ပြည်ပကပြန်လာတဲ့သူကို စာသင်ကျောင်းမှာထားမယ်သတင်းကြားလို့ လူစုလူဝေးဖြစ်ပေါ်

ပြည်ပကပြန်လာတဲ့သူကို စာသင်ကျောင်းမှာထားမယ်သတင်းကြားလို့ လူစုလူဝေးဖြစ်ပေါ်

စစ်ကိုင်း၊ မတ် ၃၀-၂၀၂၀
ရှိုင်းအောင် (VOM)

စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှာ မနေ့ မတ်လ ၂၉ ရက်နေ့ညပိုင်းက တရုတ်ပြည်ကနေပြန်လာတဲ့ အမျိုးသားတစ်ယောက်ကို စာသင်ကျောင်းမှာ ၁၄ ရက်စောင့်ကြည့်မယ်ကြားလို့ ရပ်ကွက်နေပြည်သူတွေက လက်မခံဘဲ လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။

သောတာပန်ရပ်ကွက်အုပ်စု၊သရက်ပင်ဆိပ်နေသူရဲ့ခင်ပွန်းဖြစ်သူက တရုတ်နိုင်ငံမှာ ကျောက်အရောင်းအဝယ်ပြုလုပ်ပြီး မတ်လ ၂၉ ရက်နေ့ ညပိုင်းအချိန်က နေအိမ်ကို ပြန်ရောက်လာခဲ့တဲ့အခါ သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဖို့အတွက် အခြေခံပညာကျောင်းမှာ ၁၄ရက်ထား စောင့်ကြည့်မှာကို ရပ်ကွက်နေပြည်သူများက လက်မခံကြဘဲ လူစုလူဝေး ဖြစ်ပေါ်ခဲ့တာပါ။

” နောက်ဆုံးအစီအစဉ်အရ မီးသတ်ရုံးမှာနေပါဆိုတော့ သူက မနေချင်ဘူးတဲ့၊ သူက ရွာပြန်မယ်ဆိုလို့ ရွာပြန်ပို့လိုက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း အကြောင်းကြားတော့ ဒီမှာမနေဘူးဆို နောက်ထက် ၁၄ ရက်အတွင်း ပြန်မလာဖို့ပြောထားတယ် ” လို့ သောတာပန်ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေကပြောပါတယ်။

စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းပြောပြတာကတော့” သောတာပန်မှာ သူ့မိန်းမရှိပါတယ်။ ပြန်လာတော့ ဘုန်းကြီးကျောင်းမှာ ထားမယ်ပြောတော့ ရပ်ကွက်က အထားမခံဘူးဖြစ်တာပေါ့၊ အဲ့ဒါဆို သောတာပန်မှာ မနေတော့ဘူး၊ သူ့မိန်းမကလဲ မလိုက်တော့ ရွာပဲပြန်မယ်ပြောလို့ စစ်ကိုင်းတံတားထိတ်ထိ လိုက်ပို့ပေးလိုက်ပါတယ်။ ကျန်းမာရေးကိုလည်း စစ်ဆေးပြီးပါပြီ၊ ကျန်ကျန်းမာမာပါပဲ ဒါကြောင့်ပြန်လွှတ်လိုက်တာပါ၊ စစ်ဆေးလို့ အဖျားရှိရင်ကို သူ့ကို ဆေးရုံကို တန်းပို့မှာပါ ” လို့ ပြောပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှူအတွက် တစ်ဖက်နိုင်ငံနဲ့ နယ်စပ်ကပြန်လာတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးခံယူစေရေးနဲ့၊ သတ်မှတ်ထားတဲ့ Community Based Facility Quarantine နေရာများမှာ ၁၄ ရက် စနစ်တကျစောင့်ကြည့် စစ်ဆေးသွားမှာဖြစ်ပါတယ်။

ကုသမှုခံယူဖို့ စောင့်ကြည့်လူနာတွေကို ထားရှိမယ့်နေရာများအတွက် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ နဲ့ တခြား သင့်လျော်တဲ့နေရာတွေကို ဆောင်ရွက်ဖို့အတွက် ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #ပြည်ပပြန်လာသူ #လက်မခံ #လူစုလူဝေးဖြစ်

Zawgyi

ျပည္ပကျပန္လာတဲ့သူကို စာသင္ေက်ာင္းမွာထားမယ္သတင္းၾကားလို႔ လူစုလူေဝးျဖစ္ေပၚ

စစ္ကိုင္း၊ မတ္ ၃၀-၂၀၂၀
ရႈိင္းေအာင္ (VOM)

စစ္ကိုင္းၿမိဳ႕၊ ေသာတာပန္ရပ္ကြက္မွာ မေန႔ မတ္လ ၂၉ ရက္ေန႔ညပိုင္းက တ႐ုတ္ျပည္ကေနျပန္လာတဲ့ အမ်ိဳးသားတစ္ေယာက္ကို စာသင္ေက်ာင္းမွာ ၁၄ ရက္ေစာင့္ၾကည့္မယ္ၾကားလို႔ ရပ္ကြက္ေနျပည္သူေတြက လက္မခံဘဲ လူစုလူေဝးျဖစ္ေပၚခဲ့ပါတယ္။

ေသာတာပန္ရပ္ကြက္အုပ္စု၊သရက္ပင္ဆိပ္ေနသူရဲ႕ခင္ပြန္းျဖစ္သူက တ႐ုတ္ႏိုင္ငံမွာ ေက်ာက္အေရာင္းအဝယ္ျပဳလုပ္ၿပီး မတ္လ ၂၉ ရက္ေန႔ ညပိုင္းအခ်ိန္က ေနအိမ္ကို ျပန္ေရာက္လာခဲ့တဲ့အခါ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ဖို႔အတြက္ အေျခခံပညာေက်ာင္းမွာ ၁၄ရက္ထား ေစာင့္ၾကည့္မွာကို ရပ္ကြက္ေနျပည္သူမ်ားက လက္မခံၾကဘဲ လူစုလူေဝး ျဖစ္ေပၚခဲ့တာပါ။

” ေနာက္ဆုံးအစီအစဥ္အရ မီးသတ္႐ုံးမွာေနပါဆိုေတာ့ သူက မေနခ်င္ဘူးတဲ့၊ သူက ႐ြာျပန္မယ္ဆိုလို႔ ႐ြာျပန္ပို႔လိုက္တယ္။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကိုလည္း အေၾကာင္းၾကားေတာ့ ဒီမွာမေနဘူးဆို ေနာက္ထက္ ၁၄ ရက္အတြင္း ျပန္မလာဖို႔ေျပာထားတယ္ ” လို႔ ေသာတာပန္ေက်း႐ြာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းေဝကေျပာပါတယ္။

စစ္ကိုင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ခိုင္ထြန္းေျပာျပတာကေတာ့” ေသာတာပန္မွာ သူ႔မိန္းမရွိပါတယ္။ ျပန္လာေတာ့ ဘုန္းႀကီးေက်ာင္းမွာ ထားမယ္ေျပာေတာ့ ရပ္ကြက္က အထားမခံဘူးျဖစ္တာေပါ့၊ အဲ့ဒါဆို ေသာတာပန္မွာ မေနေတာ့ဘူး၊ သူ႔မိန္းမကလဲ မလိုက္ေတာ့ ႐ြာပဲျပန္မယ္ေျပာလို႔ စစ္ကိုင္းတံတားထိတ္ထိ လိုက္ပို႔ေပးလိုက္ပါတယ္။ က်န္းမာေရးကိုလည္း စစ္ေဆးၿပီးပါၿပီ၊ က်န္က်န္းမာမာပါပဲ ဒါေၾကာင့္ျပန္လႊတ္လိုက္တာပါ၊ စစ္ေဆးလို႔ အဖ်ားရွိရင္ကို သူ႔ကို ေဆး႐ုံကို တန္းပို႔မွာပါ ” လို႔ ေျပာပါတယ္။

စစ္ကိုင္းၿမိဳ႕နယ္အတြင္း COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္မႉအတြက္ တစ္ဖက္ႏိုင္ငံနဲ႔ နယ္စပ္ကျပန္လာတဲ့သူေတြကို က်န္းမာေရးစစ္ေဆးခံယူေစေရးနဲ႔၊ သတ္မွတ္ထားတဲ့ Community Based Facility Quarantine ေနရာမ်ားမွာ ၁၄ ရက္ စနစ္တက်ေစာင့္ၾကည့္ စစ္ေဆးသြားမွာျဖစ္ပါတယ္။

ကုသမႈခံယူဖို႔ ေစာင့္ၾကည့္လူနာေတြကို ထားရွိမယ့္ေနရာမ်ားအတြက္ စာသင္ေက်ာင္းမ်ား၊ ဘုန္းႀကီးေက်ာင္းမ်ား နဲ႔ တျခား သင့္ေလ်ာ္တဲ့ေနရာေတြကို ေဆာင္႐ြက္ဖို႔အတြက္ ၫႊန္ၾကားထားတယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #ျပည္ပျပန္လာသူ #လက္မခံ #လူစုလူေဝးျဖစ္

Related posts

Leave a Comment

VOM News

FREE
VIEW