ရုရှားသမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

ရုရှားသမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ မော်စကို၊ မေ-၁၃-၂၀၂၀ မျိုးဆက် (VOM) ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ၂၃၂၀၀၀ ဦးအထိရှိလာပြီး အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ကူးစက်မှုအမြင့်မားဆုံးနိုင်ငံဖြစ်လာပါတယ်။ နိုင်ငံအတွင်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရမှု ၁၀၈၉၉ ဦးရှိနေပြီး နေ့စဉ်လူတစ်သောင်းကျော် ကူးစက်ခံရမှုဟာ ဆယ်ရက်ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ကူးစက်ခံရသူတွေထဲမှာ ရုရှားသမ္မတပူတင်ရဲ့ ပြောရောဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့လည်ပါ၀င်နေကြောင်း ရုရှားအခြေစိုက် သတင်းဌာနတွေကဖော်ပြပါတယ်။ သူဟာ ၀န်ကြီးချုပ် မစ်ဟေးမီရှူစတင် ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရုရှားထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်ပြီး နိုင်ငံမှာ ချမှတ်ထားတဲ့ လော့ခ်ဒေါင်းအစီအမံတွေကို သမ္မတပူတင်က ဖြေလျှော့လိုက်ပြီး နောက်တစ်နေ့မှာပဲ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေသဆိုင်ရာအခြေအနေတွေပေါ်မူတည်ပြီး တင်းကြပ်မှုတွေကို သမ္မတပူတင်က ဖြေလျှော့ပေးခဲ့ပေမယ့် စက်ရုံအလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်သားတွေဟာ မေ ၁၂ ရက်ကစပြီး လုပ်ငန်းခွင်တွေဆီကို ပြန်လည်၀င်ရောက်နေကြပြီဖြစ်ပါတယ်။ Ref :BBC Photo: Reuters…

Read More
VOM News

FREE
VIEW