COVID -19 လူနာ ၂ ဦးတွေ့ရှိထားတဲ့ ၁၀၁လမ်း(မြောက်)ကို Lockdownလုပ်ထားပြီး ရပ်ကွက်နေသူတွေကိုပါ အိမ်အပြင်မထွက်ဖို့ အသိပေး

COVID -19 လူနာ ၂ ဦးတွေ့ရှိထားတဲ့ ၁၀၁လမ်း(မြောက်)ကို Lockdownလုပ်ထားပြီး ရပ်ကွက်နေသူတွေကိုပါ အိမ်အပြင်မထွက်ဖို့ အသိပေး

ရန်ကုန် ၊မတ် ၃၀-၂၀၂၀
သိင်္ဂီ (VOM)

COVID -19 လူနာ ၂ ဦးအထိတွေ့ရှိပြီဖြစ်တဲ့ မင်္ဂလာတောင်ညွန့်က ဖို့မြေရပ်ကွက်၊ ၁၀၁လမ်း(မြောက်)ကို Lockdown လုပ်ထားပြီး ရပ်ကွက်နေထိုင်သူတွေကိုပါ အိမ်အပြင်မထွက်ဖို့ အသိပေးပြောဆိုထားတယ်လို့ ဖို့မြေရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံးကပြောပါတယ်။

လက်ရှိမှာ ပြင်ပကလူတွေကိုလည်း ရပ်ကွက်အတွင်း ဝင်ခွင့်မပေးတော့သလို ယာဉ်အားလုံးကိုလည်း လုံးဝ(လုံးဝ)ဝင်/ထွက်ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

“လူနာရဲ့မိသားစု ၁၇ ယောက်လုံးကို ခုပဲ စစ်ဆေးတာ အားလုံးကပုံမှန်ပါပဲ။ case 5 ရဲ့ သားက case 10 ပါ။ နေမကောင်းဘူးလို့ သတင်းကြားတာ သူ့ဆွေမျိုးထဲကပါ။အားလုံးကို ခုစစ်ဆေးလိုက်တော့ အားလုံးကပုံမှန်ပါပဲ။ ဖျားနာခြင်း မရှိပါဘူး။Quarantine လုပ်ထားပါတယ်။ပြင်ပ ကားတွေဘာမှပေးမဝင်တော့ဘူး။ “လို့ ဖို့မြေရပ်ကွက်၊အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းထွန်းကပြောပါတယ်။

မတ်လ၂၉ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့ COVID-19 ရောဂါပိုးကူးစက်ရသူ ထပ်တိုး ၂ ဦးထဲက လူနာနံပါတ် ၁၀ ဟာ ၊ အရင် ကိုဗစ်လူနာ နံပါတ် ၅ (သြစတေးလျကနေ ဆေးကုပြန်လာပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှူခံယူခဲ့တဲ့)နဲ့ သားအဖတွေပဲဖြစ်ပါတယ်။

ခုဆိုရင် မြန်မာနိုင်ငံမှာ COVID 19 ရောဂါကူးစက်ခံရသူ ၁၀ ဦးအထိ ရှိလာနေပြီး ဒီထဲက လူနာ ၂ ဦးကတော့ ပြည်တွင်းမှာပဲနေထိုင်ကာ တဆင့်ခံကူးစက်ခံရသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် လူစုလူဝေးတွေမပြုလုပ်ဖို့ ၊ မလိုအပ်ဘဲ အိမ်အပြင်မထွက်ဖို့ ၊ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေထိုင်ဖို့ ၊ အပြင်ထွက်တိုင်း လက်ကို မကြာခဏဆေးဖို့၊ လူထူထပ်တဲ့နေရာတွေမှာ နှာခေါင်းအုပ်(MASK)တပ်ဖို့ စတဲ့အသိပေးမှုတွေကို ထုတ်ပြန်ထားပါတယ်။

လက်ရှိရန်ကုန်မှာတော့ အသွားအလာကန့်သတ်ပြီး Quarantine Center တွေနဲ့ စောင့်ကြည့်မှုခံယူထားသူ လူပေါင်း ၂၀၀၀ ကျော်အထိရှိနေပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ COVID 19 ရောဂါကို ကမ္ဘာ့ကပ်ရောအဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံတွေမှာလည်း ဒီရောဂါဖြစ်ပွားမှုနူန်းက တနေ့ထက်တနေ့ ပိုပြီးမြင့်တက်လာနေတာ ဖြစ်ပါတယ်။

Photo. May yee than maung
#VOM #voiceofmyanmar #ရန်ကုန် #၁၀၁လမ်း #LOCKDOWN

Zawgyi

COVID -19 လူနာ ၂ ဦးေတြ႔႐ွိထားတဲ့ ၁၀၁လမ္း(ေျမာက္)ကို Lockdownလုပ္ထားၿပီး ရပ္ကြက္ေနသူေတြကိုပါ အိမ္အျပင္မထြက္ဖို႔ အသိေပး

ရန္ကုန္ ၊မတ္ ၃၀-၂၀၂၀
သိဂႌ (VOM)

COVID -19 လူနာ ၂ ဦးအထိေတြ႔႐ွိၿပီျဖစ္တဲ့ မဂၤလာေတာင္ညြန္႔က ဖို႔ေျမရပ္ကြက္၊ ၁၀၁လမ္း(ေျမာက္)ကို Lockdown လုပ္ထားၿပီး ရပ္ကြက္ေနထိုင္သူေတြကိုပါ အိမ္အျပင္မထြက္ဖို႔ အသိေပးေျပာဆိုထားတယ္လို႔ ဖို႔ေျမရပ္ကြက္၊အုပ္ခ်ဳပ္ေရးမွဴးရံုးကေျပာပါတယ္။

လက္ရွိမွာ ျပင္ပကလူေတြကိုလည္း ရပ္ကြက္အတြင္း ဝင္ခြင့္မေပးေတာ႔သလို ယာဥ္အားလုံးကိုလည္း လုံးဝ(လုံးဝ)ဝင္/ထြက္ခြင့္မျပဳေတာ့ဘူးလုိ႔႔ သိရပါတယ္။

“လူနာရဲ႕မိသားစု ၁၇ ေယာက္လုံးကို ခုပဲ စစ္ေဆးတာ အားလုံးကပုံမွန္ပါပဲ။ case 5 ရဲ႕ သားက case 10 ပါ။ ေနမေကာင္းဘူးလို႔ သတင္းၾကားတာ သူ႔ေဆြမ်ိဳးထဲကပါ။အားလုံးကို ခုစစ္ေဆးလိုက္ေတာ့ အားလုံးကပုံမွန္ပါပဲ။ ဖ်ားနာျခင္း မ႐ွိပါဘူး။Quarantine လုပ္ထားပါတယ္။ျပင္ပ ကားေတြဘာမွေပးမဝင္ေတာ့ဘူး။ “လို႔ ဖို႔ေျမရပ္ကြက္၊အုပ္ခ်ဳပ္ေရးမွူးဦးေဇာ္ဝင္းထြန္းကေျပာပါတယ္။

မတ္လ၂၉ ရက္ေန႔က က်န္းမာေရးဝန္ႀကီးဌာနကထုတ္ျပန္ခဲ့တဲ့ COVID-19 ေရာဂါပိုးကူးစက္ရသူ ထပ္တိုး ၂ ဦးထဲက လူနာနံပါတ္ ၁၀ ဟာ ၊ အရင္ ကိုဗစ္လူနာ နံပါတ္ ၅ (ၾသစေတးလ်ကေန ေဆးကုျပန္လာၿပီး ရန္ကုန္ေဆး႐ုံႀကီးမွာ ေဆးကုသမႉခံယူခဲ့တဲ့)နဲ႔ သားအဖေတြပဲျဖစ္ပါတယ္။

ခုဆိုရင္ ျမန္မာႏိုင္ငံမွာ COVID 19 ေရာဂါကူးစက္ခံရသူ ၁၀ ဦးအထိ ႐ွိလာေနၿပီး ဒီထဲက လူနာ ၂ ဦးကေတာ့ ျပည္တြင္းမွာပဲေနထိုင္ကာ တဆင့္ခံကူးစက္ခံရသူေတြ ျဖစ္ပါတယ္။

ဒါေၾကာင့္ လူစုလူေဝးေတြမျပဳလုပ္ဖို႔ ၊ မလိုအပ္ဘဲ အိမ္အျပင္မထြက္ဖို႔ ၊ တတ္ႏိုင္သမ်ွ အိမ္ထဲမွာပဲေနထိုင္ဖို႔ ၊ အျပင္ထြက္တိုင္း လက္ကို မၾကာခဏေဆးဖို႔၊ လူထူထပ္တဲ့ေနရာေတြမွာ ႏွာေခါင္းအုပ္(MASK)တပ္ဖို႔ စတဲ့အသိေပးမႈေတြကို ထုတ္ျပန္ထားပါတယ္။

လက္႐ွိရန္ကုန္မွာေတာ့ အသြားအလာကန္႔သတ္ၿပီး Quarantine Center ေတြနဲ႔ ေစာင့္ၾကည့္မႈခံယူထားသူ လူေပါင္း ၂၀၀၀ ေက်ာ္အထိ႐ွိေနပါတယ္။

WHO ကမၻာ့က်န္းမာေရးအဖြဲ႔ကေတာ့ COVID 19 ေရာဂါကို ကမၻာ့ကပ္ေရာအျဖစ္ သတ္မွတ္ထားၿပီး ကမၻာ့ႏိုင္ငံေတြမွာလည္း ဒီေရာဂါျဖစ္ပြားမႈႏူန္းက တေန႔ထက္တေန႔ ပိုၿပီးျမင့္တက္လာေနတာ ျဖစ္ပါတယ္။

Photo. May yee than maung
#VOM #voiceofmyanmar #ရန္ကုန္ #၁၀၁လမ္း #LOCKDOWN

Related posts

Leave a Comment

VOM News

FREE
VIEW