လင်မယားခြင်းစကားများပြီး ရွှေဘိုမြို့မဈေးကြီးကို မီးရှို့မှုဖြစ်ပွား

လင်မယားခြင်းစကားများပြီး ရွှေဘိုမြို့မဈေးကြီးကို မီးရှို့မှုဖြစ်ပွား

ရွှေဘို၊ မတ် ၃၀-၂၀၂၀
ရှိုင်းအောင် (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့မှာ လင်မယားခြင်းစကားများပြီး ဓါတ်ဆီဘူးကိုင်ကာ ရွှေဘိုမြို့မဈေးကြီးကို မီးရှို့မှု ဒီကနေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ရွှေဘိုမြို့မဈေးကြီးကို ဓာတ်ဆီဘူးကိုင်ကာ မီးရှို့သူမှာ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး ရဲတပ်ဖွဲဝင်နဲ့ ဈေးတာဝန်ရှိသူတွေ လိုက်လံဖမ်းဆီးရာ မြို့မဈေးအရှေ့ဘက် အလယ်ပေါက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

“သူ့အမျိုးသမီးနဲ့ စကားများရန်ဖြစ်ပြီးတော့ လုပ်မိလုပ်ရာ လုပ်လိုက်တာပါ” လို့ ရွှေဘိုမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မီးရှို့မှုကြောင့် ဈေးကြီးအတွင်းက ပစ္စည်းအနည်းငယ်မီးလောင်ကျွမ်းခဲ့တဲ့အတွက် ရွှေဘိုမြို့မဈေးကြီး မီးရှိူ့တဲ့ အသက်(၅၃)နှစ်အရွယ်အမျိုးသားကို ရွှေဘိုမြို့မရဲစခန်းမှ (ပ) ၂၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရွှေဘို #မြို့မဈေး #မီးရှို့မှု

Zawgyi

လင္မယားျခင္းစကားမ်ားၿပီး ေ႐ႊဘိုၿမိဳ႕မေစ်းႀကီးကို မီးရႈိ႕မွဳျဖစ္ပြား

ေ႐ႊဘို၊ မတ္ ၃၀-၂၀၂၀
ရႈိင္းေအာင္ (VOM)

စစ္ကိုင္းတိုင္း ၊ ေ႐ႊဘိုၿမိဳ႕မွာ လင္မယားျခင္းစကားမ်ားၿပီး ဓါတ္ဆီဘူးကိုင္ကာ ေ႐ႊဘိုၿမိဳ႕မေစ်းႀကီးကို မီးရႈိ႕မႈ ဒီကေန႔ေန႔လည္ပိုင္းက ျဖစ္ပြားခဲ့ပါတယ္။

ေ႐ႊဘိုၿမိဳ႕မေစ်းႀကီးကို ဓာတ္ဆီဘူးကိုင္ကာ မီးရႈိ႕သူမွာ အသက္ ၅၃ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး ရဲတပ္ဖြဲဝင္နဲ႔ ေစ်းတာဝန္ရွိသူေတြ လိုက္လံဖမ္းဆီးရာ ၿမိဳ႕မေစ်းအေရွ႕ဘက္ အလယ္ေပါက္မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

“သူ႔အမ်ိဳးသမီးနဲ႔ စကားမ်ားရန္ျဖစ္ၿပီးေတာ့ လုပ္မိလုပ္ရာ လုပ္လိုက္တာပါ” လို႔ ေ႐ႊဘိုၿမိဳ႕မရဲစခန္း တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

မီးရိွဳ႕မွဳေၾကာင့္ ေစ်းႀကီးအတြင္းက ပစၥည္းအနည္းငယ္မီးေလာင္ကၽြမ္းခဲ့တဲ့အတြက္ ေ႐ႊဘိုၿမိဳ႕မေစ်းႀကီး မီးရွိဴ႕တဲ့ အသက္(၅၃)ႏွစ္အရြယ္အမ်ိဳးသားကို ေရႊဘိုၿမိဳ႕မရဲစခန္းမွ (ပ) ၂၁၂/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆ နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေရႊဘုိ #ၿမိဳ႕မေစ်း #မီးရိွဳ႕မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW