးနိုင်ဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံသား နှစ်သိန်းအထိ သေဆုံးနိုင်ဖွယ်ရှိ ဝါရှင်တန်၊ မတ်-၃၀-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ၊ နယူးယောက်၊ နယူးအော်လင်းနဲ့ အခြားမြို့ကြီးတွေမှာ မကြာမီအချိန်အတွင်း ဆေးဝါးအထောက်အပံ့တွေကုန်သွားမယ်လို့ သတိပေးမှုတွေရှိနေချိန် အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနှစ်သိန်းသေဆုံးနိုင်ပြီး သန်းပေါင်းများစွာ ကူးစက်ခံရနိုင်တယ်လို့ ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူက သတိပေးပြောကြားလိုက်ပါတယ်။ ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံသား တစ်သိန်းကနေ နှစ်သိန်းအကြား သေဆုံးနိုင်တယ်လို့ စီအင်န်အင်န်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဓါတ်မတည့်ခြင်းနဲ့ ကူးစက်ရောဂါဆိုင်ရာ အမျိုးသားသိပ္ပံညွှန်ကြားရေးမှူး ဒေါက်တာအန်တိုနီဖာစီက ထုတ်ဖော်ပြောဆိုပါတယ်။ အမေရိကန်မှာ၂၀၁၀ ခုနှစ်ကတည်းက နိုင်ငံသား ၁၂၀၀၀ ကနေ ၆၁၀၀၀ အကြားနှစ်စဉ်သေဆုံးနေကြတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ၁၉၁၈-၁၉ ခုနှစ်တွေမှာလည်း တုပ်ကွေးကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံသား ၆၇၅၀၀၀ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မတ် ၂၈ ရက်အထိ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၁၀၀ နီးပါးသေဆုံးသွားတာကြောင့် လွန်ခဲ့တဲ့နှစ်ရက်ကထက်…

Read More

COVID -19 လူနာ ၂ ဦးတွေ့ရှိထားတဲ့ ၁၀၁လမ်း(မြောက်)ကို Lockdownလုပ်ထားပြီး ရပ်ကွက်နေသူတွေကိုပါ အိမ်အပြင်မထွက်ဖို့ အသိပေး

COVID -19 လူနာ ၂ ဦးတွေ့ရှိထားတဲ့ ၁၀၁လမ်း(မြောက်)ကို Lockdownလုပ်ထားပြီး ရပ်ကွက်နေသူတွေကိုပါ အိမ်အပြင်မထွက်ဖို့ အသိပေး ရန်ကုန် ၊မတ် ၃၀-၂၀၂၀ သိင်္ဂီ (VOM) COVID -19 လူနာ ၂ ဦးအထိတွေ့ရှိပြီဖြစ်တဲ့ မင်္ဂလာတောင်ညွန့်က ဖို့မြေရပ်ကွက်၊ ၁၀၁လမ်း(မြောက်)ကို Lockdown လုပ်ထားပြီး ရပ်ကွက်နေထိုင်သူတွေကိုပါ အိမ်အပြင်မထွက်ဖို့ အသိပေးပြောဆိုထားတယ်လို့ ဖို့မြေရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံးကပြောပါတယ်။ လက်ရှိမှာ ပြင်ပကလူတွေကိုလည်း ရပ်ကွက်အတွင်း ဝင်ခွင့်မပေးတော့သလို ယာဉ်အားလုံးကိုလည်း လုံးဝ(လုံးဝ)ဝင်/ထွက်ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ “လူနာရဲ့မိသားစု ၁၇ ယောက်လုံးကို ခုပဲ စစ်ဆေးတာ အားလုံးကပုံမှန်ပါပဲ။ case 5 ရဲ့ သားက case 10 ပါ။ နေမကောင်းဘူးလို့ သတင်းကြားတာ သူ့ဆွေမျိုးထဲကပါ။အားလုံးကို ခုစစ်ဆေးလိုက်တော့ အားလုံးကပုံမှန်ပါပဲ။ ဖျားနာခြင်း မရှိပါဘူး။Quarantine လုပ်ထားပါတယ်။ပြင်ပ ကားတွေဘာမှပေးမဝင်တော့ဘူး။ “လို့ ဖို့မြေရပ်ကွက်၊အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းထွန်းကပြောပါတယ်။…

Read More

ပြည်ပကပြန်လာတဲ့သူကို စာသင်ကျောင်းမှာထားမယ်သတင်းကြားလို့ လူစုလူဝေးဖြစ်ပေါ်

ပြည်ပကပြန်လာတဲ့သူကို စာသင်ကျောင်းမှာထားမယ်သတင်းကြားလို့ လူစုလူဝေးဖြစ်ပေါ် စစ်ကိုင်း၊ မတ် ၃၀-၂၀၂၀ ရှိုင်းအောင် (VOM) စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှာ မနေ့ မတ်လ ၂၉ ရက်နေ့ညပိုင်းက တရုတ်ပြည်ကနေပြန်လာတဲ့ အမျိုးသားတစ်ယောက်ကို စာသင်ကျောင်းမှာ ၁၄ ရက်စောင့်ကြည့်မယ်ကြားလို့ ရပ်ကွက်နေပြည်သူတွေက လက်မခံဘဲ လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။ သောတာပန်ရပ်ကွက်အုပ်စု၊သရက်ပင်ဆိပ်နေသူရဲ့ခင်ပွန်းဖြစ်သူက တရုတ်နိုင်ငံမှာ ကျောက်အရောင်းအဝယ်ပြုလုပ်ပြီး မတ်လ ၂၉ ရက်နေ့ ညပိုင်းအချိန်က နေအိမ်ကို ပြန်ရောက်လာခဲ့တဲ့အခါ သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဖို့အတွက် အခြေခံပညာကျောင်းမှာ ၁၄ရက်ထား စောင့်ကြည့်မှာကို ရပ်ကွက်နေပြည်သူများက လက်မခံကြဘဲ လူစုလူဝေး ဖြစ်ပေါ်ခဲ့တာပါ။ ” နောက်ဆုံးအစီအစဉ်အရ မီးသတ်ရုံးမှာနေပါဆိုတော့ သူက မနေချင်ဘူးတဲ့၊ သူက ရွာပြန်မယ်ဆိုလို့ ရွာပြန်ပို့လိုက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း အကြောင်းကြားတော့ ဒီမှာမနေဘူးဆို နောက်ထက် ၁၄ ရက်အတွင်း ပြန်မလာဖို့ပြောထားတယ် ” လို့ သောတာပန်ကျေးရွာ ရပ်ကွက်…

Read More
VOM News

FREE
VIEW