COVID-19 ကပ်ရောဂါကာလမှာ (YGW)အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးကျောင်း အခက်အခဲဖြစ် မန္တလေး ၊ မေ – ၂၂ – ၂၀၂၀ ရှိုင်းအောင် (VOM) မန္တလေးမြို့၊ စက်မှုဇုန်က မိဘမဲ့ကလေး ၂၅၀ ကျော်ရှိတဲ့ (YGW) အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းမှာ အလှူအတန်းတွေနည်းသွားတာကြောင့် မွေးကင်းစကလေးတွေနဲ့ ၃ နှစ်အရွယ်ကလေးတွေအတွက် နို့မှုန့်နဲ့ Diber(အတွင်းခံ)တွေ လိုအပ်နေပါတယ်။ ဒီအကြောင်းတွေအပါအဝင် YGW မိဘမဲ့ကျောင်းရဲ့ ပုံရိပ်တွေကို ကိုရှိုင်းအောင် က သွားရောက်ရိုက်ကူးတင်ဆက်ပေးပါတယ်။ #voiceofmyanmar #VOM #YGW Zawgyi COVID-19 ကပ်ရောဂါကာလမှာ (YGW)အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးကျောင်း အခက်အခဲဖြစ် မန္တလေး ၊ မေ – ၂၂ – ၂၀၂၀ ရှိုင်းအောင်…
Read MoreDay: May 22, 2020
တိုက်ပွဲနဲ့ မပတ်သက်တဲ့ ဒဏ်ရာရ အရပ်သားတွေကို ICRCနဲ့ အရပ်ဖက်အဖွဲ့တွေက အတားအဆီးမရှိ ကူညီစောင့်ရှောက်ခွင့်ပေးရေးအဆို ရခိုင်လွှတ်တော်အတည်ပြု
တိုက်ပွဲနဲ့ မပတ်သက်တဲ့ ဒဏ်ရာရ အရပ်သားတွေကို ICRCနဲ့ အရပ်ဖက်အဖွဲ့တွေက အတားအဆီးမရှိ ကူညီစောင့်ရှောက်ခွင့်ပေးရေးအဆို ရခိုင်လွှတ်တော်အတည်ပြု စစ်တွေ၊ မေ ၂၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိုက်ပွဲနဲ့ ပါဝင်ပတ်သက်မှုမရှိတဲ့ ဒဏ်ရာရအရပ်သားပြည်သူတွေအတွက် အပြည်ပြည်ဆိုင်ရာ ကဿ်ခြေနီကော်မတီ (ICRC) နဲ့ လူမှုကူညီရေးအသင်းအဖွဲ့(အရပ်ဖက်အဖွဲ့အစည်း)က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အတားအဆီးမရှိ လွှတ်လပ်စွာ သွားလာလုပ်ဆောင်ခွင့်ပြုပါရန် ရခိုင်ပြည်နယ်စိုးရအား တိုက်တွန်းတွန်းတဲ့အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြရာ အဲဒီအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒီကနေ့ မေလ ၂၂ ရက်နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့ အဆိုဟာ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းတာဖြစ်ပြီး ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးမောင်လှကျော်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးမောင်သန်းတင်နဲ့ မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်တို့က ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့…
Read MoreCOVID 19 ဓါတ်ခွဲခန်းအတွက် မန္တလေးအပြင်တခြားမြို့က ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ရောက်မယ်
COVID 19 ဓါတ်ခွဲခန်းအတွက် မန္တလေးအပြင်တခြားမြို့က ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ရောက်မယ် မန္တလေး မေ ၂၂ -၂၀၂၀ ဖြူဖြူ (VOM) COVID 19 အတည်ပြုစစ်ဆေးပေးနိုင်မယ့် ဓါတ်ခွဲခန်းအတွက် မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့က ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ဒီညနေမှာ ရောက်ရှိမယ်လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။ အထက်မြန်မာပြည်အတွက် COVID 19 ရောဂါ အတည်ပြုစစ်ဆေးပေးနိုင်မယ့် ဓါတ်ခွဲခန်းကို မန္တလေးမြို့ ၃၅ လမ်း၊ ၆၆-၆၄ လမ်းကြားရှိ FDA ရုံးဟောင်းမှာ စီစဉ်ဆောင်ရွက်ထားပြီး ဓါတ်ခွဲခန်းအတွက် ဓါတ်ခွဲဝန်ထမ်းတွေကို သင်တန်းပေးဖို့နဲ့ စက်ပစ္စည်းတချို့လှူဒါန်းဖို့ ယူနန်ဆေးပညာအဖွဲ့ရောက်ရှိလာမှာ ဖြစ်ပါတယ်။ “ကျန်းမာရေးဝန်ကြီးဌာနကနေ နောင်တစ်ချိန်မှာ တောင်ကြီးနဲ့ မော်လမြိုင်မှာ ဒီလုပ်ငန်းချဲ့ဖို့ စီစဉ်နေတဲ့အတွက် အဲဒီက…
Read Moreစစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေ ထိုင်ကြတဲ့ သီလရှင်ဆရာလေးတွေ ဖိတ်ဆန်မကြွရတဲ့အတွက် အခက်အခဲဖြစ်
စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေ ထိုင်ကြတဲ့ သီလရှင်ဆရာလေးတွေ ဖိတ်ဆန်မကြွရတဲ့အတွက် အခက်အခဲဖြစ် စစ်ကိုင်း မေ- ၂၀ -၂၀၂၀ ရှိုင်းအောင် (VOM) COVID-19 ကပ်ရောဂါကာလအတွင်းမှာ စစ်ကိုင်းတောင်ရိုးမှာ ဆွမ်းဆန်အလှူခံ မကြွရတဲ့အတွက် သီလရှင်တွေ ဆွမ်းဆန်နဲ့၊ လိုအပ်တဲ့ ဆေးဝါး၊ လျှပ်စစ်မီး မီတာခ၊ ပေးဆောင်နေရတဲ့အပေါ်မှာ အခက်အခဲတွေ ဖြစ်နေတာဖြစ်ပါတယ်။ စစ်ကိုင်းတောင်ရိုးမှာ သီလရှင်ချောင် ၄၈၅ ချောင်၊ သီလရှင် ၈၅၁၇ ပါး၊ သီတင်းသုံးနေထိုင် ကြတာပဲဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်မှာ ရှိတဲ့ မိဂဒါဝုန်ချောင် ကို ကိုရှိုင်းအောင်က သွားရောက်ရိုက်ကူး တင်ဆက်ပေးတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #စစ်ကိုင်းချောင် Unicode စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေ ထိုင်ကြတဲ့ သီလရှင်ဆရာလေးတွေ ဖိတ်ဆန်မကြွရတဲ့အတွက် အခက်အခဲဖြစ် စစ်ကိုင်း မေ- ၂၀ -၂၀၂၀ ရှိုင်းအောင် (VOM)…
Read More