တည်းခိုခန်းမှာတည်းနေတဲ့ တရုတ်လူမျိုးတွေကို ရပ်ကွက်ကလက်မခံတဲ့အတွက် စောင့်ကြည့်လူနာထားတဲ့နေရာကိုပို့ထား

တည်းခိုခန်းမှာတည်းနေတဲ့ တရုတ်လူမျိုးတွေကို ရပ်ကွက်ကလက်မခံတဲ့အတွက် စောင့်ကြည့်လူနာထားတဲ့နေရာကိုပို့ထား

မန္တလေး၊ မတ် ၂၉-၂၀၂၀
Voice Of Myanmar

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းက ၊ တည်းခိုခန်းတစ်ခုမှာ ၊ တရုတ်နိုင်ငံကနေလာတည်းနေတဲ့ တရုတ်လူမျိုး(၂)ဦးကို COVID-19သံသယရှိတယ်လို့ဆိုကာ ရပ်ကွက်ကနေလက်မခံတဲ့အတွက် စောင့်ကြည့်လူနာတွေထားတဲ့ နဒီမြန်မာဟိုတယ်ကို ဒီကနေ့ညပိုင်းမှာ ပို့ဆောင်ခဲ့ရပါတယ်။

“ဒီလူနာကတော့ ၂ယောက်ပေါ့၊ ရပ်ကွက်က ကျန်းမာရေး၀န်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ဖုန်းလှမ်းဆက်တာပါ၊ လူနာတင်ကားနဲ့ မန္တလေးမြို့သံဃာဆေးရုံ(စောင့်ကြည့်လူနာထားတဲ့နေရာ)ကို ပို့ဆောင်ခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် နဒီမြန်မာဟိုတယ်ကို ပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်”လို့ နန်းတော်ရှေ့ လူမူကယ်ဆယ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းထွန်းအောင်ကပြောပါတယ်။

မျက်မြင်တွေ့ရှိတဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက” ကျွန်မတို့ ရပ်ကွက်ထဲမှာတည်းနေတာ၊ မတ်လ ၁၉ရက်နေ့ကတည်းကရောက်တာလို့တော့သိတယ်၊ ဒီနေ့မှာပဲ ရပ်ကွက်ကလက်မခံသလိုလုပ်တော့ ကျန်းမာရေး၀န်ထမ်းတွေရောက်လာပြီး လူနာတင်ကားနဲ့သယ်သွားတာ”လို့ ပြောပါတယ်။

အဲ့ဒီ တရုတ်လူမျိုး(၂)ဦးကို ရပ်ကွက်က စတင်လက်မခံတဲ့အချိန် အဲ့ဒီရပ်ကွက်မှာ ရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ပွားခဲ့ပြီး ကျန်းမာရေး၀န်ထမ်းတွေက လူနာတင်ကားခေါ်ကာ သက်ဆိုင်ရာကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုလက်ရှိ COVID-19ရောဂါပိုးတွေ့ရှိသူ (၁၀)ဦးရှိပြီးလို့ ကျန်းမာရေး၀န်ကြီးဌာနက တရား၀င်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #COVIDသံသယလူနာ #ရပ်ကွက်ကလက်မခံ #စောင့်ကြည့်ဆေးရုံပို့

Zawgyi

တည္းခိုခန္းမွာတည္းေနတဲ့ တ႐ုတ္လူမ်ိဳးေတြကို ရပ္ကြက္ကလက္မခံတဲ့အတြက္ ေစာင့္ၾကည့္လူနာထားတဲ့ေနရာကိုပို႔ထား

မႏၲေလး၊ မတ္ ၂၉-၂၀၂၀
Voice Of Myanmar

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္အတြင္းက ၊ တည္းခိုခန္းတစ္ခုမွာ ၊ တ႐ုတ္ႏိုင္ငံကေနလာတည္းေနတဲ့ တ႐ုတ္လူမ်ိဳး(၂)ဦးကို COVID-19သံသယရွိတယ္လို႔ဆိုကာ ရပ္ကြက္ကေနလက္မခံတဲ့အတြက္ ေစာင့္ၾကည့္လူနာေတြထားတဲ့ နဒီျမန္မာဟိုတယ္ကို ဒီကေန႔ညပိုင္းမွာ ပို႔ေဆာင္ခဲ့ရပါတယ္။

“ဒီလူနာကေတာ့ ၂ေယာက္ေပါ့၊ ရပ္ကြက္က က်န္းမာေရး၀န္ထမ္းေတြနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြက ဖုန္းလွမ္းဆက္တာပါ၊ လူနာတင္ကားနဲ႔ မႏၲေလးၿမိဳ႕သံဃာေဆး႐ုံ(ေစာင့္ၾကည့္လူနာထားတဲ့ေနရာ)ကို ပို႔ေဆာင္ခဲ့ေပမယ့္ အဆင္မေျပတဲ့အတြက္ နဒီျမန္မာဟိုတယ္ကို ပို႔ေဆာင္ေပးခဲ့ရတာျဖစ္တယ္”လို႔ နန္းေတာ္ေရွ႕ လူမူကယ္ဆယ္ေရးအဖြဲ႕ဥကၠဌ ဦးသိန္းထြန္းေအာင္ကေျပာပါတယ္။

မ်က္ျမင္ေတြ႕ရွိတဲ့ အမည္မေဖာ္လိုတဲ့ အမ်ိဳးသမီးတစ္ဦးက” ကြၽန္မတို႔ ရပ္ကြက္ထဲမွာတည္းေနတာ၊ မတ္လ ၁၉ရက္ေန႔ကတည္းကေရာက္တာလို႔ေတာ့သိတယ္၊ ဒီေန႔မွာပဲ ရပ္ကြက္ကလက္မခံသလိုလုပ္ေတာ့ က်န္းမာေရး၀န္ထမ္းေတြေရာက္လာၿပီး လူနာတင္ကားနဲ႔သယ္သြားတာ”လို႔ ေျပာပါတယ္။

အဲ့ဒီ တ႐ုတ္လူမ်ိဳး(၂)ဦးကို ရပ္ကြက္က စတင္လက္မခံတဲ့အခ်ိန္ အဲ့ဒီရပ္ကြက္မွာ ႐ုန္းရင္းဆန္ခတ္ အနည္းငယ္ျဖစ္ပြားခဲ့ၿပီး က်န္းမာေရး၀န္ထမ္းေတြက လူနာတင္ကားေခၚကာ သက္ဆိုင္ရာကို ပို႔ေဆာင္ခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ အခုလက္ရွိ COVID-19ေရာဂါပိုးေတြ႕ရွိသူ (၁၀)ဦးရွိၿပီးလို႔ က်န္းမာေရး၀န္ႀကီးဌာနက တရား၀င္ထုတ္ျပန္ထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #COVIDသံသယလူနာ #ရပ္ကြက္ကလက္မခံ #ေစာင့္ၾကည့္ေဆး႐ုံပို႔

Related posts

Leave a Comment

VOM News

FREE
VIEW