ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၂ )သန်းကျော်ရှိလာ

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၂ )သန်းကျော်ရှိလာ

ဝါရှင်တန်၊ ဇူလိုင်-၉-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခုနှစ်လအတွင်း လူသန်းတစ်ဝက်ကျော်သေဆုံးပြီး ဇူလိုင် ၈ ရက်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူူ ၁၂ သန်းကျော်ထိရှိလာပါတယ်။

ဗိုင်းရပ်စ်ဟာ လေထဲကတစ်ဆင့် ကူးစက်နိုင်တဲ့ သက်သေအထောက်အထားတွေ တွေ့ရှိရပြီး ကူးစက်ခံရတဲ့ အရေအတွက်ဟာ နှစ်စဉ်နှစ်တိုင်းဖြစ်ပွားလေ့ရှိတဲ့ ပြင်းထန်တုပ်ကွေးရောဂါဖြစ်ပွားမှုထက် သုံးဆပိုမိုများပြားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု တစ်ကျော့ပြန်ခေါင်းထောင်လာတာကြောင့် တရုတ်နဲ့ သြစတြေးလျနိုင်ငံတို့မှာ နောက်တစ်ကြိမ်လော့ခ်ဒေါင်းချတာတွေလုပ်နေစဉ်မှာ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ နိုင်ငံအများအပြားဟာ လော့ခ်ဒေါင်းချထားတာတွေကို တစ်ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေကြပါတယ်။

လုပ်ငန်းခွင်နဲ့ လူမှုဘဝပုံစံ အပြောင်းအလဲတွေကတော့ ဗိုင်းရပ်စ်ကာကွယ်ဆေးမရရှိသေးသ၍ ကြာရှည်နေဦးမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဇန်နဝါရီအစောပိုင်းက ဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံးအတည်ပြုပြီးနောက် ၁၄၉ ရက်အတွင်း လူခြောက်သန်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမယ့် နောက်ထပ် ၃၉ ရက်အတွင်း ကူးစက်မှုနှစ်ဆတိုးကာ လက်ရှိအချိန်ထိ ၁၂ သန်းထိရှိလာပါတယ်။

ဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ လူပေါင်း (၅၄၆၀၀၀)ဦးသေဆုံးသွားပြီး ဒီအရေအတွက်ဟာ ကမ္ဘာ့တစ်ဝန်းမှာ တုပ်ကွေးရောဂါကြောင့် နှစ်စဉ်သေဆုံးမှုအရေအတွက်နဲ့ တူညီနေပါတယ်။

Ref & Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

ကမၻာတစ္၀န္းမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ (၁၂ )သန္းေက်ာ္ရိွလာ

၀ါရွင္တန္၊ ဇူလိုင္-၉-၂၀၂၀
မ်ိဳးဆက္ (VOM)

ကမၻာတစ္၀န္းမွာ ကိုရိုနာဗုိင္းရပ္စ္ေၾကာင္႔ ခုနွစ္လအတြင္း လူသန္းတစ္၀က္ေက်ာ္ေသဆံုးျပီး ဇူလိုင္ ၈ ရက္အထိ ဗိုင္းရပ္စ္ကူးစက္ခံရသူူ ၁၂ သန္းေက်ာ္ထိရိွလာပါတယ္။

ဗိုင္းရပ္စ္ဟာ ေလထဲကတစ္ဆင္႔ ကူးစက္နိုင္တဲ႔ သက္ေသအေထာက္အထားေတြ ေတြ႔ရိွရျပီး ကူးစက္ခံရတဲ႔ အေရအတြက္ဟာ နွစ္စဥ္နွစ္တိုင္းျဖစ္ပြားေလ႔ရိွတဲ႔ ျပင္းထန္တုပ္ေကြးေရာဂါျဖစ္ပြားမႈထက္ သံုးဆပိုမိုမ်ားျပားေနတယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔က ေျပာပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈ တစ္ေက်ာ႔ျပန္ေခါင္းေထာင္လာတာေၾကာင္႔ တရုတ္နဲ႔ ၾသစေၾတးလ်နုိင္ငံတို႔မွာ ေနာက္တစ္ၾကိမ္ေလာ႔ခ္ေဒါင္းခ်တာေတြလုပ္ေနစဥ္မွာ ဗိုင္းရပ္စ္ကူးစက္မႈဒဏ္ကို အလူးအလဲခံခဲ႔ရတဲ႔ နိုင္ငံအမ်ားအျပားဟာ ေလာ႔ခ္ေဒါင္းခ်ထားတာေတြကို တစ္ျဖည္းျဖည္းခ်င္း ေျဖေလွ်ာ႔ေပးေနၾကပါတယ္။

လုပ္ငန္းခြင္နဲ႔ လူမႈဘ၀ပံုစံ အေျပာင္းအလဲေတြကေတာ႔ ဗိုင္းရပ္စ္ကာကြယ္ေဆးမရရိွေသးသ၍ ၾကာရွည္ေနဦးမွာျဖစ္တယ္လို႔ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။

တရုတ္နုိင္ငံမွာ ဇန္န၀ါရီအေစာပိုင္းက ဗိုင္းရပ္စ္ကူးစက္မႈကို ပထမဆံုးအတည္ျပဳျပီးေနာက္ ၁၄၉ ရက္အတြင္း လူေျခာက္သန္း ဗိုင္းရပ္စ္ကူးစက္ခံခဲ႔ရေပမယ္႔ ေနာက္ထပ္ ၃၉ ရက္အတြင္း ကူးစက္မႈနွစ္ဆတိုးကာ လက္ရိွအခ်ိန္ထိ ၁၂ သန္းထိရိွလာပါတယ္။

ဗိုင္းရပ္စ္ေၾကာင္႔ လက္ရိွအခ်ိန္ထိ လူေပါင္း (၅၄၆၀၀၀)ဦးေသဆံုးသြားျပီး ဒီအေရအတြက္ဟာ ကမၻာ႔တစ္၀န္းမွာ တုပ္ေကြးေရာဂါေၾကာင္႔ နွစ္စဥ္ေသဆံုးမႈအေရအတြက္နဲ႔ တူညီေနပါတယ္။

Ref & Photo: Reuters
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW