ရုရှားသမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

ရုရှားသမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

မော်စကို၊ မေ-၁၃-၂၀၂၀
မျိုးဆက် (VOM)

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ၂၃၂၀၀၀ ဦးအထိရှိလာပြီး အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ကူးစက်မှုအမြင့်မားဆုံးနိုင်ငံဖြစ်လာပါတယ်။

နိုင်ငံအတွင်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရမှု ၁၀၈၉၉ ဦးရှိနေပြီး နေ့စဉ်လူတစ်သောင်းကျော် ကူးစက်ခံရမှုဟာ ဆယ်ရက်ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ကူးစက်ခံရသူတွေထဲမှာ ရုရှားသမ္မတပူတင်ရဲ့ ပြောရောဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့လည်ပါ၀င်နေကြောင်း ရုရှားအခြေစိုက် သတင်းဌာနတွေကဖော်ပြပါတယ်။

သူဟာ ၀န်ကြီးချုပ် မစ်ဟေးမီရှူစတင် ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရုရှားထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်ပြီး နိုင်ငံမှာ ချမှတ်ထားတဲ့ လော့ခ်ဒေါင်းအစီအမံတွေကို သမ္မတပူတင်က ဖြေလျှော့လိုက်ပြီး နောက်တစ်နေ့မှာပဲ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒေသဆိုင်ရာအခြေအနေတွေပေါ်မူတည်ပြီး တင်းကြပ်မှုတွေကို သမ္မတပူတင်က ဖြေလျှော့ပေးခဲ့ပေမယ့် စက်ရုံအလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်သားတွေဟာ မေ ၁၂ ရက်ကစပြီး လုပ်ငန်းခွင်တွေဆီကို ပြန်လည်၀င်ရောက်နေကြပြီဖြစ်ပါတယ်။

Ref :BBC
Photo: Reuters
#voiceofmyanmar #VOM #ရုရှား #သမ္မတပြောရေးဆိုခွင့်ရှိသူ #ကိုရိုနာဗိုင်းရပ်စ် #ကူးစက်ခံရ

Zawgyi

႐ုရွားသမၼတပူတင္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရ

ေမာ္စကို၊ ေမ-၁၃-၂၀၂၀
မ်ိဳးဆက္ (VOM)

႐ုရွားႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရဟာ ၂၃၂၀၀၀ ဦးအထိရွိလာၿပီး အေမရိကန္ၿပီးရင္ ကမာၻေပၚမွာ ကူးစက္မႈအျမင့္မားဆုံးႏိုင္ငံျဖစ္လာပါတယ္။

ႏိုင္ငံအတြင္း လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဗိုင္းရပ္စ္ကူးစက္ခံရမႈ ၁၀၈၉၉ ဦးရွိေနၿပီး ေန႔စဥ္လူတစ္ေသာင္းေက်ာ္ ကူးစက္ခံရမႈဟာ ဆယ္ရက္ဆက္တိုက္ျဖစ္ေပၚေနပါတယ္။

ကူးစက္ခံရသူေတြထဲမွာ ႐ုရွားသမၼတပူတင္ရဲ႕ ေျပာေရာဆိုခြင့္ရွိသူ ဒီမီထရီပက္စေကာ့လည္ပါ၀င္ေနေၾကာင္း ႐ုရွားအေျခစိုက္ သတင္းဌာနေတြကေဖာ္ျပပါတယ္။

သူဟာ ၀န္ႀကီးခ်ဳပ္ မစ္ေဟးမီရႉစတင္ ၿပီးရင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ ႐ုရွားထိပ္တန္းတာ၀န္ရွိသူတစ္ဦးျဖစ္ၿပီး ႏိုင္ငံမွာ ခ်မွတ္ထားတဲ့ ေလာ့ခ္ေဒါင္းအစီအမံေတြကို သမၼတပူတင္က ေျဖေလွ်ာ့လိုက္ၿပီး ေနာက္တစ္ေန႔မွာပဲ ဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ သတင္းထြက္ေပၚလာတာျဖစ္ပါတယ္။

ေဒသဆိုင္ရာအေျခအေနေတြေပၚမူတည္ၿပီး တင္းၾကပ္မႈေတြကို သမၼတပူတင္က ေျဖေလွ်ာ့ေပးခဲ့ေပမယ့္ စက္႐ုံအလုပ္႐ုံနဲ႔ ေဆာက္လုပ္ေရးလုပ္သားေတြဟာ ေမ ၁၂ ရက္ကစၿပီး လုပ္ငန္းခြင္ေတြဆီကို ျပန္လည္၀င္ေရာက္ေနၾကၿပီျဖစ္ပါတယ္။

Ref :BBC
Photo: Reuters
#voiceofmyanmar #VOM #႐ုရွား #သမၼတေျပာေရးဆိုခြင့္ရွိသူ #ကို႐ိုနာဗိုင္းရပ္စ္ #ကူးစက္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW