COVID-19ကူးစက်ခံရမှာကြောက်ပေမယ့်လည်း မိသားစုစားဝတ်နေရေးအဆင်ပြေဖို့ အလုပ်သမားတွေဆန္ဒပြ

COVID-19ကူးစက်ခံရမှာကြောက်ပေမယ့်လည်း မိသားစုစားဝတ်နေရေးအဆင်ပြေဖို့ အလုပ်သမားတွေဆန္ဒပြ

ရန်ကုန် ၊ မတ် ၃၀-၂၀၂၀
သိဂီ ၤ(VOM)

COVID 19 ရောဂါကူးစက်ခံရမှာကို ကြောက်ပေမယ့်လည်း မိသားစုစားဝတ်နေရေး အဆင်မပြေတာကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်အချို့က အလုပ်သမားတွေကဟာ စက်ရုံတွေကို ဆန္ဒပြသပိတ်မှောက်တောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။

လက်ရှိရွှေလင်ဗန်းစက်မှုဇုန်ထဲက မြန်မု(Myan Mode)အထည်ချုပ်စက်ရုံနဲ့ Xiang Yi စက်ရုံကို မတ်လ ၂၈ ရက်နေ့ကတည်းကစတင်သပိတ်မှောက်ခဲ့ပြီး ဒီကေနေ့ မတ်လ ၃၀ ရက်နေ့အထိ အလုပ်သမားတွေဟာ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆိုနေပါတယ်။

ဒီစက်ရုံနှစ်ခုဟာ ကိုဗစ် ၁၉ရောဂါအကြောင်းပြပြီး အလုပ်သမားတွေကို အလုပ်ဖြုတ်ခြင်း၊ အလုပ်ထုတ်မယ့်အကြောင်းကို ကြိုတင်အသိမပေးခြင်း၊ အလုပ်သမားခံစားခွင့်တွေကို အပြည့်အဝမပေးဘဲ အလုပ်ကနေ ထုတ်ပယ်လိုက်တာကြောင့် အလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြနေတာ ဖြစ်ပါတယ်။

“အဓိက အလုပ်ပြန်ခန့်ဖို့ပါ။ ကိုဗစ် ၁၉ ကြောင့် စားဝတ်နေရေးအဆင်မပြေမှုရှိတယ်။ ဘယ်စက်ရုံကမှလည်း ခေါ်မှာမဟုတ်ဘူး။ လျော်ကြေးဆိုတာလည်း ဘယ်လောက်မှရတာမဟုတ်ဘူး ။ ဘယ်နှစ်လမှလည်း မိသားစုထိုင်စားရမှာမဟုတ်ဘူး။ ကိုဗစ် ၁၉ တော့ကြောက်ကြတာပဲ၊ လူတွေအသက်တစ်ချောင်းက အပိုပါတာမှမဟုတ်တာ ၊ ကိုဗစ် ၁၉ က ဘယ်အချိန်ကူစက်မှန်းမသိဘူး စားဝတ်နေရေးက အဆင်မပြေဘူး။ ဒီအလုပ်သမားကို သူတို့ဖြုတ်လိုက်ရင် သူ့နောက်မှာ မှီခိုနေတဲ့ မိသားစုဝင်တွေ အကုန်ဒုက္ခရောက်တယ်။ ဒါကြောင့် အလုပ်သမားတွေ လုပ်ငန်းလေး လည်ပတ်နေရတယ်ဆိုရင် အလုပ်သမားတွေက စားဝတ်နေရေးအဆင်ပြေတာပေါ့။”လို့ Myan Mode အထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရသူလုပ်သား မသီရိတုံက ပြောပါတယ်။

မြန်မုအထည်ချုပ်စက်ရုံကတော့ အလုပ်သမားတွေကို အလုပ်ထုတ်ကြောင်း မတ်လ ၂၈ ရက်နေ့မှာ အသိပေးပြီး အဲ့ဒီနေ့မှာပဲ အလုပ်ထုတ်လျော်ကြေးပေးတာတွေ လုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီစက်ရုံမှာတော့ အလုပ်သမား ၁၂၀၀ ကျော်ရှိပါတယ်။

အလုပ်သမား ၂၀၀ ကျော်လောက်ကတော့ ကိုဗစ် ၁၉ ရောဂါစိုးရိမ်မှုကြောင့်လျော်ကြေးယူခဲ့ပြီး ကျန်တဲ့ အလုပ်သမား ၃၀၀ လောက်ကတော့ အလုပ်ပြန်ခန့်ပေးဖို့အတွက် စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်တောင်းဆိုနေတာ ဖြစ်ပါတယ်။

ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းကတော့ “ဝန်ထမ်းတွေ အဲ့စက်ရုံတွေကိုသွားပြီး မေးမြန်းနေပါတယ်။ ဒီအချိန်မှာ အားလုံးက ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာတာပဲဖြစ်ချင်ပါတယ်။ တချို့ကိစ္စတွေ ဆန္ဒစောမှုတွေပေါ်မှာ အန္တရာယ်မဖြစ်စေချင်ဘူး။ ကပ်ရောဂါကြီးဖြစ်နေချိန် အန္တရာယ်ရှိနေချိန် အားလုံးဆွေးနွေးညှိနှိုင်းအဖြေရှာတာ ကိုပဲဖြစ်စေချင်တယ်။ ဝိုင်းဝန်းဖြောင်းဖြပေးကြဖို့ ဖြစ်စေချင်ပါတယ်။ ဒီအချိန်မှာ ဘယ်စက်ရုံမှ မဖြစ်စေချင်ပါဘူး။ အလုပ်သမားဥပဒေတွေန ဲ့ခန့်လို့ရသလို ပိုရင်လည်းလျှော့လို့ရပါတယ်။ဒါလေးတွေကလည်း ရှင်းလင်းသေချာစွာသိ ထားဖို့လိုပါတယ်။ ခန့်ချင်ရင်လည်း တရားဝင်ခန့်လို့ရသလို အီးစီစာချုပ်ချုပ်ရပါ တယ်။ ပိုလို့လျှော့မယ်ဆိုရင်လည်း တစ်နှစ်ကိုဘယ်လောက်၊တစ်နှစ်ကျော်ရင်ဘယ်လောက်ဆို တဲ့အတိုင်းအတာအလိုက် လုပ်ရင်ပိုကောင်းပါတယ်။ ပြေလည်ဖို့အကောင်းဆုံးပါပဲ။”လို့ ပြောပါတယ်။

Xiang Yi စက်ရုံဟာလည်း အလုပ်သမားတွေကို ကုန်ကြမ်းပြတ်လပ်တယ်လို့ဆိုပြီး အလုပ်ကနေ ထုတ်ပယ်လိုက်တာကြောင့် အလုပ်သမား ၂၀၀ ကျော်ဟာ အဲ့ဒီစက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ်က အလုပ်ရှင်ထွက်ပြေးသွားတဲ့ Myanmar Royal Apollo စက်ရုံအလုပ်သမားတွေဟာလည်း ခုချိန်ထိ လုပ်ခလစာတွေမရရှိသေးတာကြောင့် စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်တောင်းဆိုနေပါတယ်။

ဒါကြောင့် ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ Myanmar Royal Apollo စက်ရုံ၊ Xiang Yi စက်ရုံ ၊Myan Mode စက်ရုံ၊ Su Xing စက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ဂိတ်လေးအရှေ့မှာ ဝန်ကြီးချုပ်ကိုတွေ့ဆုံခွင့်ရဖို့ လာရောက်စောင့်ဆိုင်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #COVIDကြောက်ပေမယ့် #စားဝတ်နေရေးအတွက် #စက်ရုံအလုပ်သမားများ #သပိတ်မှောက်ဆန္ဒပြ

Zawgyi

COVID-19ကူးစက္ခံရမွာေၾကာက္ေပမယ့္လည္း မိသားစုစား၀တ္ေနေရးအဆင္ေျပဖုိ႔ အလုပ္သမားေတြဆႏၵျပ

ရန္ကုန္ ၊ မတ္ ၃၀-၂၀၂၀
သိဂီ ၤ(VOM)

COVID 19 ေရာဂါကူးစက္ခံရမွာကုိ ေၾကာက္ေပမယ့္လည္း မိသားစုစား၀တ္ေနေရး အဆင္မေျပတာေၾကာင့္ ရန္ကုန္တုိင္းအတြင္းရွိ စက္မႈဇုန္အခ်ိဳ႕က အလုပ္သမားေတြကဟာ စက္ရံုေတြကို ဆႏၵျပသပိတ္ေမွာက္ေတာင္းဆုိမႈေတြ ျပဳလုပ္ေနပါတယ္။

လက္ရွိေရႊလင္ဗန္းစက္မႈဇုန္ထဲက ျမန္မု(Myan Mode)အထည္ခ်ဳပ္စက္ရုံနဲ႔ Xiang Yi စက္ရုံကုိ မတ္လ ၂၈ ရက္ေန႔ကတည္းကစတင္သပိတ္ေမွာက္ခဲ့ၿပီး ဒီကေေန႔ မတ္လ ၃၀ ရက္ေန႔အထိ အလုပ္သမားေတြဟာ စက္ရုံေရွ႕မွာ သပိ္တ္စခန္းဖြင့္ ေတာင္းဆိုေနပါတယ္။

ဒီစက္ရုံႏွစ္ခုဟာ ကုိဗစ္ ၁၉ေရာဂါအေၾကာင္းျပၿပီး အလုပ္သမားေတြကို အလုပ္ျဖဳတ္ျခင္း၊ အလုပ္ထုတ္မယ့္အေၾကာင္းကို ႀကိဳတင္အသိမေပးျခင္း၊ အလုပ္သမားခံစားခြင့္ေတြကို အျပည့္အ၀မေပးဘဲ အလုပ္ကေန ထုတ္ပယ္လိုက္တာေၾကာင့္ အလုပ္သမားေတြ သပိတ္ေမွာက္ဆႏၵျပေနတာ ျဖစ္ပါတယ္။

“အဓိက အလုပ္ျပန္ခန္႔ဖုိ႔ပါ။ ကိုဗစ္ ၁၉ ေၾကာင့္ စား၀တ္ေနေရးအဆင္မေျပမႈရွိတယ္။ ဘယ္စက္ရုံကမွလည္း ေခၚမွာမဟုတ္ဘူး။ ေလ်ာ္ေၾကးဆိုတာလည္း ဘယ္ေလာက္မွရတာမဟုတ္ဘူး ။ ဘယ္ႏွစ္လမွလည္း မိသားစုထုိင္စားရမွာမဟုတ္ဘူး။ ကုိဗစ္ ၁၉ ေတာ့ေၾကာက္ၾကတာပဲ၊ လူေတြအသက္တစ္ေခ်ာင္းက အပိုပါတာမွမဟုတ္တာ ၊ ကုိဗစ္ ၁၉ က ဘယ္အခ်ိန္ကူစက္မွန္းမသိဘူး စား၀တ္ေနေရးက အဆင္မေျပဘူး။ ဒီအလုပ္သမားကို သူတုိ႔ျဖဳတ္လိုက္ရင္ သူ႔ေနာက္မွာ မွီခိုေနတဲ့ မိသားစု၀င္ေတြ အကုန္ဒုကၡေရာက္တယ္။ ဒါေၾကာင့္ အလုပ္သမားေတြ လုပ္ငန္းေလး လည္ပတ္ေနရတယ္ဆုိရင္ အလုပ္သမားေတြက စား၀တ္ေနေရးအဆင္ေျပတာေပါ့။”လို႔ Myan Mode အထည္ခ်ဳပ္စက္ရုံက အလုပ္ထုတ္ခံရသူလုပ္သား မသီရိတုံက ေျပာပါတယ္။

ျမန္မုအထည္ခ်ဳပ္စက္ရုံကေတာ့ အလုပ္သမားေတြကို အလုပ္ထုတ္ေၾကာင္း မတ္လ ၂၈ ရက္ေန႔မွာ အသိေပးၿပီး အဲ့ဒီေန႔မွာပဲ အလုပ္ထုတ္ေလ်ာ္ေႀကးေပးတာေတြ လုပ္ခဲ့တာျဖစ္ၿပီး အဲ့ဒီစက္ရံုမွာေတာ့ အလုပ္သမား ၁၂၀၀ ေက်ာ္ရွိပါတယ္။

အလုပ္သမား ၂၀၀ ေက်ာ္ေလာက္ကေတာ့ ကိုဗစ္ ၁၉ ေရာဂါစိုးရိမ္မႈေၾကာင့္ေလ်ာ္ေၾကးယူခဲ့ၿပီး က်န္တဲ့ အလုပ္သမား ၃၀၀ ေလာက္ကေတာ့ အလုပ္ျပန္ခန္႔ေပးဖို႔အတြက္ စက္ရုံေရွ႕မွာ သပိတ္စခန္းဖြင့္ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

ေရႊလင္ဗန္းစက္မႈဇုန္ေကာ္မတီဥကၠ႒ ဦးေအးေသာင္းကေတာ့ “၀န္ထမ္းေတြ အဲ့စက္ရုံေတြကိုသြားၿပီး ေမးျမန္းေနပါတယ္။ ဒီအခ်ိန္မွာ အားလုံးက ညွိႏိႈင္းေဆြးေႏြးၿပီး အေျဖရွာတာပဲျဖစ္ခ်င္ပါတယ္။ တခ်ိဳ႕ကိစၥေတြ ဆႏၵေစာမႈေတြေပၚမွာ အႏၱရာယ္မျဖစ္ေစခ်င္ဘူး။ ကပ္ေရာဂါႀကီးျဖစ္ေနခ်ိန္ အႏၱရာယ္ရွိေနခ်ိန္ အားလုံးေဆြးေႏြးညွိႏိႈင္းအေျဖရွာတာ ကိုပဲျဖစ္ေစခ်င္တယ္။ ၀ုိင္း၀န္းေျဖာင္းျဖေပးၾကဖုိ႔ ျဖစ္ေစခ်င္ပါတယ္။ ဒီအခ်ိန္မွာ ဘယ္စက္ရုံမွ မျဖစ္ေစခ်င္ပါဘူး။ အလုပ္သမားဥပေဒေတြန ဲ႔ခန္႔လုိ႔ရသလို ပုိရင္လည္းေလွ်ာ့လုိ႔ရပါတယ္။ဒါေလးေတြကလည္း ရွင္းလင္းေသခ်ာစြာသိ ထားဖုိ႔လုိပါတယ္။ ခန္႔ခ်င္ရင္လည္း တရား၀င္ခန္႔လို႔ရသလို အီးစီစာခ်ဳပ္ခ်ဳပ္ရပါ တယ္။ ပုိလို႔ေလွ်ာ့မယ္ဆုိရင္လည္း တစ္နွစ္ကိုဘယ္ေလာက္၊တစ္ႏွစ္ေက်ာ္ရင္ဘယ္ေလာက္ဆုိ တဲ့အတုိင္းအတာအလုိက္ လုပ္ရင္ပုိေကာင္းပါတယ္။ ေျပလည္ဖုိ႔အေကာင္းဆုံးပါပဲ။”လို႔ ေျပာပါတယ္။

Xiang Yi စက္ရုံဟာလည္း အလုပ္သမားေတြကုိ ကုန္ၾကမ္းျပတ္လပ္တယ္လုိ႔ဆိုၿပီး အလုပ္ကေန ထုတ္ပယ္လုိက္တာေၾကာင့္ အလုပ္သမား ၂၀၀ ေက်ာ္ဟာ အဲ့ဒီစက္ရုံေရွ႕မွာ သပိတ္စခန္းဖြင့္ ေတာင္းဆိုေနၾကပါတယ္။

ဒါ့အျပင္ ေရႊျပည္သာၿမိဳ႕နယ္က အလုပ္ရွင္ထြက္ေျပးသြားတဲ့ Myanmar Royal Apollo စက္ရုံအလုပ္သမားေတြဟာလည္း ခုခ်ိန္ထိ လုပ္ခလစာေတြမရရွိေသးတာေၾကာင့္ စက္ရုံေရွ႕မွာ သပိတ္စခန္းဖြင့္ေတာင္းဆိုေနပါတယ္။

ဒါေၾကာင့္ ဒီကေန႔ မတ္လ ၃၀ ရက္ေန႔မွာ Myanmar Royal Apollo စက္ရုံ၊ Xiang Yi စက္ရုံ ၊Myan Mode စက္ရုံ၊ Su Xing စက္ရံုက အလုပ္သမားေတြဟာ ရန္ကုန္တုိင္းအစိုးရအဖြဲ႔ရုံး ဂိတ္ေလးအေရွ႕မွာ ၀န္ႀကီးခ်ဳပ္ကုိေတြ႔ဆုံခြင့္ရဖုိ႔ လာေရာက္ေစာင့္ဆုိင္းမႈေတြလည္း ျပဳလုပ္ခဲ့ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #COVIDေၾကာက္ေပမယ့္ #စားဝတ္ေနေရးအတြက္ #စက္ရံုအလုပ္သမားမ်ား #သပိတ္ေမွာက္ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW