ဝတ်ပြုလို့ တရားစွဲခံရတဲ့ အစ္စလာမ်ဘာသာဝင် ကလေးငယ် ၂ယောက်ကို ခံဝန်နဲ့ ပြန်လွှတ်ပေး

ဝတ်ပြုလို့ တရားစွဲခံရတဲ့ အစ္စလာမ်ဘာသာဝင် ကလေးငယ် ၂ယောက်ကို ခံဝန်နဲ့ ပြန်လွှတ်ပေး

ဝတ်ပြုလို့ တရားစွဲခံရတဲ့ အစ္စလာမ်ဘာသာဝင် ကလေးငယ် ၂ယောက်ကို ခံဝန်နဲ့ ပြန်လွှတ်ပေး

မန္တလေး မေ -၁၉ -၂၀၂၀
ရှိုင်းအောင် (VOM)

ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်မှာ ဧပြီလ ၁၀ ရက်နေ့က အစ္စလာမ် ဘာသာရေး တရားဟောဆရာ တစ်ဦးရဲ့ နေအိမ်မှာ လူစုလူဝေးနဲ့ ဝတ်ပြုခဲ့လို့တရားစွဲခံရတဲ့ အမှုမှာ ပါဝင်ခဲ့တဲ့ ကလေးနှစ်ယောက်ကို ဒီနေ့မနက်မှာ မန္တလေးတိုင်းကလေးသူငယ်တရားရုံးကနေ ခံဝန်ကတိ နဲ့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မန္တလေးတိုင်းတရားလွှတ်တော် တရားရေးဦးစီးမှူး ဦးမြင့်ဆန်း ပြောပြတာကတော့ ” ၃ လအတွင်း ကောင်းမွန်စွာနေရမယ်ပေါ့ ဒီခံဝန်ကို ဖောက်ဖျက်ရင် တရားရုံးကနေပြီးတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးမှာပါ။ ကလေးသူငယ်ဆိုရင် များသောအားဖြင့် ထောင်ချတဲ့ ပြစ်ဒဏ်ပေးတာနည်းတယ်။ ဘယ်လိုမှ အကျင့်စာရိတ္တပြုပြင်မရမှသာ ကြီးမားတဲ့ အပြစ်ပေးတာ ကိုဗစ်နဲ့ပတ်သက်ပြီး အဓိက သက်ဆိုင်တဲ့အမှုတွေကတော့ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေ၊ ကူးဆက်ရောဂါဥပဒေ၊ တည်ဆဲရာဇသတ်ကြီးဥပဒေဖြစ်ပြီးတော့ အခင်းဖြစ်တဲ့အကြောင်းအရာကို အခြေခံပြီးတော့ တရားစွဲ အဖွဲ့အစည်းတွေက သဘာဝဘေး ဥပဒေနဲ့လည်း တရားစွဲတယ်၊ ကူးစက်နဲ့လည်း တရားစွဲတယ် ” လို့ ပြောပါတယ်။

တရားစွဲခံရတဲ့ ကလေးရဲ့ ဖခင် ဦးခင်မောင်လွင်က ကိုယ်တွေက မဟုတ်တာလုပ်တာ မဟုတ်ဘူးလေ ဘုရားဝတ်ပြုတာ ဒါပေမယ့် တားမြစ်ထားတာကို မလိုက်နာတဲ့အပေါ်မှာ ဒီလိုဖမ်းခံရတာ ” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်မှာပါဝင်တဲ့ အသက်အရွယ်ပြည့်ပြီးသားသူ ၁၂ယောက်ကို ချမ်းမြသာစည် မြို့နယ်တရားရုံးကနေ ထောင်သုံးလစီ ချမှတ်ပြီးသားဖြစ်ပေမယ့် အဲ့အဖွဲ့ထဲမှာပါတဲ့ ကလေးနှစ်ယောက်က အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ်ဖြစ်တာမို့ ကလေးသူငယ်တရားရုံးမှာ တရားစွဲခဲ့ပေမယ့် ဒီနေ့ မေလ ၁၉ ရက်နေ့မှာ ခုလိုအဲဒီကလေးသူငယ်နှစ်ဦးကို ခံဝန်နဲ့ မိဘတွေစီ ပြန်အပ်လိုက်တာပါ။

#voiceofmyanmar #VOM #ကလေးသူငယ်တရားရုံး

Zawgyi

ဝတ္ျပဳလို႔ တရားစြဲခံရတဲ့ အစၥလာမ္ဘာသာဝင္ ကေလးငယ္ ၂ေယာက္ကို ခံဝန္နဲ႔ ျပန္လႊတ္ေပး

မႏၲေလး ေမ -၁၉ -၂၀၂၀
ရႈိင္းေအာင္ (VOM)

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကံသာယာရပ္ကြက္မွာ ဧၿပီလ ၁၀ ရက္ေန႔က အစၥလာမ္ ဘာသာေရး တရားေဟာဆရာ တစ္ဦးရဲ႕ ေနအိမ္မွာ လူစုလူေဝးနဲ႕ ၀တ္ျပဳခဲ႕လို႔တရားစြဲခံရတဲ့ အမႈမွာ ပါဝင္ခဲ့တဲ့ ကေလးႏွစ္ေယာက္ကို ဒီေန႔မနက္မွာ မႏၲေလးတိုင္းကေလးသူငယ္တရားရံုးကေန ခံဝန္ကတိ နဲ႔ ျပန္လႊတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။

မႏၲေလးတိုင္းတရားလႊတ္ေတာ္ တရားေရးဦးစီးမႉး ဦးျမင့္ဆန္း ေျပာျပတာကေတာ့ ” ၃ လအတြင္း ေကာင္းမြန္စြာေနရမယ္ေပါ့ ဒီခံဝန္ကို ေဖာက္ဖ်က္ရင္ တရား႐ုံးကေနၿပီးေတာ့ ထိုက္သင့္တဲ့ ျပစ္ဒဏ္ေပးမွာပါ။ ကေလးသူငယ္ဆိုရင္ မ်ားေသာအားျဖင့္ ေထာင္ခ်တဲ့ ျပစ္ဒဏ္ေပးတာနည္းတယ္။ ဘယ္လိုမွ အက်င့္စာရိတၱျပဳျပင္မရမွသာ ႀကီးမားတဲ့ အျပစ္ေပးတာ ကိုဗစ္နဲ႔ပတ္သက္ၿပီး အဓိက သက္ဆိုင္တဲ့အမႈေတြကေတာ့ သဘာဝေဘးအႏၲရယ္စီမံခန႔္ခြဲမႈဥပေဒ၊ ကူးဆက္ေရာဂါဥပေဒ၊ တည္ဆဲရာဇသတ္ႀကီးဥပေဒျဖစ္ၿပီးေတာ့ အခင္းျဖစ္တဲ့အေၾကာင္းအရာကို အေျခခံၿပီးေတာ့ တရားစြဲ အဖြဲ႕အစည္းေတြက သဘာဝေဘး ဥပေဒနဲ႔လည္း တရားစြဲတယ္၊ ကူးစက္နဲ႔လည္း တရားစြဲတယ္ ” လို႕ ေျပာပါတယ္။

တရားစြဲခံရတဲ့ ကေလးရဲ႕ ဖခင္ ဦးခင္ေမာင္လြင္က ကိုယ္ေတြက မဟုတ္တာလုပ္တာ မဟုတ္ဘူးေလ ဘုရားဝတ္ျပဳတာ ဒါေပမယ့္ တားျမစ္ထားတာကို မလိုက္နာတဲ့အေပၚမွာ ဒီလိုဖမ္းခံရတာ ” လို႔ ေျပာပါတယ္။

ဒီျဖစ္စဥ္မွာပါဝင္တဲ႕ အသက္အရြယ္ျပည့္ၿပီးသားသူ ၁၂ေယာက္ကို ခ်မ္းျမသာစည္ ၿမိဳ႕နယ္တရား႐ုံးကေန ေထာင္သုံးလစီ ခ်မွတ္ျပီးသားျဖစ္ေပမယ့္ အဲ့အဖြဲ႕ထဲမွာပါတဲ့ ကေလးႏွစ္ေယာက္က အသက္အရြယ္မျပည့္ေသးတဲ႕ ကေလးသူငယ္ျဖစ္တာမို႕ ကေလးသူငယ္တရား႐ုံးမွာ တရားစြဲခဲ့ေပမယ့္ ဒီေန႔ ေမလ ၁၉ ရက္ေန႔မွာ ခုလိုအဲဒီကေလးသူငယ္ႏွစ္ဦးကို ခံဝန္နဲ႔ မိဘေတြစီ ျပန္အပ္လိုက္တာပါ။

#voiceofmyanmar #VOM #ကေလးသူငယ္တရားရံုး

Related posts

Leave a Comment

VOM News

FREE
VIEW