COVID-19ကပ်ရောဂါကြောင့် ထီ ဖွင့်ရက်ရွှေ့ပေးဖို့ တောင်းဆို

COVID-19ကပ်ရောဂါကြောင့် ထီ ဖွင့်ရက်ရွှေ့ပေးဖို့ တောင်းဆို

ပဲခူး။ မတ် ၃၀-၂၀၂၀
ဝေဇင်ကြည် (VOM)

COVID-19ကပ်ရောဂါကြောင့် ထီ အရောင်းအဝယ်ပါးနေပြီး အခက်အခဲ တွေဖြစ်နေလို့ ထီဖွင့်ရက်ရွှေ့ပေးဖို့ နိုင်ငံတော်ကို တင်ပြတောင်းဆိုထားတယ်လို့ ထီ ကုန်သည်ကြီးများအသင်းက ပြောပါတယ်။

‟ကိုဗစ်ကပ်ရောဂါ တခြားနိုင်ငံမှာစဖြစ်နေတည်းက ရုံးကို ထီ ကုန်သည်များအသင်းက စာတွေတင်ကြတယ်။ ထီဖွင့်ပွဲရက်ကို သင့်တော်တဲ့ရက်ကို ရွှေ့ဆိုင်းဖို့ စာတင်တယ်
ဟိုရက်ကျနိုးနိုး၊ ဒီရက်ကျနိုးနိုးနဲ့၊ ခုထိ ကျမလာဘူး။ ဒီနေ့၃၀တော့ ထီဖွင့်ပွဲကို ပုံမှန်အတိုင်းဘဲ ဖွင့်မယ်လို့သိရတယ်။ အခု ကုန်သည်တင်မက လှည်းနဲ့ရောင်းတဲ့သူတွေ၊ ဆိုင်နဲ့ရောင်းတဲ့သူတွေဆီမှာလည်။ ထီတွေကျန်နေတယ်” လို့ ထီကုန်သည်ကြီးများ အသင်း
ဒုဥက္ကဠ ဦးဖုန်းနိုင်က ပြောပါတယ်။

WHOက ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါကို ကမ္ဘာ့ ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့အချိန်မှာ စီမံရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဆီကို လိပ်မူပြီး ထီဖွင့်ရက် ရွှေ့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ထီဖွင့်မယ့်ရက်ကို ရွှေ့ဆိုင်းခြင်း မရှိသေးတာကြောင့် ဒီနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို ထပ်ပြီးတော့ စာတင်ခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်ထောင်စု ဝန်ကြီးဆီ တင်တုန်းကတော့ ရက်ကိုမတောင်းဆိုခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆီကိုတော့ ထီဖွင့်ရက်ကို ၅ လပိုင်းလဆန်းကို ရွှေ့ပေးဖို့ အသနားခံစာ တင်တယ်” လို့ သူက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုကြောင့် အများစုက အပြင်မထွက်တာတွေ ရှိလာသလို၊ ကျန်းမာရေး အတွက် ဆေးဝါးရရှိရေး၊ စားသောက်စရာ စုဆောင်းရရှိရေးတွေကိုပဲ အာရုံပိုထားလာကြတာကြောင့် ထီထိုးသူ ဦးရေး ကျဆင်းလာတယ်လို့ ထီအရောင်း ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

‟ပုံမှန်က ၂၀ ရက်ကျော်မှ ရောင်းရတာ၊ ခုက ၂၀ ရက်ကျော်မှာ ဒီရောဂါအခြေအနေက တိုးလာတော့ တဖြည်းဖြည်းနဲ့ လူတွေကလမ်းမပေါ်မှာမရှိတော့ဘူး။ ထီဘက်ကိုလည်း အာရုံမရှိတော့ဘူး။ ထီသမားတွေလက်ထဲ တစ်ရက်ပြီးတစ်ရက် ထီတွေက ရောင်းမကုန်ဘဲ လက်ကျန်တွေများနေ ပုံနေတယ်။ လက်ကျန်တွေများလာတယ်။ ထီက ဖွင့်တော့မယ်။ ထီသမားအလွှာတိုင်းမှာ ထီ ၄၀ ရာနှုန်း ကျန်နေတယ်” လို့ မိုးယံ ပဲခူး ဧရိယာ ဖြန့်ချီရေး
ပဲခူးတက်နေဝန်း ထီဆိုင် ပိုင်ရှင်ကိုအောင်ကပြောပါတယ်။

သူက ဆက်ပြီးတော့ “အကယ်၍ ဒီလက်မှတ် တွေထဲက ပေါက်ခဲ့ရင် ပေါက်တဲ့ကိုယ်စားလှယ်က အရင်းအနှီး အများကြီးရမယ်။ မပေါက်တဲ့သူတွေကတော့ နောက်တစ်ကြိမ်အတွက် အရင်းအနှီးဆုံးရှုံးသွားမယ်။ အများကြီးထိခိုက်တယ်။ ထီသမားတင်မဟုတ်ဖူး။ နိုင်ငံတော်လည်း
ဘတ်ဂျက်နစ်နာတယ်” လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ အမျိုးမျိုး ကြော်ငြာပြီး ထီလက်မှတ်တွေကို ရောင်းဖို့ ကြိုးစားကြပေမယ့် ဆိုင်တွေပိတ်၊ ဈေးတွေကလည်း အကန့်အသတ်နဲ့ ဖွင့်တာအပြင် လမ်းပေါ်မှာ လူသွားလူလာ ရှင်းသလောက်ဖြစ်နေတာကြောင့် အရောင်းအဝယ်ပါးပြီး ထီသမားတိုင်း စိတ်ဖိစီးမှုတွေ ဖြစ်နေရတယ်လို့ ထီကိုယ်စားလှယ် တဦးက ပြောပါတယ်။

‟လ္ဘက်ရည်ဆိုင်တွေပိတ်တယ် အရောင်းအဝယ်ပါးတယ်။ လမ်းပေါ်မှလူမရှိတော့ မရောင်းရဘူး ထီသမားတိုင်းစိတ်ဖိစီးရပါတယ်။ ကျနော်က သိန်းတစ်ရာဖိုးလောက် ယူရတာပါ။ ထီသမားတိုင်း ထီကျန်မှာဘဲစိတ်ပူကြတယ်။ နောက်လကတော့ မရောင်းတော့ပါဘူး။ အေးချမ်းသွားမှရောင်းမယ်” လို့ ထီလက်ခွဲကိုယ်စားလှယ် ဦးမိုးကပြောပါတယ်။

ထီလက်မှတ်တွေ အရောင်းကိုယ်စားလှယ်လက်ထဲ ကျန်နေရင် ပြန်အပ်လို့လည်း မရတာကြောင့် ထီလက်မှတ် လက်ကျန်များလေ၊ ထီအရောင်းကိုယ်စားလှယ်တွေအတွက် ငွေဆုံးရှုံးမှု များလေ ဖြစ်တာကြောင့် ထီသမားတွေ ဘဝမပျက်၊ အရင်းအနှီးမပျောက်အောင် အခုလို အသနားခံစာတင် တောင်းဆိုနေကြရတာ ဖြစ်တယ်လို့ ထီကုန်သည်ကြီးများအသင်းက ပြောပါတယ်။

#VoiceOfMyanmar #VOM #အောင်ဘာလေထီ #ထီဖွင့်ရက်ရွှေ့စေလို

Zawgyi

COVID-19ကပ္ေရာဂါေၾကာင့္ ထီ ဖြင့္ရက္ေ႐ႊ႕ေပးဖို႔ ေတာင္းဆို

ပဲခူး။ မတ္ ၃၀-၂၀၂၀
ေဝဇင္ၾကည္ (VOM)

COVID-19ကပ္ေရာဂါေၾကာင့္ ထီ အေရာင္းအဝယ္ပါးေနၿပီး အခက္အခဲ ေတြျဖစ္ေနလို႔ ထီဖြင့္ရက္ေ႐ႊ႕ေပးဖို႔ ႏိုင္ငံေတာ္ကို တင္ျပေတာင္းဆိုထားတယ္လို႔ ထီ ကုန္သည္ႀကီးမ်ားအသင္းက ေျပာပါတယ္။

‟ကိုဗစ္ကပ္ေရာဂါ တျခားႏိုင္ငံမွာစျဖစ္ေနတည္းက ႐ုံးကို ထီ ကုန္သည္မ်ားအသင္းက စာေတြတင္ၾကတယ္။ ထီဖြင့္ပြဲရက္ကို သင့္ေတာ္တဲ့ရက္ကို ေ႐ႊ႕ဆိုင္းဖို႔ စာတင္တယ္
ဟိုရက္က်ႏိုးႏိုး၊ ဒီရက္က်ႏိုးႏိုးနဲ႔၊ ခုထိ က်မလာဘူး။ ဒီေန႔၃၀ေတာ့ ထီဖြင့္ပြဲကို ပုံမွန္အတိုင္းဘဲ ဖြင့္မယ္လို႔သိရတယ္။ အခု ကုန္သည္တင္မက လွည္းနဲ႔ေရာင္းတဲ့သူေတြ၊ ဆိုင္နဲ႔ေရာင္းတဲ့သူေတြဆီမွာလည္။ ထီေတြက်န္ေနတယ္” လို႔ ထီကုန္သည္ႀကီးမ်ား အသင္း
ဒုဥကၠဠ ဦးဖုန္းႏိုင္က ေျပာပါတယ္။

WHOက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ေရာဂါကို ကမာၻ႔ ကပ္ေရာဂါအျဖစ္ သတ္မွတ္လိုက္တဲ့အခ်ိန္မွာ စီမံေရးနဲ႔ ဘ႑ာေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးဆီကို လိပ္မူၿပီး ထီဖြင့္ရက္ ေ႐ႊ႕ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သူက ဆိုပါတယ္။

ဒါေပမယ့္ ထီဖြင့္မယ့္ရက္ကို ေ႐ႊ႕ဆိုင္းျခင္း မရွိေသးတာေၾကာင့္ ဒီေန႔မွာေတာ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဆီကို ထပ္ၿပီးေတာ့ စာတင္ခဲ့တယ္လို႔ ဆိုပါတယ္။

“ျပည္ေထာင္စု ဝန္ႀကီးဆီ တင္တုန္းကေတာ့ ရက္ကိုမေတာင္းဆိုခဲ့ဘူး။ ေဒၚေအာင္ဆန္းစုၾကည္ဆီကိုေတာ့ ထီဖြင့္ရက္ကို ၅ လပိုင္းလဆန္းကို ေ႐ႊ႕ေပးဖို႔ အသနားခံစာ တင္တယ္” လို႔ သူက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ ျပန႔္ပြားမႈေၾကာင့္ အမ်ားစုက အျပင္မထြက္တာေတြ ရွိလာသလို၊ က်န္းမာေရး အတြက္ ေဆးဝါးရရွိေရး၊ စားေသာက္စရာ စုေဆာင္းရရွိေရးေတြကိုပဲ အာ႐ုံပိုထားလာၾကတာေၾကာင့္ ထီထိုးသူ ဦးေရး က်ဆင္းလာတယ္လို႔ ထီအေရာင္း ကိုယ္စားလွယ္ေတြက ေျပာၾကပါတယ္။

‟ပုံမွန္က ၂၀ ရက္ေက်ာ္မွ ေရာင္းရတာ၊ ခုက ၂၀ ရက္ေက်ာ္မွာ ဒီေရာဂါအေျခအေနက တိုးလာေတာ့ တျဖည္းျဖည္းနဲ႔ လူေတြကလမ္းမေပၚမွာမရွိေတာ့ဘူး။ ထီဘက္ကိုလည္း အာ႐ုံမရွိေတာ့ဘူး။ ထီသမားေတြလက္ထဲ တစ္ရက္ၿပီးတစ္ရက္ ထီေတြက ေရာင္းမကုန္ဘဲ လက္က်န္ေတြမ်ားေန ပုံေနတယ္။ လက္က်န္ေတြမ်ားလာတယ္။ ထီက ဖြင့္ေတာ့မယ္။ ထီသမားအလႊာတိုင္းမွာ ထီ ၄၀ ရာႏႈန္း က်န္ေနတယ္” လို႔ မိုးယံ ပဲခူး ဧရိယာ ျဖန႔္ခ်ီေရး
ပဲခူးတက္ေနဝန္း ထီဆိုင္ ပိုင္ရွင္ကိုေအာင္ကေျပာပါတယ္။

သူက ဆက္ၿပီးေတာ့ “အကယ္၍ ဒီလက္မွတ္ ေတြထဲက ေပါက္ခဲ့ရင္ ေပါက္တဲ့ကိုယ္စားလွယ္က အရင္းအႏွီး အမ်ားႀကီးရမယ္။ မေပါက္တဲ့သူေတြကေတာ့ ေနာက္တစ္ႀကိမ္အတြက္ အရင္းအႏွီးဆုံးရႈံးသြားမယ္။ အမ်ားႀကီးထိခိုက္တယ္။ ထီသမားတင္မဟုတ္ဖူး။ ႏိုင္ငံေတာ္လည္း
ဘတ္ဂ်က္နစ္နာတယ္” လို႔ ေျပာပါတယ္။

လက္ရွိအေျခအေနမွာ အမ်ိဳးမ်ိဳး ေၾကာ္ျငာၿပီး ထီလက္မွတ္ေတြကို ေရာင္းဖို႔ ႀကိဳးစားၾကေပမယ့္ ဆိုင္ေတြပိတ္၊ ေဈးေတြကလည္း အကန႔္အသတ္နဲ႔ ဖြင့္တာအျပင္ လမ္းေပၚမွာ လူသြားလူလာ ရွင္းသေလာက္ျဖစ္ေနတာေၾကာင့္ အေရာင္းအဝယ္ပါးၿပီး ထီသမားတိုင္း စိတ္ဖိစီးမႈေတြ ျဖစ္ေနရတယ္လို႔ ထီကိုယ္စားလွယ္ တဦးက ေျပာပါတယ္။

‟လၻက္ရည္ဆိုင္ေတြပိတ္တယ္ အေရာင္းအဝယ္ပါးတယ္။ လမ္းေပၚမွလူမရွိေတာ့ မေရာင္းရဘူး ထီသမားတိုင္းစိတ္ဖိစီးရပါတယ္။ က်ေနာ္က သိန္းတစ္ရာဖိုးေလာက္ ယူရတာပါ။ ထီသမားတိုင္း ထီက်န္မွာဘဲစိတ္ပူၾကတယ္။ ေနာက္လကေတာ့ မေရာင္းေတာ့ပါဘူး။ ေအးခ်မ္းသြားမွေရာင္းမယ္” လို႔ ထီလက္ခြဲကိုယ္စားလွယ္ ဦးမိုးကေျပာပါတယ္။

ထီလက္မွတ္ေတြ အေရာင္းကိုယ္စားလွယ္လက္ထဲ က်န္ေနရင္ ျပန္အပ္လို႔လည္း မရတာေၾကာင့္ ထီလက္မွတ္ လက္က်န္မ်ားေလ၊ ထီအေရာင္းကိုယ္စားလွယ္ေတြအတြက္ ေငြဆုံးရႈံးမႈ မ်ားေလ ျဖစ္တာေၾကာင့္ ထီသမားေတြ ဘဝမပ်က္၊ အရင္းအႏွီးမေပ်ာက္ေအာင္ အခုလို အသနားခံစာတင္ ေတာင္းဆိုေနၾကရတာ ျဖစ္တယ္လို႔ ထီကုန္သည္ႀကီးမ်ားအသင္းက ေျပာပါတယ္။

#VoiceOfMyanmar #VOM #ေအာင္ဘာေလထီ #ထီဖြင့္ရက္ေ႐ႊ႕ေစလို

Related posts

Leave a Comment

VOM News

FREE
VIEW